ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
၁ ကော 6:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊ Common Language Bible ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊- Garrad Bible မ တ ရား သူ တို့ သည် ဘု ရား သ ခင်၏ နိုင် ငံ တော် ကို မ ပိုင် ရ ကြောင်း သင် တို့ မ သိ ကြ လော။ အ ထင် မ လွဲ ကြ နှင့်။ မ တ ရား သော မေ ထုန် ပြု သူ၊ ရုပ် ပွား ဆင်း တု ကိုး ကွယ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ယောက်ျား ချင်း မှား ယွင်း သူ၊ Judson Bible မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊- မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊ |
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
သို့ဖြစ်၍ ယခု ကျွန်ုပ်သည် သင်တို့အား ဘုရားသခင်ထံတော်သို့လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့်ဆိုင်သော တရားတော်သို့လည်းကောင်း အပ်နှံပါ၏။ ထိုတရားတော်သည် သင်တို့ကို ဆောက်တည်ပေးနိုင်စွမ်းနှင့် သန့်ရှင်းစေတော်မူခြင်းခံရသောလူအပေါင်းတို့နှင့်အတူ သင်တို့ကို အမွေပေးနိုင်စွမ်းရှိ၏။
သို့သော် ပေါလုသည် ဖြောင့်မတ်ခြင်းတရားအကြောင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းအကြောင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းစသည်တို့ကို ပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခု သင်ပြန်လော့။ နောက်မှ အချိန်အလျဉ်းသင့်သည့်အခါ သင့်ကို ငါခေါ်မည်” ဟု ဆို၏။
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
အလှည့်စားမခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသောစာရိတ္တကို ပျက်စီးစေကြ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
သင်တို့ထဲမှ လူတစ်ယောက်သည် မိထွေးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်လျက်ရှိကြောင်း ကျွန်ုပ်ကြားသိရ၏။ ဘုရားသခင်ကို မကိုးကွယ်သောသူများ၌ပင် ထိုကဲ့သို့ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း မရှိ။
ထိုသို့ ဆိုရာတွင် ဤလောကရှိ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လောဘကြီးသူများ၊ လိမ်လည်လှည့်ဖြားသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လုံးဝမပေါင်းဖော်ရဟု မဆိုလိုပါ။ ထိုသို့သာ ဆိုရလျှင် ထိုကဲ့သို့သောသူများကို ရှောင်ကြဉ်ရန် သင်တို့သည် ဤကမ္ဘာလောကမှ ထွက်ခွာသွားရပေမည်။
ကျွန်ုပ်ဆိုလိုသည်မှာ ယုံကြည်သူဖြစ်သည်ဟု ဆိုလျက် တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူဖြစ်နေလျှင် ထိုသူနှင့် မပေါင်းဖော်ကြရန် သာမက သူနှင့်အတူ စားသောက်ခြင်းကိုပင် မပြုကြနှင့်ဟူ၍ ဖြစ်၏။
သူခိုးများ၊ လောဘကြီးသူများ၊ သောက်စားမူးရူးသူများ၊ ဆဲရေးတိုင်းထွာသူများ၊ လှည့်စားလိမ်ယူသူများသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံရကြမည်မဟုတ်ပေ။
တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ကြလော့။ လူကျူးလွန်တတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာ၏ ပြင်ပတွင် ဖြစ်သော်လည်း တဏှာလွန်ကြူးသောအပြစ်မှာမူ မိမိကိုယ်ခန္ဓာကို ပြစ်မှားခြင်းဖြစ်၏။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
အပြေးပြိုင်ပွဲတွင် ပြေးသောသူအားလုံး ယှဉ်ပြိုင်ကြသော်လည်း တစ်ဦးတည်းသာ ဆုရသည်ကို သင်တို့သိကြသည်မဟုတ်လော။ သို့ဖြစ်၍ ဆုကို ဆွတ်ခူးရရှိနိုင်ရန်အတွက် ပြေးကြလော့။
နောက်တစ်ကြိမ် ကျွန်ုပ်ရောက်လာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ကျွန်ုပ်ကို နှိမ့်ချတော်မူ၍ ယခင်က ကျူးလွန်ခဲ့သည့် စက်ဆုပ်ညစ်ညမ်းခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ကာမဂုဏ်လိုက်စားခြင်းတို့ကို ယခုတိုင်အောင် ကျူးလွန်လျက် နောင်တမရသေးသောသူများစွာအတွက်ကြောင့် ကျွန်ုပ်ဝမ်းနည်းရမည်ကိုလည်း စိုးရိမ်၏။
ယူဆမှုမလွဲကြနှင့်။ ဘုရားသခင်ကို မည်သူမျှ လှည့်စား၍ မရ။ လူသည် မိမိစိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
မည်သူမျှ တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ အစာတစ်နပ်အတွက် သားဦးအရိုက်အရာကို ရောင်းခဲ့သည့် ဧသောကဲ့သို့ ဘုရားတရားမဲ့သူမဖြစ်စေရန် သတိပြုလော့။
ထိမ်းမြားလက်ထပ်ခြင်းကို လူတိုင်းတန်ဖိုးထားလေးစားရမည်။ အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး သစ္စာရှိရမည်။ ဘုရားသခင်သည် တရားနှင့်မညီသော မေထုန်ကို ပြုသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူတို့ကို စီရင်တော်မူလိမ့်မည်။
သားသမီးတို့… မည်သူမျှ သင်တို့ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်စွာ ပြုမူသောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသကဲ့သို့ ဖြောင့်မတ်၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။