Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ညီအစ်ကို​မောင်နှမတို့… ဝိညာဉ်​ဆုကျေးဇူး​နှင့် ပတ်သက်သော​အကြောင်းအရာများ​ကို သင်တို့ မသိ​နားမလည်ဘဲ​မနေစေလိုပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ညီ အစ် ကို တို့၊ ဝိ ညာဉ် တော့် ဆု ကျေး ဇူး များ အ ကြောင်း သင် တို မ သိ ဘဲ မ နေ စေ လို။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး အ​ကြောင်း​များ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ညီအစ်ကို​တို့၊ ဝိညာဉ်​ဆု​ကျေးဇူး​များ​နှင့်​ပတ်သက်၍ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:1
9 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အခြားသော လူမျိုးခြားများ​အကြား​တွင် အမှုတော်​ထမ်းဆောင်ရာ​၌ အောင်မြင်မှု​အသီးအပွင့်များ​ကို ခံစားခဲ့ရ​သကဲ့သို့ သင်တို့​တွင်​လည်း ခံစားရ​စေလို​သောကြောင့် သင်တို့​ဆီသို့ လာ​ရန် ကြိမ်ဖန်​များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခု​တိုင်အောင် အတားအဆီးများ​ရှိခဲ့ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


ညီအစ်ကို​မောင်နှမတို့… တောကန္တာရ​၌ ကျွန်ုပ်တို့​၏ ဘိုးဘေးများ​ကြုံတွေ့ခဲ့ရသော​အဖြစ်အပျက်များ​ကို သင်တို့​မသိ​နားမလည်ဘဲ မနေစေလိုပါ။ သူတို့​အားလုံး​သည် ဘုရားသခင်​စေလွှတ်သော မိုးတိမ်​အောက်၌ ခရီးပြုခဲ့ကြပြီး ပင်လယ်​၏ အလယ်​၌ ဖြတ်လျှောက်ခဲ့ကြ၏။


တစ်စုံတစ်ယောက်​သည် မိမိကိုယ်ကိုယ် ပရောဖက်​ဖြစ်သည် သို့မဟုတ် ဝိညာဉ်​ဆုကျေးဇူး​ရရှိသူ​ဖြစ်သည်​ဟု ယူဆ​လျှင် သင်တို့​ထံသို့ ကျွန်ုပ်​ရေးလိုက်သော အကြောင်းအရာတို့​သည် သခင်ဘုရား​၏ ပညတ်တော်​ဖြစ်ကြောင်း သိမှတ်​ရမည်။


ညီအစ်ကို​မောင်နှမတို့… အာရှပြည်​၌ ကျွန်ုပ်တို့ ခံခဲ့ရသော ဆင်းရဲဒုက္ခ​ကို သင်တို့ မသိဘဲ​မနေစေလိုပါ။ ကျွန်ုပ်တို့​သည် မိမိတို့​ခံနိုင်ရည်စွမ်း​ထက် ကျော်လွန်သော ဆင်းရဲဒုက္ခ​ကို ခံခဲ့ရ​သဖြင့် အသက်ရှင်​ရန်ပင် မျှော်လင့်ချက်​ကင်းမဲ့ခဲ့၏။


ခရစ်တော်​သည် တချို့​ကို တမန်တော်​အဖြစ်​လည်းကောင်း၊ တချို့​ကို ပရောဖက်​အဖြစ်​လည်းကောင်း တချို့​ကို သတင်းကောင်း​ဟောပြောသူ​အဖြစ်​လည်းကောင်း၊ တချို့​ကို သင်းအုပ်ဆရာ​နှင့် ဆရာ​အဖြစ်​လည်းကောင်း ခန့်ထားတော်မူ၏။


ညီအစ်ကို​မောင်နှမတို့… သေလွန်ပြီးသော သူများ​နှင့် ပတ်သက်၍ သင်တို့ မသိဘဲ​မနေစေလိုပါ။ သို့မှသာ မျှော်လင့်ချက်​မဲ့သော မယုံကြည်သူများ ဝမ်းနည်း​သကဲ့သို့ သင်တို့​သည် ဝမ်းနည်း​ရမည်​မဟုတ်။


ချစ်ရသော​သူတို့… ဤ​အချက်​ကို မမေ့နှင့်။ ထာဝရဘုရား​အတွက် တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​ဖြစ်၏။ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ