Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 2:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သို့ ရာ တွင် ငါ တို့ ကို ခ ရစ် တော့် နောက် အောင် ပွဲ တွင် အ စဉ် ထုတ် ပြ လျက် အ ရပ် ရပ်၌ ကိုယ် တော် နှင့် သိ ကျွမ်း ခြင်း ရ နံ့ ကို ငါ တို့ ကြောင့် ထင် ရှား စေ တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:14
27 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


သင်တို့​၏​ယုံကြည်ခြင်း​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​လျက်​ရှိ​သဖြင့် ယေရှု​ခရစ်တော်​ပြုခဲ့သော​အမှု​ကို အကြောင်းပြု​၍ သင်တို့​အားလုံး​အတွက် ကျွန်ုပ်​၏​ဘုရားသခင်​ကို ဦးစွာ​ကျေးဇူးတင်ပါ၏။


နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​၏ တန်ခိုး​ဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့်​လည်းကောင်း ပြုတော်မူသော​အမှုတို့​မှလွဲ၍ မည်သည့်​အရာ​အတွက်​မျှ ကျွန်ုပ်​ဂုဏ်မယူဝံ့ပါ။ ဤ​နည်း​ဖြင့် ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​ကို ဂျေရုဆလင်မြို့​မှ ဣလုရိတ်ပြည်​အထိ ရောက်ရှိရာ အရပ်​ဒေသတို့​၌ အကုန်အစင်​ဟောပြောခဲ့၏။


သင်တို့​သည် တစ်ချိန်က အပြစ်တရား​၏​ကျွန် ဖြစ်ခဲ့ဖူး​သော်လည်း ယခု​တွင် သင်တို့​သင်ယူခဲ့သော တရားတော်​ကို စိတ်နှလုံး​အပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


မကွဲကွာစေသည်​သာမက ထို​အခက်အခဲများ​ကြားမှ​ပင် ကျွန်ုပ်တို့​ကို ချစ်တော်မူသော​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​သည် အထူး​အောင်မြင်ကြ၏။


ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။


မျိုးစေ့​ကို မြေ​၌ သင်​စိုက်ပျိုးသောအခါ နောင်​ဖြစ်လာမည့် အပင်​ကိုယ်ထည်​တစ်ခုလုံး​ကို စိုက်ပျိုးသည်​မဟုတ်ပါ။ ဂျုံ၊ သို့မဟုတ် အစေ့​သက်သက်​ကိုသာ စိုက်ပျိုး၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အား အောင်မြင်​စေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။


သင်တို့​အား ကူညီ​ရန် ကျွန်ုပ်​၌​စိတ်အားထက်သန်မှု​ရှိ​သကဲ့သို့ တိတု​၌လည်း ရှိစေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


ပြော​၍ မကုန်​နိုင်အောင်​ဖြစ်သော ဘုရားသခင်​၏ ဆုကျေးဇူးတော်​အတွက် ချီးမွမ်းကြပါစို့။


ခရစ်တော်​သည် ကျွန်ုပ်တို့​ကို ချစ်တော်မူ​၍ ကျွန်ုပ်တို့​အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သော​ပူဇော်စရာ​ယဇ်​အဖြစ် ဘုရားသခင်​ထံ ဆက်သတော်မူ​သကဲ့သို့ သင်တို့​သည်လည်း မေတ္တာ​ပွား​လျက် ပြုမူနေထိုင်ကြလော့။


ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။


ယခု​အခါ ကျွန်ုပ်​၌ လိုအပ်သော​အရာများ​အားလုံး​ကို လက်ခံရရှိ​၍ ကြွယ်ဝ​လျက် ရှိပြီ။ သင်တို့ ရက်ရော​စွာ ပေးလိုက်သော​အရာတို့​ကို ဧပဖြောဒိတ်​ထံမှ လက်ခံရရှိ​၍ ပြည့်စုံ​လျက် ရှိ၏။ ထို​အရာတို့​သည် မွှေးကြိုင်သော​ပူဇော်စရာ၊ ဘုရားသခင် လက်ခံ​နှစ်သက်တော်မူသော​ယဇ် ဖြစ်ကြ၏။


သို့ရာတွင် သင်တို့​သည် သတင်းကောင်း​ကို ကြားနာ​စဉ်က ရရှိသော မျှော်လင့်ခြင်း​မှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်​လျက် ဆက်​၍ ယုံကြည်ရမည်။ ထို​သတင်းကောင်း​ကို မိုးကောင်းကင်​အောက်​၌ ရှိသော သတ္တဝါ​အားလုံး​ကို ဟောပြောနေသည်​ဖြစ်၍ ကျွန်ုပ်​ပေါလု​သည် ထို​သတင်းကောင်း​ကို ဟောပြောသော အမှုဆောင်​ဖြစ်လာ၏။


သင်တို့​သည် ထို​သတင်းကောင်း​ကို ကြားနာ​ပြီး ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှန်တကယ် နားလည်သည့်​နေ့​မှစ၍ သင်တို့​ထဲ၌ အသီးအပွင့်များ​သီးပွင့်​ကာ တိုးပွား​သကဲ့သို့ ထို​သတင်းကောင်း​သည် ကမ္ဘာတစ်ဝန်းလုံး​သို့ ပျံ့နှံ့​၍ တိုးပွား​လျက်​ရှိ၏။


အုပ်စိုးမှု​နှင့် အာဏာစက်များ​၏ တန်ခိုး​ကို ဖယ်ရှား​ပြီးလျှင် လက်ဝါးကပ်တိုင်​တွင် အောင်ပွဲခံ​၍ လူရှေ့​သူရှေ့​တွင် အရှက်​ရစေတော်မူ၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ သတင်းကောင်း​သည် သင်တို့​ထံမှ မာကေဒေါနိပြည်၊ အခါယပြည်​သို့ ပျံ့သွားသည်​သာမက ဘုရားသခင်​ကို သင်တို့​ယုံကြည်သည့်​အကြောင်း​သည်လည်း နေရာတိုင်း​သို့ ပျံ့နှံ့သွား​သောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့​ယုံကြည်သည့်​အကြောင်း​နှင့် ပတ်သက်၍ မည်သည့်​အရာမျှ ကျွန်ုပ်တို့​ပြောစရာ​မရှိ။


ဘုရားသခင်​ရှေ့တော်​တွင် သင်တို့​ကြောင့် ကျွန်ုပ်တို့​ဝမ်းမြောက်ရ၏။ သင်တို့​အတွက် ဘုရားသခင်​ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်​နိုင်မည်နည်း။


ကိုးကွယ်သည့်​နေရာ​တိုင်း​၌ အမျိုးသားတို့​သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း​စွာ နေထိုင်​၍ မိမိတို့​၏ လက်​ကို မြှောက်​လျက် ဆုတောင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


သူတို့​က “အာမင်။ ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်​ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ အစွမ်းသတ္တိတို့​သည် ငါတို့​၏​ဘုရားသခင်​အပေါ် အစဉ်​ထာဝရ​တည်ရှိပါစေသော။ အာမင်” ဟု ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ