ဖိလိပ္ပိ 1:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း22 သို့သော် ကျွန်ုပ်သည် ဤကိုယ်ခန္ဓာ၌ ဆက်၍ အသက်ရှင်လျှင် အကျိုးရှိသောအမှုများကို လုပ်ဆောင်နိုင်လိမ့်မည်။ ထို့ကြောင့် မည်သည့်အရာ ရွေးချယ်ရမည်ကို ကျွန်ုပ်မသိပါ။ အခန်းကိုကြည့်ပါ။Common Language Bible22 သို့ရာတွင်အကယ်၍ငါသည်ဆက်လက်အသက် ရှင်ခြင်းအားဖြင့်ပိုမိုအကျိုးပြုနိုင်မည်ဆို ပါက အသက်ရှင်ခြင်းနှင့်သေခြင်းတို့အနက် အဘယ်အရာကိုရွေးချယ်ရပါမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible22 သို့ ရာ တွင် ကိုယ် ခ န္ဓာ၌ အ သက် ရှင် ခြင်း သည် ငါ့ အ လုပ်၏ အ သီး ဖြစ် မည် ဆို လျှင် မည် သည် ကို ရွေး ယူ ရ မည် ဟု ငါ မ သိ။ အခန်းကိုကြည့်ပါ။Judson Bible22 ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သို့သော် ဤကိုယ်ခန္ဓာ၌ ဆက်၍အသက်ရှင်လျှင် ငါသည် အကျိုးရှိသောအမှုကိုလုပ်ဆောင်နိုင်၏။ ထိုအခါ မည်သည့်အရာရွေးချယ်ရမည်ကို ငါမသိ။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။