Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကော 12:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 နောက်​တစ်ကြိမ် ကျွန်ုပ်​ရောက်လာ​သောအခါ ဘုရားသခင်​သည် သင်တို့​ရှေ့​၌ ကျွန်ုပ်​ကို နှိမ့်ချ​တော်မူ​၍ ယခင်​က ကျူးလွန်ခဲ့သည့် စက်ဆုပ်​ညစ်ညမ်းခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ကာမဂုဏ်​လိုက်စားခြင်းတို့​ကို ယခု​တိုင်အောင် ကျူးလွန်​လျက် နောင်တ​မရသေးသောသူ​များစွာ​အတွက်​ကြောင့် ကျွန်ုပ်​ဝမ်းနည်း​ရမည်​ကို​လည်း စိုးရိမ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 နောက်​တစ်​ဖန်​သင်​တို့​ထံ​သို့​လာ​သော​အ​ခါ ငါ​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​သင်​တို့​ရှေ့ တွင်​အ​ရှက်​ရ​စေ​တော်​မူ​လိမ့်​မည်​လော​ဟူ​၍ လည်း​ကောင်း၊ ယ​ခင်​က​အ​ပြစ်​ကူး​ခဲ့​ကြ ပြီး​နောက်​ယ​ခု​တိုင်​အောင်​ပင်​နောင်​တ​မ​ရ​ဘဲ အ​ကျင့်​ပျက်​ပြား​လျက်​သူ​တစ်​ပါး​အိမ်​ရာ ကို​ပြစ်​မှား​၍​ကာ​မ​ဂုဏ်​လိုက်​စား​လျက်​ရှိ နေ​ကြ​သူ​များ​အ​တွက် ငါ​သည်​မျက်​ရည် ကျ​ရ​လိမ့်​မည်​လော​ဟူ​၍​လည်း​ကောင်း စိုး​ရိမ်​မိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ပြစ် မှား မြဲ ပြစ် မှား လျက် ညစ် ညူး မှု၊ မေ ထုန် မှု၊ ကာ မ ဂုဏ် လိုက် စား မှု များ ကို နောင် တ မဲ့ ပြု ကျင့် ခဲ့ သူ များ အ တွက် ငါ မြည် တမ်း ရ သည် နှင့် ရောက် လာ သော ငါ့ ကို သင် တို့ ကြောင့် ငါ ဘု ရား သ ခင် နှိမ့် ချ တော် မူ ဦး မည် ကို လည်း ကောင်း ငါ စိုး ရိမ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ထက်​က​ပြစ်​မှား၍ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို ပြု​မိ၍၊ ယ​ခု​တိုင်​အောင် နောင်​တ​မ​ရ​သော​သူ​အ​များ​ကြောင့် ငါ​စိတ်​မ​သာ ညည်း​တွား​ရ​သ​ဖြင့်၊ သင်​တို့​ရှေ့၌ ဘု​ရား​သ​ခင်​သည် ငါ့​ကို​နှိမ့်​ချ​တော်​မူ​မည် ဟူ၍​လည်း​ကောင်း စိုး​ရိမ်​ခြင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 နောက်တစ်ဖန် ငါ​လာ​သောအခါ ဘုရားသခင်​သည် သင်​တို့​ရှေ့၌ ငါ့​ကို​နှိမ့်ချ​တော်မူ​၍ ယခင်​က အပြစ်​ကျူးလွန်​ခဲ့​လျက်​ပင် မိမိ​တို့​ပြုကျင့်​ခဲ့​သည့် ညစ်ညူး​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ကို နောင်တ​မ​ရ​သေး​သော​သူ​များစွာ​ရှိ​သည့်​အတွက် ငါ​ဝမ်းနည်း​ကြေကွဲ​ရ​မည်​ကို​လည်း ငါ​စိုးရိမ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:21
37 ပူးပေါင်းရင်းမြစ်များ  

ဒုတိယ​အကြိမ် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိခဲ့​စဉ်က ယခင် အပြစ်​ကျူးလွန်သူများ​နှင့် အခြားသူ​အပေါင်းတို့​အား နောက်တစ်ကြိမ် ရောက်လာ​လျှင် ညှာတာမည်​မဟုတ်​ဟု သတိပေးခဲ့သည့်​အတိုင်း ယခု​အဝေး​၌ ရှိစဉ်​တွင်လည်း ထပ်မံ​၍ သတိပေးလိုက်၏။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


လူ့​ဗီဇစိတ်​၏ လုပ်ဆောင်ချက်​သည် သိသာ​ထင်ရှား၏။ ၎င်းတို့​မှာ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊


သင်တို့​ထဲမှ လူတစ်ယောက်​သည် မိထွေး​ဖြစ်သူ​နှင့် ပေါင်းသင်း​နေထိုင်​လျက်​ရှိကြောင်း ကျွန်ုပ်​ကြားသိရ၏။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​၌​ပင် ထိုကဲ့သို့ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း မရှိ။


ဤ​အကြောင်းအရာများ​ကို သက်သေခံတော်မူသော​အရှင်​က “ဧကန်​အမှန်​ပင် ငါ​သည် မကြာမီ​လာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်​ယေရှု… ကြွလာတော်မူပါ။


မြို့ပြင်​တွင်​မူ ခွေး​ဖြစ်သော​သူများ၊ ပြုစားသောသူများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တု​ကိုးကွယ်သူများ၊ လိမ်လည်ခြင်း​ကို နှစ်သက်​၍ ကျင့်သုံးသောသူ​အပေါင်းတို့ ရှိကြ၏။


သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


အချို့သော​သူတို့​ကို မီး​ထဲမှ ဆွဲထုတ်​၍ ကယ်ကြလော့။ လူ့​ဗီဇစိတ်​၏ အညစ်အကြေး​စွန်းထင်းနေသည့် သူတို့​၏​အဝတ်​ကို​ပင် ရွံမုန်း​၍ ကြောက်ရွံ့သော​စိတ်​နှင့် သူတို့​ကို သနားကြလော့။


ထို​ကဲ့သို့​ပင် သောဒုံမြို့၊ ဂေါမောရမြို့​နှင့် အနီး​ရှိ မြို့များ​မှ မြို့သူမြို့သားတို့​သည် လိင်မှု​ကျူးလွန်​၍ သဘာဝ​နှင့် ဆန့်ကျင်သော​မေထုန်​ကို ပြုကြ​သဖြင့် ထာဝရ​မီး​ဒဏ်​ကို ခံရ၏။ ထို့ကြောင့် ထို​မြို့တို့​သည် သင်ခန်းစာ​ယူစရာ​ဖြစ်လာကြ၏။


အဘယ်ကြောင့်ဆိုသော် သူတို့​သည် အကျိုးမဲ့ ချဲ့ကား​ကြွားဝါ​ပြောဆို​လျက် မှားယွင်း​စွာ ပြုမူ​နေထိုင်ကြ​သူတို့​ထဲမှ လွတ်မြောက်​ခါစ​ဖြစ်သော သူများ​ကို လူ့​ဗီဇစိတ်​၏​တပ်မက်မှုများ​နှင် ကိလေသာ​လွန်ကြူးခြင်း​တို့​ဖြင့် ဆွဲဆောင်ကြ​သောကြောင့်​ဖြစ်၏။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ကျွန်ုပ်​ရရှိသည့် ဗျာဒိတ်တော်​မှာ အလွန်​ထူးမြတ်​သောကြောင့် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ထဲ၌ ဆူးတစ်ခု​ကို ပေးတော်မူ၏။ ထို​ဆူး​မှာ ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​ကို ဒုက္ခပေးသည့် စာတန်​၏ တမန်​ဖြစ်၏။


သင်တို့​အကြွင်းမဲ့ နာခံကြ​သောအခါ ကျွန်ုပ်တို့​သည် မနာခံသောသူ​အပေါင်းတို့​ကို ပြစ်ဒဏ်ပေး​ရန် အသင့်​ရှိမည်။


ထို့ကြောင့် သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို သူတို့​အား ပြ​၍ သင်တို့​အကြောင်း ကျွန်ုပ်တို့ ကြွားဝါထားသော​အရာများ​ကို အသင်းတော်များ ရှေ့​၌ သက်သေပြကြလော့။


နေ့အချိန်​၌ ပြုမူနေထိုင်​သကဲ့သို့ သင့်တင့်​လျောက်ပတ်​စွာ ပြုမူနေထိုင်​ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား​မူးယစ်ခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ ကိလေသာ​လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း​နှင့် မနာလိုခြင်း​တို့ကို ရှောင်ကြဉ်ရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ