၁ ကော 10:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ညီအစ်ကိုမောင်နှမတို့… တောကန္တာရ၌ ကျွန်ုပ်တို့၏ ဘိုးဘေးများကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို သင်တို့မသိနားမလည်ဘဲ မနေစေလိုပါ။ သူတို့အားလုံးသည် ဘုရားသခင်စေလွှတ်သော မိုးတိမ်အောက်၌ ခရီးပြုခဲ့ကြပြီး ပင်လယ်၏ အလယ်၌ ဖြတ်လျှောက်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ညီအစ်ကိုတို့၊ မောရှေဦးဆောင်သောငါတို့၏ ဘိုးဘေးများအကြောင်းကိုသတိရစေလို၏။ သူတို့သည်မိုးတိမ်၏အကွယ်အကာရ၍ ပင်လယ်နီကိုဘေးမဲ့လုံခြုံစွာဖြတ်သန်းခဲ့ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 အ သို့ ဆို သော် ညီ အစ် ကို တို့၊ ငါ တို့ ဘိုး ဘေး ရှိ သ မျှ သည် တိမ် တိုက် အောက် နေ ခွင့်၊ ရှိ သ မျှ တို့ သည် ပင် လယ် ကို ဖြတ် သွား ခွင့်၊ အခန်းကိုကြည့်ပါ။Judson Bible1 ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ညီအစ်ကိုတို့၊ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်၌ရှိခဲ့၍ အားလုံးသည် ပင်လယ်ကို ဖြတ်ကျော်ခဲ့ကြပြီး အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။