Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 6:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ကြလော့။ လူ​ကျူးလွန်တတ်သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​၏ ပြင်ပ​တွင် ဖြစ်​သော်လည်း တဏှာ​လွန်ကြူးသော​အပြစ်​မှာမူ မိမိ​ကိုယ်ခန္ဓာ​ကို ပြစ်မှားခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မ တ ရား သော မေ ထုန် ကို ရှောင် ကြဉ် ကြ လော့။ ပြု ကျင့် တတ် သော အ ခြား ပြစ် မှု အ မျိုး မျိုး သည် ကိုယ် ခ န္ဓာ ဗ ဟိ ဒ္ဓ၌ ဖြစ် သော် လည်း မ တ ရား သော မေ ထုန် ပြု သူ သည် ကိုယ့် ခ န္ဓာ ကို ပြစ် မှား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​ပြင်ပ​၌​ဖြစ်​၏။ တရားနှင့်မညီ​မေထုန်ပြု​သော​သူ​မူကား မိမိ​ကိုယ်ခန္ဓာ​ကို​ပြစ်မှား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 6:18
19 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ဘုရားသခင်​သည် သူတို့​ကို သူတို့​၏ စိတ်နှလုံး​တပ်မက်သော စက်ဆုပ်​ညစ်ညမ်းဖွယ်ရာများ​လက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့​သည် အချင်းချင်း​ဆက်ဆံ​၍ သူတို့​၏ ကိုယ်ခန္ဓာများ​ကို အသရေ​ပျက်စေကြ၏။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


နောက်​တစ်ကြိမ် ကျွန်ုပ်​ရောက်လာ​သောအခါ ဘုရားသခင်​သည် သင်တို့​ရှေ့​၌ ကျွန်ုပ်​ကို နှိမ့်ချ​တော်မူ​၍ ယခင်​က ကျူးလွန်ခဲ့သည့် စက်ဆုပ်​ညစ်ညမ်းခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ကာမဂုဏ်​လိုက်စားခြင်းတို့​ကို ယခု​တိုင်အောင် ကျူးလွန်​လျက် နောင်တ​မရသေးသောသူ​များစွာ​အတွက်​ကြောင့် ကျွန်ုပ်​ဝမ်းနည်း​ရမည်​ကို​လည်း စိုးရိမ်၏။


လူ့​ဗီဇစိတ်​၏ လုပ်ဆောင်ချက်​သည် သိသာ​ထင်ရှား၏။ ၎င်းတို့​မှာ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊


တရား​နှင့် မညီသော မေထုန်​ကို ပြုခြင်း၊ အမျိုးမျိုးသော စက်ဆုပ်​ညစ်ညမ်းမှု​ပြုခြင်း၊ လောဘ​လွန်ကြူးခြင်း​တို့​သည် ယုံကြည်သူများ​အတွက် မသင့်လျော်သည့် ဒုစရိုက်​အမှုများ ဖြစ်​သောကြောင့် သင်တို့​ထဲ၌ အရိပ်အယောင်​မျှပင် မရှိစေနှင့်။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


ဘုရားသခင်​သည် သင်တို့​ကို သန့်ရှင်း​စင်ကြယ်​စေရန်​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်​စေရန် အလိုတော်​ရှိ၏။


ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ ကိလေသာ​စိတ် မပြင်းပြရ။


ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ချစ်ရသော​သူတို့… သင်တို့​သည် ခေတ္တ​တည်းခိုသူ​ဧည့်သည်များ​ဖြစ်သည့်​အားလျော်​စွာ သင်တို့​၏​စိတ်ဝိညာဉ်​အား ဆန့်ကျင်​တိုက်ခိုက်နေသော လူ့​ဗီဇစိတ်​အလို​ကို မလိုက်​ရန် ကျွန်ုပ်​တိုက်တွန်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ