Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သို့ရာတွင် ဘုရားသခင်​ချထားတော်မူသည့် ခိုင်မာသော​အုတ်မြစ်​သည် ခိုင်ခံ့​မြဲမြံပြီး ဤ​အုတ်မြစ်​ပေါ်တွင် “ဘုရားသခင်​သည် မိမိ​လူတို့​ကို သိတော်မူ၏” ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း ဝန်ခံသောသူတို့​သည် မကောင်းမှု​ကို စွန့်ရမည်” ဟူ၍​လည်းကောင်း တံဆိပ်ခတ်​ရေးထိုးထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ချ​ထား​တော်​မူ သည့်​အုတ်​မြစ်​သည်​ခိုင်​ခံ့​လျက်​ရှိ​ပေ​သည်။ ထို​အုတ်​မြစ်​ပေါ်​တွင်``ထာ​ဝ​ရဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​သိ​တော်​မူ​၏'' ဟူ​၍ လည်း​ကောင်း၊``သ​ခင်​ဘု​ရား​၏​နာမ​တော်​ကို ခံ​ရ​သူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရ​ကြ​မည်'' ဟူ​၍​လည်း​ကောင်း ကမ္ပည်း​ရေး​ထိုး​၍​ထား​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဘု ရား သ ခင့် ခိုင် ခံ့ သော တိုက် မြစ် မူ ကား အ ရှင် ဘု ရား သည် ပိုင် ရာ တော် ဖြစ် သူ တို့ ကို သိ တော် မူ သည် ဟူ၍ လည်း ကောင်း၊ အ ရှင် ဘု ရား၏ နာ မ တော် ကို ဝန် ခံ သူ တိုင်း မ တ ရား မှ ထွက် ခွာ စေ ဟူ၍ လည်း ကောင်း၊ တံ ဆိပ် က မ္ပည်း တင် လျက် တည် မြဲ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သို့ရာတွင် ဘုရားသခင်​၏​ခိုင်ခံ့​သော​အုတ်မြစ်​သည် တည်မြဲ​လျက်​ရှိ​၍ ထို​အုတ်မြစ်​ပေါ်၌ “ထာဝရ​ဘုရား​သည် မိမိ​လူ​တို့​ကို သိ​တော်မူ​၏”​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​သော​သူ​တိုင်း မတရားမှု​မှ​ဖယ်ခွာ​ကြ​လော့”​ဟူ၍​လည်းကောင်း တံဆိပ်​ခတ်နှိပ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:19
69 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


ထို့ကြောင့် သင်တို့​သွား​၍ လူမျိုး​အပေါင်းတို့​ကို ငါ့​တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​တို့​၏​အမည်​နာမ​၌ သူတို့​ကို နှစ်ခြင်းမင်္ဂလာ​ပေးကြလော့။


ထိုအခါ ငါ​သည် သူတို့​အား ‘အို မတရားမှု​ပြုသောသူတို့… သင်တို့​ကို မည်သည့်အခါ​ကမျှ ငါ​မသိခဲ့။ ငါ့​ထံမှ ထွက်သွားကြ’ ဟု ပြောမည်။


မိုးရွာ​၍ ရေတက်လာ​ကာ လေထန်​သဖြင့် ထို​အိမ်​ကို တိုက်ခတ်​သော်လည်း ကျောက်​ပေါ်တွင် တည်ဆောက်သော​အိမ်​ဖြစ်​သောကြောင့် မပြိုလဲနိုင်။


ဒင်္ဂါးပြား​တစ်ပြား​ကို ယူ​၍ ပေးကြ​သောအခါ ယေရှု​က “ဤ​ဒင်္ဂါးပြား​ပေါ်၌ မည်သူ့​ပုံ​နှင့် မည်သူ့​အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။ ထို​သူတို့​ကလည်း “ဆီဇာဘုရင်​၏ ပုံ​နှင့်​အမည် ပါရှိသည်” ဟု လျှောက်ကြ၏။


ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက်​အတုအယောင်များ ပေါ်လာ​လိမ့်မည်။ ထို​သူတို့​သည် ဖြစ်နိုင်​ပါက ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြုကြ​လိမ့်မည်။


ထိုအခါ သခင်​က ‘သင်တို့ အဘယ်​က​လာသည်​ကို ငါ​မသိ။ အို ဆိုးသွမ်းသော​သူ​အပေါင်းတို့… ငါ့​ထံမှ ထွက်သွားကြ’ ဟု ပြန်ပြော​လိမ့်မည်။


ထို​သူ​သည် နက်​စွာ​တူး​ကာ ခိုင်မာသော​အုတ်မြစ်​ကို ကျောက်ပေါ်​၌​ချ​၍ အိမ်​ဆောက်သော​သူ​နှင့် တူ၏။ ထို​အိမ်​ကို ခိုင်ခံ့​စွာ တည်ဆောက်ထား​သဖြင့် ရေကြီး​သောအခါ မြစ်ရေ​သည် အိမ်​ကို​ရိုက်ခတ်လာ​သော်လည်း မလှုပ်စေနိုင်ပါ။


ငါ​သည် သိုးထိန်းကောင်း​ဖြစ်၏။ ခမည်းတော်​သည် ငါ့​ကို သိတော်မူ​၍ ငါ​သည်လည်း ခမည်းတော်​ကို သိ၏။ ထိုကဲ့သို့ပင် ငါ့​သိုးတို့​ကို ငါ​သိ​၍ ငါ့​သိုးတို့​သည်လည်း ငါ့​ကို သိကြ၏။ ငါ​သည် ထို​သိုးတို့​အတွက် အသက်​ကို စွန့်၏။


သင်တို့​အားလုံး​ကို ရည်ညွှန်း​၍ ငါ​ပြောသည်​မဟုတ်။ ငါ​ရွေးချယ်ထားသော​သူတို့​ကို ငါ​သိ၏။ သို့ရာတွင် ‘ငါ​နှင့်အတူ လက်ဆုံ​စားသောသူ​သည် ငါ့​ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာ​တွင် ဖော်ပြထားသည့်​အတိုင်း ဖြစ်လာ​ရမည်။


ထို​အရှင်​၏ သက်သေ​ကို လက်ခံသော​သူ​ကမူ ဘုရားသခင်​သည် ဖြောင့်မှန်တော်မူသည်​ဟု သတ်မှတ်၏။


ရှောလု​ကို တွေ့​သောအခါ အန္တိအုတ်မြို့​သို့ ခေါ်ဆောင်လာ၏။ ထို​မြို့​၌ တစ်နှစ်ပတ်လုံး အသင်းတော်​နှင့်​တွေ့ဆုံစည်းဝေး​၍ လူ​များစွာ​ကို သွန်သင်ပေးလေ၏။ တပည့်တော်များ​သည် ခရစ်ယာန်​ဟု အန္တိအုတ်မြို့​တွင် ပထမဦးဆုံး​ခေါ်ဝေါ်ခြင်း ခံကြရ၏။


ထိုသို့​အားဖြင့် ကြွင်းကျန်သော​သူများ​နှင့် ငါ​၏​အမည်​နာမ​အားဖြင့် ခေါ်ခြင်း​ခံရသော လူမျိုးခြား​အပေါင်းတို့​သည် ထာဝရဘုရား​ကို ရှာကြ​လိမ့်မည်။


ဤ​ဒေသ​တွင်လည်း သူ​သည် သခင်ဘုရား​၏​အမည်​နာမတော်​ကို အမှီပြု​ဆုတောင်းသော​သူ​ရှိသမျှတို့​ကို ဖမ်းဆီးချုပ်နှောင်​ရန် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​ထံမှ အခွင့်အာဏာ​ရရှိထားပါ၏” ဟု လျှောက်လေ၏။


ဘုရားသခင်​သည် ကနဦး​ကတည်းက​ပင် ရွေးကောက်ထားတော်မူသော မိမိ​လူမျိုးတော်​ကို စွန့်ပယ်တော်မမူခဲ့ပေ။ ပရောဖက်​ဧလိယ​သည် အစ္စရေးလူမျိုးတို့​ကို ဘုရားသခင်​ထံ တိုင်တန်းခဲ့၏။ ထို​အကြောင်း​နှင့်​ပတ်သက်၍ ကျမ်းစာ​၌ မည်သို့​ဖော်ပြထားသည်​ကို သင်တို့​မသိကြသလော။


သူတစ်ပါး​ကို ချစ်ခင်​ဟန် မဆောင်နှင့်။ စစ်မှန်​စွာ ချစ်လော့။ မကောင်းမှု​ကို မုန်းတီး​၍ ကောင်းမှု​ကို စွဲလမ်းကြလော့။


ကျွန်ုပ်​၏ ပြင်းပြသော​ဆန္ဒ​မှာ အခြားတစ်ဦး​တည်ထောင်ထားသော အသင်းတော်​ရှိရာ ဒေသ​ထက် ခရစ်တော်​၏​အမည်​နာမ​ကို မကြားဖူးသေးသော ဒေသ​၌ သတင်းကောင်း​ကို ဟောပြော​ရန်​ဖြစ်၏။


ထို့ပြင် လူမျိုးခြားတို့​သည်လည်း မိမိတို့​အား ကရုဏာ​ထားတော်မူသော ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်း​နိုင်ရန် ဖြစ်၏။ ဤ​အရာ​သည် ကျမ်းစာ​၌ “ထို့ကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​ကို လူမျိုးခြားများ​အလယ်​၌ ချီးမွမ်း​၍ အမည်​နာမတော်​ကိုလည်း သီဆို​ချီးမွမ်းပါမည်” ဟု ရေးသားထားသည့်​အတိုင်း ဖြစ်၏။


ဘုရားသခင်​ကို ချစ်​၍ အကြံအစည်တော်​နှင့်အညီ ရွေးကောက်ခြင်း​ခံရသော​သူတို့ တွေ့ကြုံ​ခံစားရသော အမှုခပ်သိမ်းတို့​မှ ကောင်းကျိုး​ထွက်ပေါ်​စေရန် ဘုရားသခင်​သည် သူတို့​နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


သို့သော် ထို​သား​နှစ်ဦး မမွေး​မီ​နှင့် ထို​သား​နှစ်ဦး အဆိုး​အကောင်း​တို့​ကို မပြု​မီ​ကပင် ဘုရားသခင်​သည် ရေဗက္က​အား “သင်​၏ သားကြီး​သည် သားငယ်​ထံ၌ အစေခံ​လိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤ​စကားတော်​ကို ထောက်​၍ ဘုရားသခင်​သည် မိမိ​အကြံအစည်တော်​အတိုင်း လူများ​ကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့​သိရ၏။ ထိုသို့ ရွေးချယ်ရာ​တွင် ဘုရားသခင်​သည် လူတို့​၏ အကျင့်သီလ​အဆိုး​အကောင်း​အပေါ် မူတည်​၍ ရွေးချယ်တော်မမူပေ။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


သို့သော် ဘုရားသခင်​ကို ချစ်သောသူ​သည် ဘုရားသခင်​၏ အသိအမှတ်ပြုတော်မူခြင်း​ကို ခံရသောသူ​ဖြစ်၏။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​၌ ဘုရားသခင်​ပေးတော်မူသော အထက်ပါ​ကတိတော်များ​ရှိ​သောကြောင့် ကိုယ်ခန္ဓာ​နှင့် စိတ်ဝိညာဉ်​ကို ညစ်ညမ်းစေသော​အရာတို့​မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ​၍ ဘုရားသခင်​ကို ရိုသေသော​အားဖြင့် လုံးဝ​သန့်ရှင်းစေကြစို့။


ယခု​မှာမူ သင်တို့​သည် ဘုရားသခင်​ကို သိကြပြီ။ ထိုသို့​မဟုတ်ဘဲ ဘုရားသခင်​သည် သင်တို့​ကို သိတော်မူပြီ​ဟု ကျွန်ုပ်​ပြောဆို​သင့်၏။ သို့ဖြစ်လျှင် အားနည်း​၍ ချမ်းသာ​မပေးနိုင်သော လောကီ​အခြေခံ​မူ​ဘက်သို့ အဘယ်ကြောင့် ပြန်လှည့်​လိုကြသနည်း။ အဘယ်ကြောင့် ထို​လောကီ​အခြေခံ​မူ​ထံ ပြန်​၍ ကျွန်ခံ​လိုကြသနည်း။


သင်တို့​သည် တမန်တော်များ​နှင့် ပရောဖက်များ​၏ အုတ်မြစ်​ပေါ်တွင် တည်ဆောက်သော အဆောက်အအုံ​ကဲ့သို့ ဖြစ်ကြပြီး ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။


ရွေးနုတ်ခံရမည့်​နေ့​အတွက် သင်တို့​ကို တံဆိပ်​ခတ်နှိပ်တော်မူ​သော ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်တော်​ကို ဝမ်းမနည်းစေကြနှင့်။


သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။


ဤ​နည်း​ဖြင့် သူတို့​သည် အနာဂတ်​အတွက် ခိုင်မာသော​အခြေခံ​အုတ်မြစ်​အဖြစ် မိမိတို့​၏ ဘဏ္ဍာ​ကို စုဆောင်း​၍ စစ်မှန်သော​အသက်​ကို ရရှိကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ဘုရားသခင် စီမံ​ဆောက်လုပ်တော်မူသည့် ခိုင်ခံ့သော​အုတ်မြစ်များ​ရှိသည့်​မြို့​ကို မျှော်လင့်နေခဲ့​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် ချစ်ရသော​သူတို့… သင်တို့​သည် ဤ​အရာများ​ကို မျှော်လင့်နေသည်​ဖြစ်​၍ ကိုယ်တော်​၏ ရှေ့တော်​၌ အစွန်းအထင်း၊ အပြစ်အနာအဆာ​ကင်း​လျက် ငြိမ်းချမ်း​စွာ ရှိ​နိုင်ရန် ကြိုးစား​အားထုတ်ကြလော့။


ထို​သူတို့​သည် ကျွန်ုပ်တို့​ထံမှ ထွက်သွား​သော်လည်း ကျွန်ုပ်တို့​နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့​နှင့်​သက်ဆိုင်​လျှင် ကျွန်ုပ်တို့​နှင့်အတူ နေရစ်​လိမ့်မည်။ သို့သော် ထိုသို့​ထွက်သွားခြင်း​ဖြင့် သူတို့​အားလုံး​သည် ကျွန်ုပ်တို့​နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှား​လျက်​ရှိ၏။


သင်​မြင်ရသော​သားရဲ​သည် ယခင်က အသက်ရှင်​သော်လည်း ယခု​မရှင်တော့ပေ။ သို့သော် မကြာမီ သူ​သည် တွင်းနက်ကြီး​ထဲမှ တက်လာပြီး ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။ ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​တွင် ကမ္ဘာဦး​အစ​ကပင် အသက်​စာစောင်​၌ စာရင်း​မဝင်သူများ​က ထို​သားရဲ​ကို မြင်ရ​သောအခါ အလွန်​အံ့ဩကြ​လိမ့်မည်။ အကြောင်းမှာ ယခင်​အသက်ရှင်ခဲ့သည့် ထို​သားရဲ​သည် ယခု​မရှင်တော့​သော်လည်း မကြာမီ​ပြန်ပေါ်လာ​ဦးမည့်​အတွက်ကြောင့် ဖြစ်၏။


သင်​သည် စာတန်​အုပ်စိုးသည့်​နေရာ​၌ နေကြောင်း​ကို ငါ​သိ၏။ သို့သော် သင်​သည် ငါ​၏​နာမ​ကို စွဲကိုင်​နေလျက်​ရှိသေး၏။ ငါ​၏​သစ္စာရှိသော​သက်သေခံ အန္တိပ​သည် ဤ​စာတန်​အုပ်စိုး​သည့်​နေရာ​၌ အသတ်ခံရ​ချိန်​၌ပင် သင်​သည် ငါ့​အပေါ် ထားရှိသော သင်​၏​ယုံကြည်ခြင်း​ကို မစွန့်ပယ်ခဲ့ပေ။


မြို့ရိုး​သည် အုတ်မြစ်​ဆယ့်နှစ်ခု​ရှိ​၍ ၎င်းတို့​အသီးသီး​ပေါ်​တွင် သိုးသငယ်​၏ တမန်တော်​ဆယ့်နှစ်ပါးတို့​၏ အမည်​အသီးသီး​ကို ရေးထား၏။


သူတို့​သည် ကိုယ်တော်​၏ မျက်နှာတော်​ကို ဖူးမြင်​ရ​လိမ့်မည်။ သူတို့​၏ နဖူး​ပေါ်တွင် ကိုယ်တော်​၏ နာမတော်​ကို ရေးထား​လျက်​ရှိ​လိမ့်မည်။


သင်​၏​လုပ်ဆောင်မှု​ကို ငါ​သိ၏။ သင်​သည် အားနည်း​သော်လည်း ငါ​၏​သွန်သင်ချက်​ကို လိုက်နာ​၍ ငါ​၏​တပည့်တော်​ဖြစ်ကြောင်း​ကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်​ရှေ့​မှာ တံခါး​ကို ငါ​ဖွင့်ထားပြီ။ ထို​တံခါး​ကို မည်သူ​မျှ​မပိတ်နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ