Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း စည်းလုံးကြ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။ သဘောထား​မကွဲလွဲကြနှင့်။ တူညီသော​စိတ်၊ တူညီသော​ရည်ရွယ်ချက်တို့​ဖြင့် စည်းလုံးကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အို ညီ အစ် ကို တို့၊ သင် တို့ ရှိ သ မျှ သည် ကွဲ ပြား ခြင်း မ ရှိ ဘဲ တစ် သံ တည်း ပြော ဆို လျက် သ ဘော ထား တစ် မျိုး၊ ဆုံး ဖြတ် ပုံ တစ် မျိုး တည်း အား ဖြင့် စေ့ စပ် စုံ လင် ကြ မည့် အ ကြောင်း ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် နှင့် ငါ နှိုး ဆော် ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ညီ​အစ်​ကို​တို့၊ သင်​တို့​ရှိ​သ​မျှ​သည် စ​ကား​တ​ညီ​တ​ညွတ်​တည်း​ဖြစ်၍ အ​ချင်း​ချင်း​မ​ကွဲ​ပြား​ဘဲ စိတ်​သ​ဘော​တစ်​သံ တစ်​သ​မတ်​တည်း ရှိ​သည်​နှင့် စေ့​စပ်​စုံ​လင်​ကြ​မည်​အ​ကြောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ သင်​တို့​ကို ငါ​နှိုး​ဆော်​တောင်း​ပန်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ညီအစ်ကို​တို့၊ သင်​တို့​အားလုံး​သည် ပြောဆို​ရာ​၌​ညီညွတ်​မှု​ရှိ​၍ အချင်းချင်း​ကွဲပြား​ခြင်း​မ​ရှိ​ဘဲ တစ်စိတ်​တစ်သဘောတည်း​ဖြင့် စည်းစည်းလုံးလုံး​ရှိ​ကြ​မည့်​အကြောင်း ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​အမှီပြု၍ သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:10
44 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် မည်သူ​မျှ အထည်ဟောင်း​ကို ပိတ်စသစ်​ဖြင့် ဖာလေ့​မရှိ။ ထိုသို့​ဖာ​လျှင် ပိတ်စသစ်​သည် ရုန်း​သဖြင့် အထည်ဟောင်း​၏​စုတ်ပြဲရာ​အပေါက်​သည် ပို​၍ ကျယ်​လိမ့်မည်။


မည်သူ​မျှ အထည်ဟောင်း​ကို ပိတ်စသစ်​ဖြင့် ဖာလေ့​မရှိ။ ထိုသို့​ဖာ​လျှင် ပိတ်စသစ်​သည် ရုန်း​သဖြင့် အထည်ဟောင်း​၏​စုတ်ပြဲရာ​အပေါက်​သည် ပို​၍ ကျယ်​လိမ့်မည်။


နိုင်ငံ​တစ်နိုင်ငံ​တွင် ပြည်တွင်းစစ်​ဖြစ်​လျှင် ထို​နိုင်ငံ​သည် ပြိုကွဲ​လိမ့်မည်။


ထို​စကားတော်တို့​ကြောင့် ယေရှု​အကြောင်း​နှင့်​ပတ်သက်၍ ဂျူးလူမျိုးတို့​အထဲ​တွင် သဘောထား​ကွဲလွဲကြပြန်၏။


အကျွန်ုပ်​သည် သူတို့​၌ တည်​၍ ကိုယ်တော်​သည်လည်း အကျွန်ုပ်​၌ တည်တော်မူ၏။ ထိုကဲ့သို့ စုံလင်စွာ​တစ်သားတည်း​ဖြစ်ခြင်း​အားဖြင့် အဖ​သည် အကျွန်ုပ်​ကို စေလွှတ်တော်မူကြောင်း​နှင့် အကျွန်ုပ်​ကို ချစ်တော်မူ​သကဲ့သို့ သူတို့​ကို ချစ်တော်မူကြောင်း​ကို လောကီသားတို့​သိကြပါ​လိမ့်မည်။


ထိုသို့ ယေရှု​အကြောင်း​နှင့်​ပတ်သက်၍ လူထု​ထဲ​၌ သဘောထား​ကွဲလွဲကြ၏။


ထို့ကြောင့် ဖာရိရှဲ​တချို့​က “သူ​သည် ဥပုသ်နေ့​တွင် အလုပ်လုပ်​သောကြောင့် ဘုရားသခင်​ထံတော်မှ လာသော​သူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့​က “သာမန်လူ အပြစ်သား​တစ်ဦး​သည် ထိုကဲ့သို့သော နိမိတ်​လက္ခဏာ​ကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့​အချင်းချင်း သဘောထား​ကွဲလွဲကြ၏။


ယခု​အခါ​၌ ယုံကြည်သော​သူ​ရှိသမျှတို့​သည် တစ်စိတ်တစ်ဝမ်းတည်း​ရှိကြ​သဖြင့် မည်သူ​မျှ မိမိ​ဥစ္စာပစ္စည်းများ​ကို မိမိ​ပိုင်သည်​ဟု မဆိုဘဲ ရှိသမျှ​ဥစ္စာတို့​ကို မျှဝေ​အသုံးပြုကြ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အခြားသော လူမျိုးခြားများ​အကြား​တွင် အမှုတော်​ထမ်းဆောင်ရာ​၌ အောင်မြင်မှု​အသီးအပွင့်များ​ကို ခံစားခဲ့ရ​သကဲ့သို့ သင်တို့​တွင်​လည်း ခံစားရ​စေလို​သောကြောင့် သင်တို့​ဆီသို့ လာ​ရန် ကြိမ်ဖန်​များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခု​တိုင်အောင် အတားအဆီးများ​ရှိခဲ့ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


ထို့ကြောင့် ချစ်သော​ညီအစ်ကို​မောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့​ကို ထောက်ရှု​၍ သင်တို့​ကို ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်​လို၏။ သင်တို့​၏ ကိုယ်ခန္ဓာ​ကို ဘုရားသခင်​လက်ခံနိုင်ဖွယ်​ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သော​ယဇ်​အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့​ဆက်ကပ်ခြင်း​သည် ဘုရားသခင်​ကို စစ်မှန်​စွာ ကိုးကွယ်ခြင်း​ဖြစ်၏။


တစ်ဦး​နှင့် တစ်ဦး စည်းလုံး​ညီညွတ်​စွာ နေကြလော့။ နိမ့်ပါးသော​သူတို့​နှင့် မာန​မထောင်လွှားဘဲ ပေါင်းသင်း​ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ​သည် ပို၍ ပညာရှိသည်​ဟု မထင်မှတ်နှင့်။


ညီအစ်ကို​မောင်နှမတို့… သန့်ရှင်းသော​ဝိညာဉ်တော်​၏ မေတ္တာတော်​နှင့် သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​ထံ ကျွန်ုပ်​အတွက် ကျွန်ုပ်​နှင့်အတူ ဆုတောင်းကြ​ရန် သင်တို့​အား တိုက်တွန်းနှိုးဆော်ပါ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သင်ယူထားသော သွန်သင်ချက်​ကို ဆန့်ကျင်​၍ စိတ်ဝမ်းကွဲစရာ​နှင့် မှားယွင်းစရာတို့​ကို ဖြစ်စေသော​သူတို့​အား သတိပြု​လျက် ရှောင်ရှား​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း ငြင်းခုံ​လျက်​ရှိကြောင်း ခလောဣ​အိမ်သား တချို့​က ကျွန်ုပ်​ကို ပြောပြကြ၏။


ပထမ​အချက်​အနေဖြင့် သင်တို့​သည် အသင်းတော်​အစည်းအဝေးများ​၌ စုဝေးကြ​သောအခါ သဘောထား​ကွဲလွဲမှုများ ရှိကြောင်း ကျွန်ုပ်​ကြားသိရ၏။ ကြားရသည့်​အရာ​ကို အထိုက်အလျောက် ကျွန်ုပ်​ယုံကြည်၏။


ဤသည်​မှာ ကိုယ်ခန္ဓာ​တွင် စိတ်ဝမ်း​မကွဲဘဲ အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း ဂရုစိုက်ကြ​ရန်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် လူ့​ဗီဇစိတ်​၏ ထိန်းချုပ်မှု​အောက်​၌ ရှိနေကြသေး​သောကြောင့်​ဖြစ်၏။ သင်တို့​သည် အချင်းချင်း မနာလို​လျက်၊ ရန်ဖြစ်​လျက် ရှိနေကြသည်​မှာ သင်တို့​၏ လူ့ဗီဇစိတ်​က သင်တို့​ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်း​ပင် မဟုတ်လော။ သင်တို့​သည် လောကီသား​ကဲ့သို့​ပင် ပြုမူနေထိုင်ကြသည်​မဟုတ်လော။


ထို့ကြောင့် ကျွန်ုပ်​ကို အတု​ယူကြ​ရန် တိုက်တွန်း​နှိုးဆော်၏။


သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။


နိဂုံးချုပ်​စကား​ဆိုရ​လျှင် ညီအစ်ကို​မောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် အခွင့်ပေးကြလော့။ ကျွန်ုပ်​၏ နှိုးဆော်ချက်​ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်း​ရှိ​လျက် သင့်မြတ်​စွာ​နေကြလော့။ မေတ္တာတရား​နှင့် ငြိမ်းချမ်းခြင်း​တို့​၏ အရှင်​ဖြစ်တော်မူသော ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့​အားနည်း​နေ​လျှင်ပင် သင်တို့​အားကြီး​ပါက ကျွန်ုပ်တို့​ဝမ်းမြောက်၏။ ကျွန်ုပ်တို့​ဆုတောင်းသည်​မှာ သင်တို့​၌ အပြစ်ဆိုဖွယ်​မရှိသည်​အထိ ဘုရားသခင်​က ပြုပြင်ပေးတော်မူ​ရန် ဖြစ်၏။


ထိုသို့ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သံတမန်များ​ဖြစ်ကြ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​အားဖြင့် လူတို့​အား တိုက်တွန်း​နှိုးဆော်​လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်ကြလော့” ဟု ခရစ်တော်​၏ ကိုယ်စား သင်တို့​ကို ကျွန်ုပ်တို့​အနူးအညွတ်​မေတ္တာရပ်ခံကြ၏။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည်လည်း လူမျိုးခြား​ဖြစ်သော သင်တို့​ကဲ့သို့ ဖြစ်လာခဲ့သည့်​နည်းတူ သင်တို့​သည်လည်း ပညတ်တရား​လက်အောက်​မှ လွတ်ခွင့်ရသော ကျွန်ုပ်​ကဲ့သို့ ဖြစ်လာကြ​ရန် ကျွန်ုပ်​တောင်းပန်ပါ၏။ သင်တို့​သည် ကျွန်ုပ်​အပေါ် မပြစ်မှားခဲ့ကြ။


မည်သို့ပင်​ဖြစ်စေ ခရစ်တော်​၏ သတင်းကောင်း​နှင့် ထိုက်တန်​စွာ ပြုမူ​နေထိုင်ကြလော့။ ထိုသို့​ပြုမူ​နေထိုင်​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​လာသည်​ဖြစ်စေ၊ မလာသည်​ဖြစ်စေ သင်တို့​သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်း​နှင့် သတင်းကောင်း​နှင့်ဆိုင်သော​ယုံကြည်ချက်​အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်​သိရ​လိမ့်မည်။


မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်တို့​သည် မိမိတို့ ရောက်ရှိ​နေသည့်​အခြေအနေ​နှင့်​အညီ သင့်လျော်​စွာ နေထိုင်ကြပါစို့။


သူတို့​လုပ်ဆောင်သည့်​အမှုတော်​ကို ထောက်​၍ ချစ်ခင်​ရိုသေကြလော့။ သင်တို့​အချင်းချင်း ငြိမ်းချမ်း​စွာ နေထိုင်ကြလော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ကြွလာတော်မူခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ ကျွန်ုပ်တို့ စုဝေးခြင်း​အကြောင်း​တို့နှင့်​ပတ်သက်​၍


မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း​မရှိဘဲ ဤ​ညွှန်ကြားချက်များ​ကို လိုက်နာဆောင်ရွက်​ရန် ဘုရားသခင်​နှင့် ယေရှု​ခရစ်တော်​တို့ ရှေ့၌​လည်းကောင်း၊ ရွေးကောက်တော်မူသော​ကောင်းကင်တမန်တို့​ရှေ့၌​လည်းကောင်း သင့်​ကို ကျွန်ုပ်​အလေးအနက် ညွှန်ကြားလို၏။


နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။


ချစ်ရသော​သူတို့… သင်တို့​သည် ခေတ္တ​တည်းခိုသူ​ဧည့်သည်များ​ဖြစ်သည့်​အားလျော်​စွာ သင်တို့​၏​စိတ်ဝိညာဉ်​အား ဆန့်ကျင်​တိုက်ခိုက်နေသော လူ့​ဗီဇစိတ်​အလို​ကို မလိုက်​ရန် ကျွန်ုပ်​တိုက်တွန်း၏။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ