Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သက်​ရွယ်​ပျို​သူ​တို့​၏​ရမ္မက်​ဆန္ဒ​များ​ကို​ရှောင် ကြဉ်​လော့။ သ​ခင်​ဘု​ရား​အား​သန့်​ရှင်း​စင်​ကြယ် သော​စိတ်​နှင့်​ပတ္ထ​နာ​ပြု​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း​တ​ရား၊ မေတ္တာ​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရှာ လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ပျို ရွယ် သူ တို့ တပ် မက် ခြင်း များ ကို ကြဉ် ရှောင် လျက် အ ရှင် ဘု ရား ထံ စင် ကြယ် သော စိတ် နှ လုံး ဖြင့် ပ ဌ နာ ပြု သူ တို့ နှင့် တ ကွ အ သင့် အ တင့် နေ ခြင်း မှ စ၍ ဖြောင့် မတ် ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း များ ကို လိုက် ရှာ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့ကြောင့် သင်​သည် လူငယ်​တို့​၏​တပ်မက်​ခြင်း​များ​ကို​ရှောင်​၍ စင်ကြယ်​သော​စိတ်နှလုံး​ဖြင့် သခင်​ဘုရား​ကို​ပတ္ထနာ​ပြု​သော​သူ​တို့​နှင့်အတူ ဖြောင့်မတ်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်သက်​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:22
28 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​သည် ကျောက်ခဲ​ဖြင့် ပေါက်နေကြ​စဉ် သတေဖန်​က “သခင်​ယေရှု… အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံတော်မူပါ” ဟု ဆုတောင်းလေ၏။


ဤ​ဒေသ​တွင်လည်း သူ​သည် သခင်ဘုရား​၏​အမည်​နာမတော်​ကို အမှီပြု​ဆုတောင်းသော​သူ​ရှိသမျှတို့​ကို ဖမ်းဆီးချုပ်နှောင်​ရန် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​ထံမှ အခွင့်အာဏာ​ရရှိထားပါ၏” ဟု လျှောက်လေ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း စည်းလုံးကြ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။ သဘောထား​မကွဲလွဲကြနှင့်။ တူညီသော​စိတ်၊ တူညီသော​ရည်ရွယ်ချက်တို့​ဖြင့် စည်းလုံးကြလော့။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


ထို့ကြောင့် ချစ်ရသော​သူတို့… ရုပ်တုကိုးကွယ်ခြင်း​ကို ရှောင်ကြဉ်ကြလော့။


ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။


တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ကြလော့။ လူ​ကျူးလွန်တတ်သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​၏ ပြင်ပ​တွင် ဖြစ်​သော်လည်း တဏှာ​လွန်ကြူးသော​အပြစ်​မှာမူ မိမိ​ကိုယ်ခန္ဓာ​ကို ပြစ်မှားခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​၏​သခင်ဘုရား​သည် အလွန်​ကြွယ်ဝသော​ကျေးဇူးတော်​ကို ကျွန်ုပ်​အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်လာ​သောကြောင့် ယုံကြည်ခြင်း​နှင့် ချစ်ခြင်းမေတ္တာ​ကိုလည်း ကိုယ်တော်​ထံမှ ရရှိ၏။


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


ကိုးကွယ်သည့်​နေရာ​တိုင်း​၌ အမျိုးသားတို့​သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း​စွာ နေထိုင်​၍ မိမိတို့​၏ လက်​ကို မြှောက်​လျက် ဆုတောင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


လူတိုင်း​နှင့် သဟဇာတ​ဖြစ်ရန်၊ သန့်ရှင်းသော​ဘဝ​နှင့်​နေထိုင်​ရန် အစွမ်းကုန်​ကြိုးစားလော့။ မသန့်ရှင်းသော​သူတို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရမည်​မဟုတ်။


ချစ်ရသော​သူတို့… သင်တို့​သည် ခေတ္တ​တည်းခိုသူ​ဧည့်သည်များ​ဖြစ်သည့်​အားလျော်​စွာ သင်တို့​၏​စိတ်ဝိညာဉ်​အား ဆန့်ကျင်​တိုက်ခိုက်နေသော လူ့​ဗီဇစိတ်​အလို​ကို မလိုက်​ရန် ကျွန်ုပ်​တိုက်တွန်း၏။


မကောင်းမှု​ကို စွန့်​၍ ကောင်းမှု​ကို ပြု​ရမည်။ သူတစ်ပါး​နှင့် ငြိမ်းချမ်း​စွာ နေထိုင်​ရန် တောင့်တ​၍ ငြိမ်းချမ်းခြင်း​အတွက် ကြိုးစားအားထုတ်​ရမည်။


ချစ်ခင်ရသောသူ… မကောင်းမှု​ကို အတု​မယူဘဲ ကောင်းမှု​ကိုသာ အတုယူလော့။ ကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​၏​သားသမီး ဖြစ်၏။ မကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​ကို မမြင်ဖူး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ