Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 14:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ချစ်သော ညီအစ်ကို​မောင်နှမတို့… ကလေးဆန်​စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှု​နှင့်​ပတ်သက်​လျှင် ကလေးငယ်​ကဲ့သို့ ဖြစ်၍ စဉ်းစား​တွေးခေါ်မှု​နှင့်​ပတ်သက်​လျှင် ရင့်ကျက်သော​သူများ​ကဲ့သို့ ဖြစ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ညီ အစ် ကို တို့၊ ဉာဏ် အ ရာ၌ သူ ငယ် မ ဖြစ် ကြ နှင့်။ ယုတ် မာ ခြင်း အ ရာ၌ သူ ငယ် နု ဖြစ် ကြ လော့။ ဉာဏ် အ ရာ၌ မူ ကား အ ရွယ် ရောက် သူ ဖြစ် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဉာဏ်​အ​ရာ၌ သူ​ငယ်​မ​ဖြစ်​ကြ​နှင့်။ မ​တ​ရား​သော​အ​မှု​အ​ရာ၌ နို့​စို့​သူ​ငယ်​ဖြစ်​ကြ​လော့။ ဉာဏ်​အ​ရာ၌ အ​သက်​ကြီး​သော​သူ ဖြစ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ညီအစ်ကို​တို့၊ စဉ်းစား​ဆင်ခြင်​မှု​နှင့်​ပတ်သက်၍ ကလေး​သူငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မကောင်းမှု​နှင့်​ပတ်သက်၍ ကလေး​သူငယ်​များ​ကဲ့သို့​ဖြစ်​ကြ​လျက် စဉ်းစား​ဆင်ခြင်​မှု​နှင့်ပတ်သက်၍ စုံလင်​ရင့်ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:20
25 ပူးပေါင်းရင်းမြစ်များ  

သခင်ဘုရား​၏​ကျေးဇူးတော် မည်မျှ​ချိုမြိန်သည်​ကို ယခု သင်တို့​မြည်းစမ်းခဲ့ပြီ​ဖြစ်၏။ ထို့ကြောင့် မွေးကင်းစ​ကလေးများ​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​ကို တောင့်တကြလော့။ သို့မှသာ သင်တို့​သည် ကယ်တင်ခြင်း​ကို အပြည့်အဝ​ခံစားရမည့်​အချိန်​တိုင်အောင် ကြီးထွား​လိမ့်မည်။


ဘုရားသခင်​ကို သင်တို့​နာခံကြောင်း လူတိုင်း​သိကြ​သဖြင့် ကျွန်ုပ်​ဝမ်းမြောက်၏။ သင်တို့​သည် ကောင်းမှု​နှင့်​ပတ်သက်​လျှင် ပညာသတိ​ရှိ​၍ မကောင်းမှု​နှင့်​ပတ်သက်​လျှင် အပြစ်ကင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


ကျွန်ုပ်​သည် ကလေး​ဘဝ​အချိန်​၌ ကလေး​ကဲ့သို့ ပြောဆို၏။ ကလေး​ကဲ့သို့ စဉ်းစား၏။ ကလေး​ကဲ့သို့ တွေးထင်တတ်၏။ သို့သော် လူကြီး​ဖြစ်လာ​သောအခါ ကလေးဆန်သော​အရာများ​ကို စွန့်လွှတ်၏။


“ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် ပြောင်းလဲ​၍ ကလေးငယ်​ကဲ့သို့ မဖြစ်​လျှင် ကောင်းကင်​နိုင်ငံတော်​သို့ မည်သည့်​အခါမျှ ဝင်ရ​လိမ့်မည်​မဟုတ်။


သို့သော်လည်း ကျွန်ုပ်တို့​သည် ရင့်ကျက်သောသူများ​အကြား​တွင်မူ ပညာ​စကား​ကို ပြောဆိုကြ၏။ ထို​ပညာ​စကား​သည် လောကီ​ပညာ​စကား​မဟုတ်။ ပျက်စီး​ပျောက်ကွယ်မည့် လောကီ​အစိုးရမင်းတို့​၏ ပညာ​စကား​လည်း​မဟုတ်။


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


သင်တို့​၏ ချစ်ခြင်းမေတ္တာ​သည် အသိပညာ၊ ထိုးထွင်းဉာဏ်​တို့​နှင့်တကွ တိုးသည်​ထက် တိုးလာ​ရန် ကျွန်ုပ် အစဉ်​ဆုတောင်းပါ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏​နိုင်ငံတော်​ကို ကလေးငယ်​ကဲ့သို့ မခံယူသော​သူ​သည် ထို​နိုင်ငံတော်​သို့ မည်သည့်​အခါမျှ ဝင်ရ​လိမ့်မည်​မဟုတ်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ဝိညာဉ်ရေးရာ​၌ ရင့်ကျက်သော ကျွန်ုပ်တို့​အားလုံး​သည် ဤ​စိတ်သဘောထား​မျိုး ရှိ​သင့်၏။ အကယ်၍ အချို့သော​အကြောင်းအရာများ​၌ မတူညီသော​စိတ်သဘောထား​ရှိလျှင် ဘုရားသခင်​သည် ရှင်းလင်း​ဖော်ပြတော်မူ​လိမ့်မည်။


ထို​အချိန်​၌ ယေရှု​က “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။


ယေရှု​က “အစဦး​တွင် ဘုရားသခင်​သည် ‘ယောက်ျား​နှင့်​မိန်းမ​ကို ဖန်ဆင်းတော်မူ၏။


သို့သော် ယေရှု​က “ကလေးငယ်များ ငါ့​ထံ​လာပါစေ။ သူတို့​ကို မတားကြနှင့်။ ကောင်းကင်​နိုင်ငံတော်​သည် ထိုသို့သော​သူတို့​၏ နိုင်ငံတော်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏​နိုင်ငံတော်​ကို ကလေးငယ်​ကဲ့သို့ မခံယူသော​သူ​သည် ထို​နိုင်ငံတော်​သို့ မည်သည့်​အခါ​မျှ ဝင်ရ​လိမ့်မည်​မဟုတ်” ဟု မိန့်တော်မူ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အခြားသော လူမျိုးခြားများ​အကြား​တွင် အမှုတော်​ထမ်းဆောင်ရာ​၌ အောင်မြင်မှု​အသီးအပွင့်များ​ကို ခံစားခဲ့ရ​သကဲ့သို့ သင်တို့​တွင်​လည်း ခံစားရ​စေလို​သောကြောင့် သင်တို့​ဆီသို့ လာ​ရန် ကြိမ်ဖန်​များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခု​တိုင်အောင် အတားအဆီးများ​ရှိခဲ့ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


သို့ဖြစ်စေကာမူ အသင်းတော်​တွင် အခြား​ဘာသာစကား​ဖြင့် အခွန်း​တစ်သောင်း​ကို ပြောဆိုသည်​ထက် တစ်ပါးသူ​ကို သွန်သင်​ရန် နားလည်နိုင်သော​စကား​ငါးခွန်း​ကိုသာ ကျွန်ုပ်​ပြောဆိုမည်။


ကျွန်ုပ်တို့​အားလုံး​သည် ယုံကြည်ခြင်း​နှင့် ဘုရားသခင်​၏ သားတော်​ကို သိကျွမ်းခြင်းတို့​၌ တညီတညွတ်တည်း ဖြစ်သည့်​တိုင်အောင်​လည်းကောင်း၊ ရင့်ကျက်သည့်​တိုင်အောင်​လည်းကောင်း၊ ခရစ်တော်​၏ ပြည့်စုံခြင်း​စံနှုန်း​ကို မီသည့်​တိုင်အောင်​လည်းကောင်း ဤ​တာဝန်​မှာ ဆက်လက်​ရှိနေမည် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ