ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 16:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။ Garrad Bible သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။ Judson Bible သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။ မြန်မာ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။ |
ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
“ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော။” “ကောင်းကင်ဘုံတွင် ငြိမ်းချမ်းခြင်းရှိ၍ အမြင့်ဆုံးသောအရပ်တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။
“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။
ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။
ယေရှုက “သင်တို့စိတ်မပူပန်ကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
တရားစီရင်တော်မူခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ လောကကို အုပ်စိုးသောမင်းသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့်ပင်။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ထိုညတွင် ဘုရားသခင်သည် ပေါလုအနား၌ရပ်လျက် “စိတ်မပူနှင့်။ သင်သည် ငါ့အကြောင်းကို ဂျေရုဆလင်မြို့၌ သက်သေခံသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း ယခု အားတင်းကြလော့။ သင်တို့တွင် မည်သူမျှ အသက်ဆုံးရှုံးမည်မဟုတ်ပါ။ သင်္ဘောကိုသာ ဆုံးရှုံးရလိမ့်မည်။
ထို့ကြောင့် မိတ်ဆွေတို့… အားတင်းကြလော့။ ကျွန်ုပ်အား ကောင်းကင်တမန်ဖော်ပြသည့်အတိုင်း မလွဲမသွေဖြစ်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ကျွန်ုပ်ယုံကြည်ပါ၏။
ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ရှမာရိပြည်တစ်လျှောက်၌ အသင်းတော်သည် ငြိမ်းချမ်း၍ တည်တံ့ခိုင်မြဲလာ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်အားပေးခြင်းတို့ဖြင့် ရှင်သန်၍ အသင်းသားအရေအတွက်သည်လည်း တိုးပွားလာ၏။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကရုဏာရှင်အဖဖြစ်ပြီး နည်းမျိုးစုံဖြင့် နှစ်သိမ့်ပေးတော်မူသောဘုရားလည်း ဖြစ်တော်မူ၏။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ထွန်းလင်းနေသည့် ထိုရတနာသည် မြေအိုးသဖွယ်ဖြစ်သော ကျွန်ုပ်တို့ထဲ၌ ရှိ၏။ ဤသည်မှာ သတင်းကောင်း၏ကြီးမြတ်သောတန်ခိုးသည် ကျွန်ုပ်တို့ထံမှ မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်း ပေါ်လွင်စေရန်ဖြစ်၏။
ထိုသို့ဖြစ်စေမည့်အစား ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများကို အလွန်သည်းခံလျက် ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြ၏။
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။
ထိုသို့ပြုလျှင် လူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်သော ဘုရားသခင်၏ ငြိမ်းချမ်းခြင်းက သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် သင်တို့၏ စိတ်နှလုံးနှင့် အကြံအစည်တို့ကို ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။
လက်ဝါးကပ်တိုင်၌ သွန်းသော သားတော်၏သွေးတော်ဖြင့် ရန်ကို ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသော အရာဖြစ်စေ၊ မြေကြီးပေါ်၌ရှိသော အရာဖြစ်စေ အရာအားလုံးကို မိမိနှင့် ပြန်လည်သင့်မြတ်စေရန် အလိုရှိတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ ရှိစဉ်ကပင် ဆင်းရဲဒုက္ခခံရမည်ဟု သင်တို့ကို ကြိုတင်ပြောဆိုခဲ့သောကြောင့် ဖြစ်၏။ ပြောဆိုခဲ့သည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်တို့သိကြ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သတင်းသည် အကျပ်အတည်းနှင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံနေသည့် ကျွန်ုပ်တို့အတွက် စိတ်ခွန်အားဖြစ်စေ၏။
ငြိမ်းချမ်းခြင်းအရှင် သခင်ဘုရား ကိုယ်တော်တိုင်သည် သင်တို့ကို နည်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းခြင်းကို အစဉ်ပေးတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။
အမှန်ပင် ယေရှုခရစ်တော်ကို ယုံကြည်၍ ဘုရားတရားကိုင်းရှိုင်းလျက် နေထိုင်လိုသူတိုင်း ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည်။
အပြစ်၌ ခဏတာသာယာပျော်မွေ့ခြင်းထက် ဘုရားသခင်၏ လူမျိုးတော်တို့နှင့်အတူ ဆင်းရဲဒုက္ခခံခြင်းကို ရွေးချယ်ခဲ့၏။
အာဗြဟံသည်လည်း ထိုမင်းကြီးအား ရရှိသောပစ္စည်းများမှ ဆယ်ပုံတစ်ပုံကို ပေးလှူ၏။ မေလခိဇေဒက်ဟူသော အမည်၏ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဖြစ်ပြီး နောက်ပိုင်းတွင် သူ့ကို ရှာလင်ဘုရင်ဟု ခေါ်တွင်ကာ “ငြိမ်းချမ်းရေးဘုရင်” ဟု အဓိပ္ပာယ်ရ၏။
သင်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေ၍ ထိုမာရ်နတ်ကို ငြင်းဆန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်ဝန်းရှိ သင်တို့၏ညီအစ်ကိုမောင်နှမများသည်လည်း ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံစားနေရကြောင်း သင်တို့သိကြသောကြောင့်ဖြစ်၏။
ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူတိုင်းသည် ဤလောကကို အောင်နိုင်သောကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လောကကို အောင်နိုင်၏။
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။
ကျွန်ုပ်က “အရှင်… အဖြေကို အရှင်သိပါ၏” ဟုပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးမားသောဒုက္ခဆင်းရဲကို ဖြတ်ကျော်လာသောသူများဖြစ်ကြ၏။ ထိုသူတို့သည် သိုးသငယ်တော်၏သွေး၌ မိမိတို့ဝတ်ရုံများကို ဖြူစင်အောင်လျှော်ကြပြီ။