မဿဲ 25:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း34 ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible34 ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible34 ယာ ဘက် တော် တွင် ရှိ နေ သူ တို့ အား၊ ထို ဘု ရင် မင်း က ငါ့ ခ မည်း တော်၏ ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ သူ တို့၊ ဤ လော က တည် သည့် ကာ လ က သင် တို့ အ ဖို့ ပြင် ဆင် ထား သော နိုင် ငံ တော် ကို လာ၍ ပိုင် ယူ ကြ။ အခန်းကိုကြည့်ပါ။Judson Bible34 ထိုအခါ လက်ယာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ34 ထိုအခါ လက်ယာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။- အခန်းကိုကြည့်ပါ။ |
ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ ဤသည်မှာ ဘုရားသခင်က “ထို့ကြောင့် ငါသည် အမျက်ထွက်ကာ ‘သူတို့သည် ငါ၏ စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်’ ဟူ၍ တိုင်တည်လျက် ပြောဆို၏” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့သော် ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ အမှန်စင်စစ် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူကတည်းက အမှုတော်သည် ပြီးမြောက်ပြီဖြစ်သော်လည်း ဤစကားကို မိန့်တော်မူ၏။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။