သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။
ရောမ 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။ Common Language Bible ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ သည် တစ် ပါး သော လူ မျိုး ခြား တို့ ဘောင် တွင် နည်း တူ သင် တို့ တွင် လည်း အ ကျိုး တစ် စုံ တစ် ရာ ရ အံ့ သော ငှါ ကြိမ် ဖန် များ စွာ လာ ရောက် မည် ကြံ သော် လည်း ယ ခု တိုင် ကန့် ကွက် ခံ ရ ကြောင်း သင် တို့ မ သိ ဘဲ မ နေ စေ လို။ Judson Bible ညီအစ်ကိုတို့၊ ငါသည်အခြားသော တစ်ပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။ |
သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
ထိုအခါ ဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် လူမျိုးခြားများအထဲတွင် ဘုရားသခင်ပြုတော်မူသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များအကြောင်းကို ထိုသူတို့အားပြောပြရာ စုဝေးသောလူအပေါင်းတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ကြ၏။
ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။
ပေါလုသည် သူတို့အား နှုတ်ဆက်ပြီးနောက် မိမိလုပ်ဆောင်သောအမှုတော်အားဖြင့် လူမျိုးခြားတို့အပေါ်၌ ဘုရားသခင်ပြုတော်မူသော အမှုတို့ကို တစ်ခုချင်းပြောပြလေ၏။
ထိုမြို့တွင် ယုံကြည်သူတို့ကိုတွေ့သော် သူတို့က ခုနစ်ရက်ခန့် နေရန် တောင်းပန်သည့်အတိုင်း နေပြီးနောက် ကျွန်ုပ်တို့သည် ရောမမြို့သို့သွားကြ၏။
ထိုသို့ တွေ့ဆုံကြသောအခါ ကျွန်ုပ်နှင့် သင်တို့သည် နှစ်ဦးနှစ်ဖက်လုံး၌ရှိသော ယုံကြည်ခြင်းကို ဝေမျှ၍ အပြန်အလှန်အားပေးနိုင်မည်ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ပညတ်တရားကို သိသော ညီအစ်ကိုမောင်နှမတို့… ပညတ်တရားသည် လူတစ်ဦးအတွက် ထိုသူ အသက်ရှင်စဉ်ကာလအတွင်းသာ အကျုံးဝင်သည်ကို မသိကြသလော။
ညီအစ်ကိုမောင်နှမတို့… သင်တို့အချင်းချင်း စည်းလုံးကြရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သဘောထားမကွဲလွဲကြနှင့်။ တူညီသောစိတ်၊ တူညီသောရည်ရွယ်ချက်တို့ဖြင့် စည်းလုံးကြလော့။
ညီအစ်ကိုမောင်နှမတို့… တောကန္တာရ၌ ကျွန်ုပ်တို့၏ ဘိုးဘေးများကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို သင်တို့မသိနားမလည်ဘဲ မနေစေလိုပါ။ သူတို့အားလုံးသည် ဘုရားသခင်စေလွှတ်သော မိုးတိမ်အောက်၌ ခရီးပြုခဲ့ကြပြီး ပင်လယ်၏ အလယ်၌ ဖြတ်လျှောက်ခဲ့ကြ၏။
ညီအစ်ကိုမောင်နှမတို့… ဝိညာဉ်ဆုကျေးဇူးနှင့် ပတ်သက်သောအကြောင်းအရာများကို သင်တို့ မသိနားမလည်ဘဲမနေစေလိုပါ။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။
ကျွန်ုပ်သည် အခြားသူတို့အတွက် တမန်တော် မဖြစ်လျှင်ပင် သင်တို့အတွက် တမန်တော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ကိုယ်တိုင်သည် သခင်ဘုရားနှင့် တပေါင်းတစည်းတည်းရှိခြင်းအားဖြင့် ကျွန်ုပ်တမန်တော်ဖြစ်ကြောင်း သက်သေဖြစ်ကြသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… အာရှပြည်၌ ကျွန်ုပ်တို့ ခံခဲ့ရသော ဆင်းရဲဒုက္ခကို သင်တို့ မသိဘဲမနေစေလိုပါ။ ကျွန်ုပ်တို့သည် မိမိတို့ခံနိုင်ရည်စွမ်းထက် ကျော်လွန်သော ဆင်းရဲဒုက္ခကို ခံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ကင်းမဲ့ခဲ့၏။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… နေ့စဉ်ဘဝထဲမှ ဥပမာတစ်ခုကို ကျွန်ုပ်ပေးမည်။ လူတို့ချုပ်ဆိုသော စာချုပ်ပင်လျှင် အတည်ပြုပြီးသောအခါ မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိဩဝါဒစာ ပြီးပါပြီ။
သို့သော် ကျွန်ုပ်သည် ဤကိုယ်ခန္ဓာ၌ ဆက်၍ အသက်ရှင်လျှင် အကျိုးရှိသောအမှုများကို လုပ်ဆောင်နိုင်လိမ့်မည်။ ထို့ကြောင့် မည်သည့်အရာ ရွေးချယ်ရမည်ကို ကျွန်ုပ်မသိပါ။
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ထံသို့ ပြန်လာချင်သောကြောင့် ကျွန်ုပ် ပေါလုကိုယ်တိုင် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် စာတန်သည် ကျွန်ုပ်တို့ကို တားဆီးခဲ့၏။
ညီအစ်ကိုမောင်နှမတို့… သေလွန်ပြီးသော သူများနှင့် ပတ်သက်၍ သင်တို့ မသိဘဲမနေစေလိုပါ။ သို့မှသာ မျှော်လင့်ချက်မဲ့သော မယုံကြည်သူများ ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းနည်းရမည်မဟုတ်။
ထိုတရားမဲ့မှု၏ လျှို့ဝှက်သောတန်ခိုးသည် ယခု လှုပ်ရှားနေပြီဖြစ်၏။ သို့သော်လည်း တားဆီးသူသည် ဖယ်ရှားခံရချိန် မရောက်မီတိုင်အောင် တားဆီးနေလိမ့်မည်။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။