Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 4:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ညီအစ်ကို​မောင်နှမတို့… သေလွန်ပြီးသော သူများ​နှင့် ပတ်သက်၍ သင်တို့ မသိဘဲ​မနေစေလိုပါ။ သို့မှသာ မျှော်လင့်ချက်​မဲ့သော မယုံကြည်သူများ ဝမ်းနည်း​သကဲ့သို့ သင်တို့​သည် ဝမ်းနည်း​ရမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ၎င်း ပြင် ညီ အစ် ကို တို့၊ မျှော် လင့် ခြင်း ကင်း သော ကြွင်း ရစ် သူ တို့ ကဲ့ သို့ မ ပူ ပန် စေ ရန်၊ အိပ် ပျော် သူ တို့ နှင့် စပ် လျဉ်း၍ သင် တို့ မ သိ ဘဲ မ နေ စေ လို။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ညီ​အစ်​ကို​တို့၊ မျှော်​လ​င့်​ခြင်း​မ​ရှိ​သော အ​ခြား​သူ​တို့​သည် ဝမ်း​နည်း​သ​ကဲ့​သို့၊ သင်​တို့​သည် ဝမ်း​မ​နည်း​မည်​အ​ကြောင်း၊ အိပ်​ပျော်​သော သူ​တို့၏ အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​တို့​အ​လို​မ​ရှိ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ညီအစ်ကို​တို့၊ သင်​တို့​သည် မျှော်လင့်​ခြင်း​မ​ရှိ​သော​အခြား​သူ​များ​ကဲ့သို့ ဝမ်းနည်း​ခြင်း​မ​ရှိ​ကြ​မည့်​အကြောင်း အိပ်ပျော်​သော​သူ​တို့​နှင့်​ပတ်သက်၍ သင်​တို့​မ​သိ​ဘဲ​နေ​ရန် ငါ​တို့​အလို​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 4:13
35 ပူးပေါင်းရင်းမြစ်များ  

သင်္ချိုင်းဂူများ ပွင့်​၍ သေလွန်ပြီးသော​ယုံကြည်သောသူ​များစွာ​တို့​၏ ကိုယ်ခန္ဓာ​သည် ရှင်ပြန်​ထမြောက်ကြ၏။


မာသ​ကလည်း “နောက်ဆုံးသော​နေ့၊ သေရာ​မှ​ထမြောက်မည့်​ကာလ​တွင် သူ​သည်လည်း ပြန်ရှင်မည်​ကို ကျွန်မ​သိပါ၏” ဟု လျှောက်လေ၏။


ဒါဝိဒ်မင်း​သည် မိမိ​လက်ထက်​တွင် ဘုရားသခင်​၏​အလိုတော်​ကို ဆောင်ရွက်​ပြီးနောက် ကွယ်လွန်​၍ မိမိ​ဘိုးဘေးတို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်ခံရ​ပြီး ပုပ်ပျက်ခဲ့ရ၏။


ထို့နောက် ဒူးထောက်​လျက် ကျယ်သော​အသံ​ဖြင့် “သခင်ဘုရား… ဤ​သူတို့ ပြုသော​အပြစ်များ​ကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်​၍ အသက်ဆုံးလေ၏။


ဘုရားတရား​ကိုင်းရှိုင်းသော​သူတို့​သည် သတေဖန်​ကို​သင်္ဂြိုဟ်​၍ အလွန်​ငိုကြွေးတမ်းတကြ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အခြားသော လူမျိုးခြားများ​အကြား​တွင် အမှုတော်​ထမ်းဆောင်ရာ​၌ အောင်မြင်မှု​အသီးအပွင့်များ​ကို ခံစားခဲ့ရ​သကဲ့သို့ သင်တို့​တွင်​လည်း ခံစားရ​စေလို​သောကြောင့် သင်တို့​ဆီသို့ လာ​ရန် ကြိမ်ဖန်​များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခု​တိုင်အောင် အတားအဆီးများ​ရှိခဲ့ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


ညီအစ်ကို​မောင်နှမတို့… တောကန္တာရ​၌ ကျွန်ုပ်တို့​၏ ဘိုးဘေးများ​ကြုံတွေ့ခဲ့ရသော​အဖြစ်အပျက်များ​ကို သင်တို့​မသိ​နားမလည်ဘဲ မနေစေလိုပါ။ သူတို့​အားလုံး​သည် ဘုရားသခင်​စေလွှတ်သော မိုးတိမ်​အောက်၌ ခရီးပြုခဲ့ကြပြီး ပင်လယ်​၏ အလယ်​၌ ဖြတ်လျှောက်ခဲ့ကြ၏။


ညီအစ်ကို​မောင်နှမတို့… ဝိညာဉ်​ဆုကျေးဇူး​နှင့် ပတ်သက်သော​အကြောင်းအရာများ​ကို သင်တို့ မသိ​နားမလည်ဘဲ​မနေစေလိုပါ။


ထို့နောက် ယုံကြည်သောသူ​ငါးရာ​ကျော်​တို့​အား တစ်ချိန်တည်း​တွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထို​သူတို့​ထဲမှ တချို့​သည် ကွယ်လွန်ကြပြီ​ဖြစ်​သော်လည်း အများစု​မှာမူ သက်ရှိ​ထင်ရှား​နေဆဲ​ဖြစ်ကြ၏။


ညီအစ်ကို​မောင်နှမတို့… အာရှပြည်​၌ ကျွန်ုပ်တို့ ခံခဲ့ရသော ဆင်းရဲဒုက္ခ​ကို သင်တို့ မသိဘဲ​မနေစေလိုပါ။ ကျွန်ုပ်တို့​သည် မိမိတို့​ခံနိုင်ရည်စွမ်း​ထက် ကျော်လွန်သော ဆင်းရဲဒုက္ခ​ကို ခံခဲ့ရ​သဖြင့် အသက်ရှင်​ရန်ပင် မျှော်လင့်ချက်​ကင်းမဲ့ခဲ့၏။


တစ်ချိန်က သင်တို့​သည် ခရစ်တော်​နှင့် ကင်းကွာခဲ့ကြ​၍ အစ္စရေး​လူမျိုး​တွင် ပါဝင်ခွင့် မရ၊ ကတိတော်​နှင့်​ဆိုင်သော ပဋိညာဉ်များ​နှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤ​လောက​တွင် ဘုရားသခင်​ကို မသိဘဲ နေခဲ့ကြသည်​ကို သတိရကြလော့။


ကျွန်ုပ်တို့​အားလုံး​သည်လည်း တစ်ချိန်​က ထို​သူတို့​ကဲ့သို့​ပင် လူ့​ဗီဇစိတ်​၏ တပ်မက်မှု​အတိုင်း လုပ်ဆောင်​၍ စိတ်​နှင့် ခန္ဓာတို့​၏ အလို​အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် သဘာဝ​အားဖြင့် အခြားသူတို့​ကဲ့သို့ပင် ဘုရားသခင်​၏ အမျက်တော်​ကို ခံထိုက်သူများ​ဖြစ်ကြ၏။


ယေရှု​သည် အသေခံ​ပြီးနောက် ရှင်ပြန်​ထမြောက်သည်​ကို ကျွန်ုပ်တို့​ယုံကြည်​သောကြောင့် ယေရှု​ပြန်ကြွလာသည့် အချိန်​တွင် သေလွန်​ပြီးသည့် ယုံကြည်သူများ​ကိုလည်း ဘုရားသခင်​သည် ခရစ်တော်​နှင့်အတူ ယူဆောင်လာမည်​ဟု ကျွန်ုပ်တို့ ယုံကြည်၏။


သခင်ဘုရား​၏ စကားတော်​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ပြောပြ​လို၏။ သခင်ဘုရား​ပြန်လည်​ကြွလာသည့်​တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့​သည် သေဆုံးသွား​သူများ​ထက် စော​၍ ခရစ်တော်​ကို တွေ့ဆုံကြမည်​မဟုတ်။


သခင်​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​တို့​အတွက် အသေခံခဲ့​သောကြောင့် ကျွန်ုပ်တို့​သည် အသက်ရှင်​ဆဲ​ရှိသည်​ဖြစ်စေ၊ သေလွန်ပြီးသည်​ဖြစ်စေ ထို​သခင်​နှင့်​အတူ အသက်ရှင်ကြ​လိမ့်မည်။


ထို့ကြောင့် မယုံကြည်သူ​များ အိပ်ပျော်​သကဲ့သို့ အိပ်ပျော်​မနေဘဲ နိုးကြား​၍ တည်ကြည်​လျက် သတိ​နှင့် စောင့်ကြစို့။


ထို​သူတို့​က “ယေရှု​ပြန်ကြွလာမည် ဟူသော ကတိတော်​သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီး​ကတည်းက အရာ​အားလုံး​သည် ကမ္ဘာဦး​အစ ဖန်ဆင်းခဲ့သည့်​အချိန်က​အတိုင်း ဆက်လက်​ရှိနေဆဲ​ပင် ဖြစ်၏” ဟူ၍ ပြောကြ​လိမ့်မည်။


ချစ်ရသော​သူတို့… ဤ​အချက်​ကို မမေ့နှင့်။ ထာဝရဘုရား​အတွက် တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​ဖြစ်၏။ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ