Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 4:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 သို့သော်လည်း ကျွန်ုပ်​သည် လူမျိုးခြားတို့​အား သတင်းကောင်း​ကို ပြည့်စုံ​စွာ ဟောပြော​ရန်အတွက် သခင်ဘုရား​သည် ကျွန်ုပ်​ဘက်မှ ရပ်တည်​၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ကျွန်ုပ်​ကို ခြင်္သေ့​ခံတွင်း​မှ ကယ်နှုတ်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ ရှင် ဘု ရား မူ ကား ငါ ဘက်၌ နေ တော် မူ လျက် အ နှံ့ အ ပြား ငါ ကြော် ငြာ၍ လူ မျိုး ခြား ရှိ သ မျှ တို့ ကြား နာ ခွင့် ရ စေ ခြင်း ငှါ ငါ့ ကို ခွန် အား နှင့် ပြည့် စေ သည့် ပြင် ကေ သ ရာ ဇာ့ ခံ တွင်း မှ လွတ် မြောက် စေ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သူ​တို့၌ အ​ပြစ်​တင်​တော်​မ​မူ​ပါ​စေ​နှင့်။ လူ​အ​ပေါင်း​တို့​သည် စွန့်​ပစ်​ကြ​သော်​လည်း၊ ဒေ​သ​နာ​တော်​ကို အ​ကုန်​အ​စင်​ဟော​ပြော၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ကြား​သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​သည် ငါ့​ဘက်၌​နေ၍ ငါ့​ကို ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​ကြောင့်၊ ခြင်္သေ့​ခံ​တွင်း​မှ ကယ်​နုတ်​ခြင်း​ချမ်း​သာ​ကို ငါ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သို့သော် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို ငါ့​အား​အပြည့်အဝ​ဆောင်ရွက်​စေ​၍ လူမျိုးခြား​အပေါင်း​တို့​သည် ထို​နှုတ်ကပတ်တော်​ကို​ကြားသိ​မည့်​အကြောင်း သခင်​ဘုရား​သည် ငါ့​ဘက်​၌​ရပ်တည်​လျက် ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏။ ဤသို့ဖြင့် ငါ​သည် ခြင်္သေ့​ခံတွင်း​မှ ကယ်နုတ်​ခြင်း​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:17
35 ပူးပေါင်းရင်းမြစ်များ  

သင်တို့​ကို အပ်နှံကြ​သောအခါ မည်သို့​တုံ့ပြန်​ပြောဆို​ရမည်​ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်​သည် သင်တို့​ပြောဆိုရမည့်​စကား​ကို ထို​အချိန်​၌ ပေးတော်မူ​လိမ့်မည်။


အလွန်​လေးစားရပါသော သော်ဖိလု… ဘုရားသခင်​ဖြစ်စေတော်မူသည့်​အတိုင်း ကျွန်ုပ်တို့​၌ ဖြစ်လာ​ခဲ့သော ဖြစ်ရပ်​အကြောင်းအရာများ​ကို လူများစွာတို့​သည် ကြိုးစား​၍ ရေးသားပြုစုခဲ့ကြပြီ​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ရန်သူ​အပေါင်းတို့​က သင်တို့​ကို ဆန့်ကျင်​ငြင်းဆို​၍ မရ​နိုင်အောင် ပြောဆိုရမည့်​စကား​နှင့် ဉာဏ်ပညာ​ကို သင်တို့​အား ငါ​ပေးမည်​ဖြစ်သောကြောင့်​ပင်။


ထို​ည​တွင် ဘုရားသခင်​သည် ပေါလု​အနား​၌​ရပ်​လျက် “စိတ်မပူနှင့်။ သင်​သည် ငါ့​အကြောင်း​ကို ဂျေရုဆလင်မြို့​၌ သက်သေခံသည်​နည်းတူ ရောမမြို့​၌လည်း သက်သေခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


ယေရှု​ခရစ်တော်​ကို မယုံကြည်သော ယုဒပြည်​၌​ရှိသည့် လူတို့​၏ လက်​မှ ကျွန်ုပ်​လွတ်​ရန်​နှင့် ဂျေရုဆလင်မြို့​၌ ရှိသည့် ယုံကြည်သူများ​သည် ကျွန်ုပ်​ယူဆောင်လာမည့် အလှူ​ကို လက်ခံ​လိုသော​စိတ် ရှိ​စေရန် ဆုတောင်းကြလော့။


သို့သော် ကိုယ်တော်​က “ငါ​ပြုသော​ကျေးဇူး​သည် သင့်​အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​တန်ခိုး​သည် သင်​အားနည်း​သောအခါ အပြည့်အဝ​ထင်ရှား​သောကြောင့်​ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်​အပေါ် ခရစ်တော်​၏​တန်ခိုး တည်နေ​ရန် ကျွန်ုပ်​သည် ကျွန်ုပ်​၏ အားနည်းချက်​ကို ပို၍ ဝမ်းမြောက်​စွာ ကြွားဝါမည်။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။


ကျွန်ုပ်​၏​သား တိမောသေ… ယေရှု​ခရစ်တော်​ပေးတော်မူသော ကျေးဇူးတော်​ဖြင့် ကြံ့ခိုင်လော့။


ဤ​သတင်းကောင်း​ကြောင့် ကျွန်ုပ်​သည် ရာဇဝတ်သား​တစ်ယောက်​ကဲ့သို့​ပင် အကျဉ်းချ​ခံ​၍ ဆင်းရဲဒုက္ခ​ခံခဲ့ရ​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကိုမူ အကျဉ်းချ​၍ မရ။


အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့​တို့​တွင် ကျွန်ုပ်​မည်သို့​ညှဉ်းပန်းနှိပ်စက် ခံရ​၍ ဆင်းရဲဒုက္ခ​ကြုံခဲ့ရသည်​ကိုလည်း သင်​သိ၏။ သို့သော် သခင်ဘုရား​သည် ထို​ဆင်းရဲဒုက္ခ​အပေါင်း​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ၏။


သို့သော်လည်း သင်​သည် အရာရာ​၌ သတိရှိလော့။ ဆင်းရဲဒုက္ခ​ကို သည်းခံ​၍ သတင်းကောင်း​ဟောပြောသူ​တစ်ဦး ဆောင်ရွက်ရမည့် အမှု​ကို ပြု​လျက် အမှုတော်​ကို အပြည့်အဝ​ဆောင်ရွက်လော့။


ဘုရားသခင်​သည် အချိန်တန်​သောအခါ လူ​၏​ဟောပြောခြင်း​နည်း​ဖြင့် တရားတော်​ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၏ အမိန့်တော်​ဖြင့် ဤ​တရားတော်​ကို ဟောပြော၏။


ထို​သူတို့​သည် ယုံကြည်ခြင်း​ဖြင့် အခြား​တိုင်း​နိုင်ငံ​ကို အောင်နိုင်ခြင်း၊ တရားမျှတ​စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များ​ကို ခံစားရခြင်း၊ ခြင်္သေ့​ပါးစပ်​ကို ပိတ်ခြင်း၊


မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​နှင့် စောင့်ကြလော့။ သင်တို့​၏ ရန်သူ​ဖြစ်သော မာရ်နတ်​သည် ဟိန်းဟောက်သော​ခြင်္သေ့​ကဲ့သို့ ဝါးမျိုရမည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။


ထာဝရဘုရား​သည် ယခင်​က ထိုသို့​ပြုတော်မူ​သောကြောင့် ဘုရားတရား​ကိုင်းရှိုင်းသူတို့​ကို ဆင်းရဲဒုက္ခ​ထဲမှ မည်သို့​ကယ်တင်​ရမည်​ကို​လည်းကောင်း၊ မဖြောင့်မတ်သောသူတို့​ကို တရားစီရင်ရာနေ့​တိုင်အောင် မည်သို့​အပြစ်ဒဏ်ပေး​၍ ထိန်းသိမ်းထား​ရမည်​ကို​လည်းကောင်း သိတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ