Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ယေရှု​က “သင်တို့​သည် လှည့်စား​မခံရ​စေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​သည် ငါ့​အယောင်​ကို​ဆောင်​၍ ‘ငါ​သည် ယေရှု​ဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်​နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြ​လိမ့်မည်။ သို့သော် ထို​သူတို့​နောက်သို့ မလိုက်ကြနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ကိုယ် တော် က ဖြား ယောင်း မ ခံ ရန် သ တိ မူ ကြ လော့။ များ စွာ သော သူ တို့ က ငါ ဖြစ် သည် ဟူ၍ လည်း ကောင်း၊ အ ချိန် စေ့ ပြီ ဟူ၍ လည်း ကောင်း ဆို လျက် ငါ့ နာ မ နှင့် ရောက် လာ ကြ လိမ့် မည်။ ထို သူ တို့ နောက် မ လိုက် မ သွား ကြ လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ကိုယ်တော်​က​လည်း“သင်​တို့​သည် လှည့်ဖြား​ခြင်း​မ​ခံရ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ့​အဖြစ်​အယောင်ဆောင်​လျက်​ရောက်လာ​၍ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟူ၍​လည်းကောင်း၊ ‘အချိန်​နီးကပ်​လာ​ပြီ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။ ထို​သူ​တို့​၏​နောက်​သို့​မ​လိုက်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

8 ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:8
26 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​အတုအယောင်​များစွာ ပေါ်လာ​၍ လူ​များစွာ​တို့​ကို လှည့်ဖြားကြ​လိမ့်မည်။


“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။


ထို​အချိန်​မှ​စ​၍ ယေရှု​က “ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် နောင်တရကြလော့” ဟု စတင်​ဟောပြောတော်မူ၏။


လူတို့​က ‘ထို​နေရာ​ကို ကြည့်လော့။ ဤ​နေရာ​ကို ကြည့်လော့’ ဟု ပြော​သော်လည်း သူတို့​နောက်သို့ လိုက်​၍ မသွားကြနှင့်။


သူတို့​က ယေရှု​အား “ဆရာတော်… ဤ​အရာများ​သည် မည်သည့်​အချိန်​တွင် ဖြစ်ပျက်ပါမည်နည်း။ ဤ​အရာများ ဖြစ်ပျက်မည့်​အချိန်​တွင် မည်သည့်​နိမိတ်​လက္ခဏာများ ဖြစ်ပေါ်​လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။


စစ်ပွဲများ​နှင့် ဆူပူအုံကြွမှု​အကြောင်းများ​ကို သင်တို့​ကြား​သောအခါ မတုန်လှုပ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဤ​အရာများ​သည် ဦးစွာ​ဖြစ်လာ​ရမည်​မှန်​သော်လည်း ကမ္ဘာ​ကုန်ဆုံးချိန်​သည် ချက်ချင်း​ကျရောက်မည် မဟုတ်” ဟု မိန့်တော်မူ၏။


ငါ​သည် ခမည်းတော်​၏ အခွင့်​နှင့် လာ​သော်လည်း သင်တို့​သည် ငါ့​ကို လက်မခံကြ။ အခြား​သူ​တစ်ဦး​သည် ကိုယ်ပိုင်​အခွင့်​နှင့် လာ​ပါက သင်တို့​သည် ထို​သူ​ကို လက်ခံကြ​လိမ့်မည်။


ထို့ကြောင့် ‘သင်တို့​သည် သင်တို့​၏​အပြစ်​ကြောင့် သေဆုံးကြရမည်’ ဟု ငါ​ပြောဆိုခြင်း​ဖြစ်၏။ ငါ​သည် ထို​အရှင်​ဖြစ်ကြောင်း သင်တို့ မယုံကြည်​သရွေ့ သင်တို့​သည် သင်တို့​၏ အပြစ်​ကြောင့် သေဆုံးကြရမည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ယေရှု​က “သင်တို့​သည် လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် တင်ထား​သောအချိန်​၌ ငါ​သည် ထို​အရှင်​ဖြစ်ကြောင်း​ကို​လည်းကောင်း၊ ငါ​သည် မည်သည့်​အမှု​ကိုမျှ မိမိ​သဘော​ဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်​ညွှန်ကြားတော်မူသည့်​အတိုင်း ဟောပြောသည်​ကို​လည်းကောင်း သိကြ​လိမ့်မည်။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


အချည်းနှီးသော စကားများ​ဖြင့် မည်သူမျှ သင်တို့​ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များ​ကြောင့် မနာခံသော​သူတို့​အပေါ် ဘုရားသခင်​၏ အမျက်တော် ကျရောက်၏။


မည်သူမျှ သင်တို့​ကို မည်သည့်​နည်းမျိုး​ဖြင့် မလှည့်ဖြားစေနှင့်။ ဘုရားသခင်​ကို ဆန့်ကျင်​ပုန်ကန်မှု​ဖြစ်ပျက်​၍ တရားမဲ့သူ​ဖြစ်သော ပျက်စီးခြင်း​၏​သား မပေါ်ပေါက်​မီ​အထိ ထို​နေ့ရက်​သည် ကျရောက်လာမည် မဟုတ်ပေ။


ဆိုးညစ်သော​သူများ​နှင့် ယောင်ဆောင်​လှည့်ဖြားသူများ​သည် သူတစ်ပါး​ကို လှည့်ဖြား​ပြီး ကိုယ်တိုင်​လည်း လှည့်ဖြားခံရ​လျက် ဆိုးသည်​ထက် ပို​၍ ဆိုးလာ​လိမ့်မည်။


ချစ်ရသော​သူတို့… ဝိညာဉ်တော်​အားဖြင့် ဟောပြောသည်​ဟု ပြောဆိုသူ​တိုင်း​ကို မယုံကြနှင့်။ ထို​ဝိညာဉ်တို့​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဟုတ်မဟုတ်​ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​အတုအယောင်​များစွာတို့​သည် ဤ​လောက​၌ ပေါ်လာကြ​သောကြောင့်​ဖြစ်၏။


ယေရှု​ခရစ်တော်​သည် လူသား​အဖြစ် ကြွလာတော်မူသည်​ကို ဝန်မခံသော​လှည့်ဖြားသူ​များစွာ​သည် ဤ​လောက​၌ ပေါ်လာ​သဖြင့် ဤ​အကြောင်းအရာ​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။ ထိုသို့သော​သူ​သည် လှည့်ဖြားသူ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ​လည်း ဖြစ်၏။


ဤ​ပရောဖက်ပြု​ဟောပြောချက်​သည် ဖြစ်ပျက်​ရန် အချိန်​နီးလာ​သောကြောင့် ၎င်း​ကို ဖတ်သောသူ​နှင့် ကြားနာ​၍ လိုက်နာသော​သူတို့​သည် မင်္ဂလာရှိကြ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ