Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:30 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30-31 သို့ ရာ တွင် ကိုယ် ကို ဂုဏ် တင် လို သူ ကား ထာ ဝ ရ ဘု ရား ကြောင့် ဂုဏ် တင် စေ ဟု ကျမ်း ချက် အ ရ ဖြစ် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း၊ သန့် ရှင်း ခြင်း၊ ရွေး နုတ် ခြင်း များ တည်း ဟူ သော ပ ညာ တော် အ ဖြစ် ငါ တို့ အ ဖို့ ဘု ရား သ ခင် ထား တော် မူ သော ခ ရစ် တော် ယေ ရှု၌ တည် နေ ခွင့် ကို သင် တို့ သည် ဘု ရား သ ခင် ကြောင့် ရ ရှိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:30
76 ပူးပေါင်းရင်းမြစ်များ  

သူ​သည် သားယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​သည် မိမိ​လူမျိုးတို့​ကို သူတို့​၏ အပြစ်များ​မှ ကယ်တင်မည့်​သူ ဖြစ်​သောကြောင့် သူ့​ကို ယေရှု​ဟူ၍ မှည့်ခေါ်​ရမည်” ဟု ဆိုလေ၏။


သို့ဖြစ်၍ ဉာဏ်ပညာတော်​နှင့် ပြည့်စုံသော​ဘုရားသခင် ဟောတော်မူသည်​မှာ ‘ငါ​သည် ပရောဖက်များ​နှင့် တမန်တော်များ​ကို သူတို့​ထံသို့ စေလွှတ်မည်။ သို့သော် သူတို့​သည် တချို့​ကို သတ်​၍ တချို့​ကို ညှဉ်းဆဲကြ​လိမ့်မည်’ ဟူ၍ ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ရန်သူ​အပေါင်းတို့​က သင်တို့​ကို ဆန့်ကျင်​ငြင်းဆို​၍ မရ​နိုင်အောင် ပြောဆိုရမည့်​စကား​နှင့် ဉာဏ်ပညာ​ကို သင်တို့​အား ငါ​ပေးမည်​ဖြစ်သောကြောင့်​ပင်။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်​၏ ရင်ခွင်တော်​၌ ရှိသည့် တစ်ပါးတည်းသော​သားတော်​သည် ဘုရားသခင်​ကို ကျွန်ုပ်တို့​သိမြင်​နိုင်ရန် ဖော်ပြတော်မူပြီ။


ယေရှု​က “ငါ​သည် လမ်းခရီး​ဖြစ်၏။ သမ္မာတရား​လည်း ဖြစ်၏။ အသက်​လည်း ဖြစ်၏။ ငါ့​ကို အမှီ​မပြု​လျှင် မည်သူ​မျှ ခမည်းတော်​ထံသို့ မရောက်ရ။


ကိုယ်တော်​အကြောင်း​ကို သူတို့​ထံ၌ အကျွန်ုပ်​ဖော်ပြခဲ့ပါပြီ။ ဆက်လက်​၍လည်း ဖော်ပြ​ပါမည်။ သို့မှသာ အကျွန်ုပ်​အပေါ် ထားသော ကိုယ်တော်​၏​ချစ်ခြင်းမေတ္တာ​သည် သူတို့​၌ တည်​၍ အကျွန်ုပ်​သည်လည်း သူတို့​၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်​အား ကိုယ်တော်​ပေးတော်မူသော​တရားတော်​ကို အကျွန်ုပ်​သည် ထို​သူတို့​အား ပေး​၍ သူတို့​သည် ခံယူ​ရရှိကြပါပြီ။ အကျွန်ုပ်​သည် ကိုယ်တော်​ထံမှ လာကြောင်း​ကို သူတို့​သည် အမှန်​ပင်​သိကြပါ၏။ ကိုယ်တော်​သည် အကျွန်ုပ်​ကို စေလွှတ်တော်မူကြောင်း​ကိုလည်း သူတို့​ယုံကြည်ကြပါ၏။


တစ်ဖန် ယေရှု​က လူတို့​အား “ငါ​သည် လောက​၏ အလင်း​ဖြစ်၏။ ငါ့​နောက်သို့ လိုက်သော​သူ​သည် အသက်​၏​အလင်း​ကို ရရှိ​၍ အမှောင်ထု​ထဲ​တွင် သွားလာရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


သူတို့​အား​အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်မာရ်နတ်​၏​လက်အောက်​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲလာ​စေရန် သင်​သည် ထို​သူတို့​၏​မျက်စိများ​ကို ဖွင့်ပေး​ရမည်။ သို့မှသာ သူတို့​သည် အပြစ်များ​အတွက်​ခွင့်လွှတ်ခြင်း​ကို ခံစားရမည်။ ထို့ပြင် ငါ့​ကို​ယုံကြည်ကြ​သဖြင့် ဘုရားသခင်​သန့်ရှင်းစေတော်မူသော​လူစု​ထဲတွင် ပါဝင်ရ​လိမ့်မည်’ ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို မည်သို့​ဖြောင့်မတ်​စေတော်မူကြောင်း ထို​သတင်းကောင်း​က ဖော်ပြ၏။ ထိုသို့​ဖြောင့်မတ်​ရန် ယုံကြည်ခြင်း​နှင့် စတင်​၍ ယုံကြည်ခြင်း​နှင့် အဆုံးသတ်၏။ ဤ​အရာ​သည် ကျမ်းစာ​၌ “ဖြောင့်မတ်သောသူ​သည် ယုံကြည်ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


အရာခပ်သိမ်းတို့​သည် ဘုရားသခင်​ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့​သည် ဘုရားသခင်​၏ တန်ခိုးတော်​ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့​သည် ဘုန်းတော်​အတွက်​ဖြစ်ကြ၏။ ဘုရားသခင်​သည် ထာဝရ​ဘုန်းကြီးတော်မူပါစေ။ အာမင်။


ထိုကဲ့သို့​ပင် များပြားလှသော ကျွန်ုပ်တို့​သည်လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း ဖြစ်​၍ အချင်းချင်း ဆက်စပ်​လျက်​ရှိသော အင်္ဂါ​အစိတ်အပိုင်းများ ဖြစ်ကြ၏။


ကျွန်ုပ်​၏​အမျိုးသားချင်း​ဖြစ်သော ဟေရောဒျုန်​ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား​၏ တပည့်တော်များ​ဖြစ်သော နာကိသု​၏​အိမ်သူအိမ်သားတို့​ကို နှုတ်ဆက်ပေးကြလော့။


ကျွန်ုပ်​နှင့်အတူ အကျဉ်း​ချခံခဲ့ဖူးသည့် ကျွန်ုပ်​၏​အမျိုးသားချင်း​ဖြစ်သော အန္ဒြောနိတ်​နှင့် ယုနိ​ကို နှုတ်ဆက်ပေးကြလော့။ ထို​သူတို့​သည် တမန်တော်​ထဲ၌ အလွန်​ထင်ပေါ်သော​သူများ​ဖြစ်ကြ၏။ ကျွန်ုပ်​ထက်​စော​၍ ခရစ်တော်​ကို ယုံကြည်​လက်ခံလာသူများ​လည်း ဖြစ်ကြ၏။


ထို​အရှင်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​ကြောင့် အသေခံ​ရန် အပ်နှံခြင်း​ကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​စေရန်​လည်း ရှင်ပြန်​ထမြောက်တော်မူခဲ့၏။


အကျင့်သီလ​မရှိ​သော်လည်း ဖြောင့်မတ်သည်​ဟု ဘုရားသခင်​သတ်မှတ်တော်မူသော​သူတို့​၏ မင်္ဂလာ​ရှိခြင်း​နှင့်​ပတ်သက်၍ ဒါဝိဒ်မင်း​သည် ဤသို့​ဖော်ပြခဲ့၏။


လူတစ်ဦး​၏ မနာခံခြင်း​ကြောင့် လူများစွာတို့​သည် အပြစ်သားများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ​သကဲ့သို့ လူတစ်ဦး​၏ နာခံခြင်း​ကြောင့် လူများစွာတို့​သည် ဖြောင့်မတ်သူများ​အဖြစ် သတ်မှတ်ခြင်း​ခံကြရ၏။


ဤသို့ဖြင့် အပြစ်တရား​သည် သေခြင်းတရား​အားဖြင့် အုပ်စိုးခဲ့​သကဲ့သို့ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို ရရှိ​စေရန် ဘုရားသခင်​၏ ကျေးဇူးတော်​သည်လည်း ဖြောင့်မတ်ခြင်းတရား​အားဖြင့် အုပ်စိုးတော်မူ၏။


ထို့ကြောင့် ယခုအခါ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သူတို့​သည် အပြစ်စီရင်ခြင်း မခံရ။


ဖန်ဆင်းခံ​လောက​သာ ညည်းတွား​နေသည်​မဟုတ်။ ဘုရားသခင်​၏ အဦးဆုံး​ဆုကျေးဇူး​ဖြစ်သည့် ဝိညာဉ်တော်​ကို ရရှိသော ကျွန်ုပ်တို့​သည်လည်း ခန္ဓာ​ရွေးနုတ်ခြင်း​ဟူသော သားသမီး​ဖြစ်ခွင့်​ကို စောင့်မျှော်​၍ ညည်းတွား​နေကြ၏။


သို့သော် ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်​၏ ဝိညာဉ်တော်​ကို မရသောသူ​သည် ခရစ်တော်​နှင့် မသက်ဆိုင်။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


သို့သော် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ ဘုရားသခင်​၏ ရွေးကောက်တော်မူခြင်း​ကို ခံရသော​သူများ​အတွက်​မူ ခရစ်တော်​သည် ဘုရားသခင်​၏ တန်ခိုးတော်​နှင့် ဘုရားသခင်​၏ ဉာဏ်တော်​ဖြစ်၏။


သို့သော်လည်း ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီ​ကို အလိုတော်​ရှိသည့်​အတိုင်း ကိုယ်ခန္ဓာ​၌ အသီးသီး နေရာချ​တော်မူ၏။


သင်တို့​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်ကြပြီး သင်တို့​တစ်ဦးချင်း​သည် အင်္ဂါ​အစိတ်အပိုင်းများ​ဖြစ်ကြ၏။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။


သင်တို့​အား ခရစ်တော်​အကြောင်း​ကို သင်ပေးမည့်​ဆရာပေါင်း တစ်သောင်း ရှိ​လျှင်​ပင် ဝိညာဉ်ရေးရာ​ဖခင်​မှာ တစ်ဦးတည်း​ရှိ၏။ ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှု​ခရစ်တော်​၌ သင်တို့​၏​ဖခင်​ဖြစ်လာ၏။


သင်တို့​ထဲမှ တချို့​သည် ယခင်​က ထိုကဲ့သို့သော​သူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခု​တွင် သခင်​ယေရှု​ခရစ်တော်​နှင့် ကျွန်ုပ်တို့​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူ​အဖြစ် သတ်မှတ်​ခံရကြပြီ။


လွန်ခဲ့သော​ဆယ့်လေးနှစ်​က တတိယ​ကောင်းကင်ဘုံ​သို့ ချီဆောင်​ခံရသည့် ခရစ်တော်​၏ တပည့်​တစ်ယောက်​ကို ကျွန်ုပ်​သိ၏။ သူ​သည် ကိုယ်ခန္ဓာ​ပါလျက် ချီဆောင်​ခံရသလော၊ မပါဘဲ​ချီဆောင်​ခံရသလော ကျွန်ုပ်​မသိ။ ဘုရားသခင်​သာ သိတော်မူ၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။


ခရစ်တော်​သည် ကျွန်ုပ်တို့ အဖ​ဘုရားသခင်​၏ အလိုတော်​အတိုင်း ဤ​ဆိုးညစ်သော​ကာလ​ထဲမှ ကျွန်ုပ်တို့​ကို ကယ်နုတ်​ရန် ကျွန်ုပ်တို့​၏ အပြစ်များ​အတွက် အသက်​ပေးတော်မူ၏။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


ထို​အကြံအစည်တော်​သည် အချိန်ကျ​သောအခါ ကောင်းကင်​နှင့် မြေကြီး​၌ ရှိသမျှသော​အရာ​အားလုံး​ကို ခရစ်တော်​၏ အာဏာစက်​အောက်​၌ ပေါင်းစည်း​စေရန် ဖြစ်၏။


ထို​ဝိညာဉ်တော်​သည် ဘုရားသခင်​၏​လူများ ရွေးနုတ်တော်မူခြင်း​ခံရမည့်​ကာလ မရောက်မချင်း ကျွန်ုပ်တို့​၏ အမွေ​အတွက် အာမခံချက်​ပေး​လျက် စရန်​အဖြစ် ရှိတော်မူ၏။ ဤသည်​မှာ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ​ရန် ဖြစ်၏။


ဘုရားသခင်​၏ ကျေးဇူးတော် ကြွယ်ဝလှ​သဖြင့် ကျွန်ုပ်တို့​သည် သားတော်​နှင့် သားတော်​၏ အသွေးတော်​အားဖြင့် ရွေးနုတ်ခံကြရ၏။ ထို​ရွေးနုတ်ခြင်း​သည် အပြစ်​ခွင့်လွှတ်ခြင်း​ပင် ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​လျက် ကြိုတင်​ပြင်ဆင်ထားတော်မူသော ကောင်းမှုများ​ကို ပြုစေ​ရန် ဖန်ဆင်းတော်မူခဲ့၏။


ရွေးနုတ်ခံရမည့်​နေ့​အတွက် သင်တို့​ကို တံဆိပ်​ခတ်နှိပ်တော်မူ​သော ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်တော်​ကို ဝမ်းမနည်းစေကြနှင့်။


ထိုသို့ အသက်ပေးတော်မူခြင်း​သည် ရေ​နှင့် နှုတ်ကပတ်တော်​ဖြင့် အသင်းတော်​ကို ဆေးကြော​၍ သန့်ရှင်း​စင်ကြယ်​ပြီးမှ


ခရစ်တော်​နှင့် တပေါင်းတစည်းတည်း အသက်ရှင်​ရန် ဖြစ်၏။ ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ရရှိသော ကျွန်ုပ်​၏ ဖြောင့်မတ်ခြင်း​ကို အားမကိုးတော့ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း​ကိုသာ အားကိုး၏။ ထို​ဖြောင့်မတ်ခြင်း​သည် ဘုရားသခင်​သတ်မှတ်တော်မူသော​အရာ ဖြစ်ပြီး ယုံကြည်ခြင်း​ကို အခြေခံ​၍ ရရှိသော​ဖြောင့်မတ်ခြင်း ဖြစ်၏။


ကျွန်ုပ်တို့​သည်လည်း ထို​သားတော်​ပြုသော အမှု​ကြောင့် ရွေးနုတ်ခြင်း​ကို ခံစားရ​၍ အပြစ်​ခွင့်လွှတ်ခြင်း​ကို ခံရကြ၏။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ထို​အသန့်ရှင်းဆုံး​ဌာနတော်​သို့ ဝင်ရာ​တွင် ကိုယ်တော်​သည် ဆိတ်​နှင့် နွားသငယ်တို့​၏ အသွေး​ဖြင့် မဟုတ်ဘဲ မိမိ​ကိုယ်တိုင်​၏ အသွေးတော်​ဖြင့် တစ်ကြိမ်တည်း​နှင့် အပြီး​ပူဇော်​၍ ကျွန်ုပ်တို့​အား ထာဝရ​ရွေးနုတ်ခြင်း​အကျိုး​ကို ခံစားစေခဲ့၏။


သင်တို့​တွင် တစ်စုံတစ်ယောက်​သည် ဉာဏ်ပညာ​ကို လိုအပ်​လျှင် ဘုရားသခင်​ထံ တောင်းစေ။ ကဲ့ရဲ့​ပြစ်တင်တော်မမူဘဲ ရက်ရော​စွာ ပေးတော်မူသော ဘုရားသခင်​သည် ထို​သူ​အား ဉာဏ်ပညာ​ကို ပေးတော်မူ​လိမ့်မည်။


ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ယေရှု​ခရစ်တော်​သည် ရေ​နှင့် သွေး​အားဖြင့် ကြွလာတော်မူသော​အရှင်​ဖြစ်၏။ ရေ​အားဖြင့်​သာ ကြွလာသည်​မဟုတ်။ ရေ​နှင့် သွေး​အားဖြင့် ကြွလာ၏။ ဝိညာဉ်တော်​သည် သမ္မာတရား​ဖြစ်တော်မူ​သောကြောင့် ထိုသို့​ကြွလာကြောင်း​ကို သက်သေခံတော်မူ၏။


ဤ​လူတို့​သည် အမျိုးသမီးများ​နှင့် မေထုန်​အမှု မညစ်ညူးသည့် လူပျိုစင်များ​ဖြစ်​ပြီး သိုးသငယ်တော် သွားလေရာ​အရပ်​သို့ လိုက်ပါသူများ​ဖြစ်ကြ၏။ ထို​သူတို့​သည် ဘုရားသခင်​နှင့် သိုးသငယ်တော်​အတွက် အဦးဆုံးသော​အသီး​ကဲ့သို့ ပူဇော်​ခံရ​ရန် လူတို့​ထဲမှ ရွေးနုတ်​ကယ်တင်​ခံထားရသော​သူများလည်း ဖြစ်ကြ၏။


သူတို့​သည် သီချင်းသစ်​တစ်ပုဒ်​ကို သီဆိုကြ၏။ ထို​သီချင်း​မှာ “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ တံဆိပ်​ကို​ခွာ​၍ ဖွင့်​ရန် ထိုက်တန်သော​အရှင်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် အသေ​သတ်ခံရ​၍ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ၊ လူမျိုး​အသီးသီး​နှင့် တိုင်းနိုင်ငံ​အသီးသီးတို့​ကို ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဘုရားသခင်​အတွက် ရွေးနုတ်​ကယ်တင်​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ