၁ ယော 2:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible13 အဖတို့၊ သင်တို့သည်အစကပင်ရှိတော်မူ သောအရှင်ကိုသိသူများဖြစ်သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက်၏။ လူငယ် လူရွယ်တို့၊ သင်တို့သည်မာရ်နတ်ကိုအောင် သောကြောင့်သင်တို့ထံသို့ငါစာရေးလိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible13 အ ချင်း အ ဘ တို့၊ အ စ အ ဦး က တည် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် သင် တို့ ထံ ငါ ရေး လိုက်၏။ အ ချင်း ပျို ရွယ် သူ တို့၊ မာရ် နတ် ကို အောင် ကြ ပြီး ဖြစ် သော ကြောင့် သင် တို့ ထံ ငါ ရေး လိုက်၏။ အ ချင်း သူ ငယ် တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ အ ဘ ခ မည်း တော် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် တည်း။ အခန်းကိုကြည့်ပါ။Judson Bible13 အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ အခန်းကိုကြည့်ပါ။ |
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
သားသမီးတို့… သင်တို့သည် ခမည်းတော်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် ခွန်အားကြီး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်တို့၌ တည်လျက် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။