Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 3:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ညီအစ်ကို​မောင်နှမတို့… နေ့စဉ်​ဘဝ​ထဲမှ ဥပမာ​တစ်ခု​ကို ကျွန်ုပ်​ပေးမည်။ လူတို့​ချုပ်ဆိုသော စာချုပ်​ပင်လျှင် အတည်ပြု​ပြီး​သောအခါ မည်သူ​ကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ညီ​အစ်​ကို​တို့၊ သင်​တို့​နေ့​စဉ်​တွေ့​ကြုံ​နေ ကြ​အ​ဖြစ်​အ​ပျက်​များ​မှ ဥ​ပ​မာ​တစ်​ခု ကို​ငါ​ပေး​အံ့။ လူ​တစ်​ယောက်​နှင့်​တစ်​ယောက် က​တိ​စာ​ချုပ်​ချုပ်​ဆို​သော​အ​ခါ​၌​အ​ချင်း ချင်း​ချုပ်​ဆို​သော​စာ​ချုပ်​မျှ​သာ​ဖြစ်​သော် လည်း ယင်း​ကို​သ​ဘော​တူ​ချုပ်​ဆို​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​စာ​ချုပ်​ပါ​က​တိ​ဝန်​ခံ ချက်​များ​ကို​မည်​သူ​မျှ​မ​ပယ်​ဖျက်၊ မ​ဖြည့် စွက်​နိုင်​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ညီ အစ် ကို တို့၊ လူ့ အ လိုက် ငါ ဆို လျင် လူ ချင်း ချုပ် ပြီး သော ပ ဋိ ညာဉ် ကို ပင် မည် သူ မျှ မ ပယ် ဖျက်၊ မ ထည့် သွင်း နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ညီ​အစ်​ကို​တို့၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ငါ​ပြော​မည်။ လူ​သော်​လည်း ဝန်​ခံ​စာ​ကို​ချုပ်​ပြီး​မှ အ​ဘယ် သူ​မျှ​မ​ပယ်​ရ။ ထပ်​ဆင့်၍​စ​ကား​ကို မ​သွင်း​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ညီအစ်ကို​တို့၊ လူ​၏​ထုံးစံ​ကို​ပုံဆောင်​၍ ငါ​ပြော​မည်။ လူ​တို့​ချုပ်ဆို​ထား​သော​စာချုပ်​ပင်လျှင် မည်သူ​က​မျှ ပယ်ဖျက်​ခြင်း​၊ သို့မဟုတ် ဖြည့်စွက်​ခြင်း​မ​ပြု​ရ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 3:15
10 ပူးပေါင်းရင်းမြစ်များ  

အရေအတွက်​အားဖြင့် တစ်ရာ့နှစ်ဆယ်​ခန့်​ရှိသော ယုံကြည်သူများ​အလယ်​၌ ပေတရု​သည် ထ​၍


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အခြားသော လူမျိုးခြားများ​အကြား​တွင် အမှုတော်​ထမ်းဆောင်ရာ​၌ အောင်မြင်မှု​အသီးအပွင့်များ​ကို ခံစားခဲ့ရ​သကဲ့သို့ သင်တို့​တွင်​လည်း ခံစားရ​စေလို​သောကြောင့် သင်တို့​ဆီသို့ လာ​ရန် ကြိမ်ဖန်​များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခု​တိုင်အောင် အတားအဆီးများ​ရှိခဲ့ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


သို့သော်လည်း ကျွန်ုပ်တို့​၏ မတရားမှု​သည် ဘုရားသခင်​၏ ဖြောင့်မတ်ခြင်း​ကို ပေါ်လွင်​ထင်ရှားစေ​လျှင် မည်သို့​ဆိုမည်နည်း။ ကျွန်ုပ်တို့​အပေါ် အမျက်တော်​ကျရောက်စေတော်မူသော ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင်​ဖြစ်သလော။ ဤ​အရာ​ကို လူသား​တစ်ယောက်​အနေဖြင့် ကျွန်ုပ်​ပြောဆိုခြင်း​ဖြစ်၏။


သင်တို့​၏ လူ့သဘာဝ​အားနည်းချက်​ကြောင့် ဤ​အကြောင်းအရာ​ကို သင်တို့​နားလည်​စေရန် ကျွန်ခံခြင်း​ဥပမာ​ကို ကျွန်ုပ်​အသုံးပြုရခြင်း​ဖြစ်၏။ ယခင်က သင်တို့​သည် စက်ဆုပ်​ညစ်ညမ်းခြင်း​နှင့် တရားမဲ့ခြင်းတို့​၏​ကျွန်​အဖြစ် မိမိတို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဆက်သ​၍ ပိုမို​ကြီးလေးသော​အပြစ်​ကို ကျူးလွန်ကြ၏။ ယခု​တွင်မူ သင်တို့​သည် သန့်ရှင်းသောသူများ​ဖြစ်လာကြ​စေရန် ဖြောင့်မတ်ခြင်းတရား​၏​ကျွန်​အဖြစ် အပ်နှံကြလော့။


ကျွန်ုပ်​သည် လူ့သဘော​ဖြင့် ဧဖက်မြို့​၌ သားရဲ​တိရစ္ဆာန်များ​နှင့် တိုက်ခိုက်ခဲ့မည်​ဆိုလျှင် ကျွန်ုပ်​အတွက် မည်သည့်​အကျိုး ရှိမည်နည်း။ သေလွန်သော​သူတို့ မထမြောက်​လျှင် “ကျွန်ုပ်တို့​သည် မနက်ဖြန် သေကြမည်​ဖြစ်​၍ စားသောက်​လျက် နေကြစို့” ဟူ၍ ဆိုထားသည့်​အတိုင်း ပြုကြစို့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိ​ဩဝါဒစာ ပြီးပါပြီ။


ဘုရားသခင်​သည် အာဗြဟံ​အား ကတိပေးတော်မူ​သောအခါ တိုင်တည်​၍ ကျိန်ဆို​ရန် မိမိ​ထက် ကြီးမြတ်သော​သူ မရှိ​သောကြောင့် မိမိကိုယ်ကိုယ် တိုင်တည်​၍


လူတို့​သည် မိမိတို့​ထက် ကြီးမြတ်သူ​ကို တိုင်တည်​၍ သစ္စာဆို​တတ်ကြပြီး ထိုသို့​သစ္စာဆို​အတည်ပြုခြင်း​ဖြင့် အငြင်းပွားမှု​အားလုံး​ကို ဖြေရှင်းတတ်ကြ၏။


အဘယ်ကြောင့်ဆိုသော် သေတမ်းစာ​ရေးသူ​အသက်ရှင်​စဉ် သူ​၏ သေတမ်းစာ​သည်​အတည်​မဖြစ်။ ထို​သူ သေဆုံးပြီး​မှသာ အတည်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ