Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 5:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ကျွန်ုပ်​ဆိုလိုသည်​မှာ ယုံကြည်သူ​ဖြစ်သည်​ဟု ဆို​လျက် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တု​ကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူ​ဖြစ်နေ​လျှင် ထို​သူ​နှင့် မပေါင်းဖော်ကြ​ရန် သာမက သူ​နှင့်အတူ စားသောက်ခြင်း​ကိုပင် မပြုကြနှင့်​ဟူ၍ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 မိ​မိ​ကိုယ်​ကို​ညီ​အစ်​ကို​ဟု​ဆို​လျက် ကာ​မ ဂုဏ်​လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ များ၊ ရုပ်​တု​ဆင်း​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ​များ၊ သေ​သောက် ကြူး​သူ​များ၊ သူ​ခိုး​များ​ဖြစ်​သူ​တို့​ကို​ဆို လို​၏။ ထို​လူ​စား​မျိုး​နှင့်​အ​တူ​စား​သောက် ခြင်း​ကို​ပင်​မ​ပြု​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ယ ခု မှာ ညီ အစ် ကို အ ခေါ် ခံ ရ သူ သည် မ တ ရား မေ ထုန် ပြု သူ၊ လော ဘ ရှိ သူ၊ ရုပ် ပွား ဆင်း တု ကိုး ကွယ် သူ၊ ကဲ့ ရဲ့ သူ၊ သောက် ကြူး သူ၊ လု ယက် သူ ဖြစ် လျင် ထို သို့ သော သူ နှင့် မ ပေါင်း ဖော် ရ၊ အ တူ မ စား မ သောက် ရ ဟု ငါ ရေး လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ယ​ခု​မူ​ကား ညီ​အစ်​ကို​ဟု ခေါ်​ဝေါ်​သော​သူ​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း၊ ဆဲ​ရေး​ကဲ့​ရဲ့​ခြင်း၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​ခြင်း၊ အ​နိုင်​အ​ထက်​လု​ယူ​ခြင်း​မှ​စ၍၊ ထို​သို့​သော​အ​မှု​ကို ပြု​သော​သူ​နှင့် မ​ပေါင်း​ဖော်​ရ​သည်​သာ​မ​က၊ ထို​သူ​နှင့်​အ​တူ စား​သောက်​ခြင်း​ကိ​စ္စ​ကို​မျှ​မ​ပြု​ရ​ဟု ငါ​ရေး​ထား၍ ပ​ညတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သို့သော် အမှန်အားဖြင့် သင်​တို့​ထံ ငါ​ရေး​ခဲ့​သည်​မှာ ညီအစ်ကို​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သူ​တစ်စုံတစ်ဦး​သည် တရားနှင့်မညီ​မေထုန်ပြု​သူ၊ လောဘ​လွန်ကျူး​သူ၊ ရုပ်တု​ကိုးကွယ်​သူ၊ ဝေဖန်​ပုတ်ခတ်​သူ၊ သောက်​စား​မူးယစ်​သူ၊ လိမ်လည်​လုယူ​သူ​ဖြစ်​လျှင် ထိုကဲ့သို့သော​သူ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။ သူ​နှင့်အတူ​စား​သောက်​ခြင်း​ပင် မ​ပြု​ကြ​နှင့်​ဟူ၍​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 5:11
47 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် သူတို့​၏ စကား​ကို နားမထောင်ဘဲ​နေ​လျှင် ဤ​အမှု​ကို အသင်းတော်​သို့ တင်ပြလော့။ ထို​သူ​သည် အသင်းတော်​၏​ဆုံးဖြတ်ချက်​ကို​ပင်လျှင် နားမထောင်​ပါက ဘုရားသခင်​ကို မကိုးကွယ်သော​သူ​နှင့် အကျင့်ပျက်သော​အခွန်ကောက်သူ​ကဲ့သို့ သူ့​အား သတ်မှတ်လော့။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ခွက်​နှင့်​ပန်းကန်​၏ အပြင်ဘက်​ကို ဆေးကြောကြ​သော်လည်း အတွင်း​၌​မူ လောဘကြီးခြင်း၊ စိတ်အလိုလိုက်ခြင်း​တို့​နှင့် ပြည့်ကြ​သောကြောင့်​ဖြစ်၏။


ဖာရိရှဲ​သည် တစ်ဦးတည်း ရပ်​လျက် ‘ဘုရားသခင်… အကျွန်ုပ်​သည် အခြားသူများ​ကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူ မဟုတ်​သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤ​အခွန်​ကောက်သူ​ကဲ့သို့ မဟုတ်သည့်​အတွက်​လည်း ကျေးဇူးတင်ပါ၏။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


အရေအတွက်​အားဖြင့် တစ်ရာ့နှစ်ဆယ်​ခန့်​ရှိသော ယုံကြည်သူများ​အလယ်​၌ ပေတရု​သည် ထ​၍


ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့ ဝင်လေ၏။ သူ​၏​လက်​ကို ရှောလု​ပေါ်သို့ တင်​လျက် “ငါ့​ညီ​ရှောလု… သင်​လာသော​လမ်း​တွင် သင့်​အား​ကိုယ်ထင်ပြသော သခင်​ယေရှု​က သင့်​မျက်စိ​ပြန်မြင်​စေရန်​နှင့် သင့်​ကို သန့်ရှင်းသော​ဝိညာဉ်တော်​နှင့်​ပြည့်ဝ​စေရန် ငါ့​ကို​စေလွှတ်လိုက်ပါ၏” ဟု ပြော၏။


နေ့အချိန်​၌ ပြုမူနေထိုင်​သကဲ့သို့ သင့်တင့်​လျောက်ပတ်​စွာ ပြုမူနေထိုင်​ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စား​မူးယစ်ခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ ကိလေသာ​လွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း​နှင့် မနာလိုခြင်း​တို့ကို ရှောင်ကြဉ်ရမည်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သင်ယူထားသော သွန်သင်ချက်​ကို ဆန့်ကျင်​၍ စိတ်ဝမ်းကွဲစရာ​နှင့် မှားယွင်းစရာတို့​ကို ဖြစ်စေသော​သူတို့​အား သတိပြု​လျက် ရှောင်ရှား​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။


ထို့ကြောင့် ချစ်ရသော​သူတို့… ရုပ်တုကိုးကွယ်ခြင်း​ကို ရှောင်ကြဉ်ကြလော့။


အဘယ်ကြောင့်ဆိုသော် သင်တို့​ထဲမှ တချို့​သည် မိမိ​အစားအစာ​ကို မည်သူ့​ကိုမျှ မဝေမျှဘဲ မိမိ​ဘာသာ စားနှင့်ကြ​သောကြောင့် ဆာသူ​က​ဆာ၊ မူးသူ​က​မူး ဖြစ်နေကြ၏။


သူခိုးများ၊ လောဘကြီးသူများ၊ သောက်စား​မူးရူးသူများ၊ ဆဲရေး​တိုင်းထွာသူများ၊ လှည့်စား​လိမ်ယူသူများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေ​ခံရကြမည်​မဟုတ်ပေ။


ယခု​တွင်မူ မယုံကြည်သူများ​ထံသို့ သွား​၍ ယုံကြည်သူ​အချင်းချင်း တရားစွဲဆိုကြပေပြီ။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


သခင်ဘုရား​ထံမှ လာသော ပညတ်​မဟုတ်​သော်လည်း အခြားသော​သူတို့​အား ကျွန်ုပ်​ပြောလို၏။ ယုံကြည်သော​အမျိုးသား​တစ်ဦး​တွင် မယုံကြည်သော​ဇနီး ရှိ​ပြီး ထို​ဇနီး​သည် သူ​နှင့်အတူ ဆက်​၍ ပေါင်းသင်းနေထိုင်​လို​ပါက သူ​သည် ထို​ဇနီး​ကို မကွာရှင်းရ။


သို့သော် မယုံကြည်သော​ခင်ပွန်း၊ သို့မဟုတ် ဇနီး​က ကွာရှင်း​လို​လျှင် ကွာရှင်းပါစေ။ ထို​အခြေအနေ​မျိုး​တွင် ယုံကြည်သော​ခင်ပွန်း​ဖြစ်စေ၊ ဇနီး​ဖြစ်စေ ထို​သူ​နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်​သည် သင်တို့​အား ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးကောက်တော်မူ၏။


ထို့ကြောင့် ခရစ်တော် အသေခံပေးခဲ့သော ယုံကြည်သူ​ဖြစ်သည့် ထို​အားနည်းသူ​သည် သင်​၏ အသိပညာ​ကြောင့် ပျက်စီးသွားရ၏။


သူ​သည် ယာကုပ်​စေလွှတ်လိုက်သော​သူများ ရောက်မလာ​မီ လူမျိုးခြားတို့​နှင့်အတူ စားသောက်​လေ့​ရှိ၏။ သို့သော် ထို​သူတို့ ရောက်လာ​သောအခါ လူမျိုးခြားတို့​နှင့် မစားသောက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူ​ရန် လိုအပ်ကြောင်း အခိုင်အမာ​ပြောဆိုသော​သူတို့​၏ ဝေဖန်မှု​ကို ကြောက်​သောကြောင့်​ဖြစ်၏။


ဘဝ​ပျက်စေသော သောက်စား​မူးယစ်ခြင်း​ကို ရှောင်ကြဉ်​၍ သင်တို့​၏ ဘဝ​ကို ဝိညာဉ်တော်​နှင့် ပြည့်ဝစေကြလော့။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တု​ကိုးကွယ်ခြင်း ဖြစ်သည့် လောဘ​လွန်ကြူးသောသူ တစ်ယောက်​မျှ ခရစ်တော်​နှင့် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။


သူ​သည် သောက်စား​မူးယစ်သူ၊ ခက်ထန်​ကြမ်းကြုတ်သူ၊ ခိုက်ရန်​ဖြစ်ပွားသူ၊ ငွေမက်သူ​မဟုတ်ဘဲ ထောက်ထား​ညှာတာသူ ဖြစ်ရမည်။


ထို့ပြင် အသိစိတ်​ဖောက်ပြန်ပြီး အမှန်တရား​ကို ကျောခိုင်းသော​သူတို့​အကြား အဆုံးမသတ်နိုင်သော​အငြင်းပွားမှုများ ဖြစ်လာ၏။ ထို​သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်း​လျှင် အကျိုးစီးပွား​ဖြစ်သည်​ဟု ထင်မှတ်ကြ၏။


တစ်စုံတစ်ယောက်​သည် သင်တို့​ထံသို့ လာ​၍ ဤ​သွန်သင်ချက်​ကို မဝေမျှ​လျှင် ထို​သူ​ကို သင်တို့​အိမ်​သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်း​လည်း မဆက်ကြနှင့်။


သို့ရာတွင် ငါ​သည် သင့်​အား အပြစ်​ပြောစရာ အနည်းငယ်​ရှိ၏။ သင်တို့​တွင် မှားယွင်းသည့်​ပရောဖက်​ဗာလမ်​၏ သွန်သင်ချက်​ကို လိုက်နာသော​သူများ​ရှိကြ၏။ အစ္စရေး​လူမျိုးတို့​သည် ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​ကို စား​ရန်​လည်းကောင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်​လည်းကောင်း အစ္စရေး​လူမျိုးတို့​ရှေ့မှောက်​၌ တိုက်မိ​စရာ ဆူးငြောင့်ခလုတ်​ကို​ချထား​ရန် ဗာလမ်​သည် ဗာလက်မင်း​အား သွန်သင်ခဲ့၏။


သို့သော်လည်း ငါ​သည် သင့်​အား အပြစ်​ပြောစရာ တစ်ခု​ရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မ​ဟု​ဆိုသော​ယေဇဗေလ​အမည်​ရှိသည့် အမျိုးသမီး​ကို သင်​ခွင့်ပြုထားခဲ့၏။ သူ​သည် ငါ​၏​အစေခံများ​အား တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်​လည်းကောင်း၊ ရုပ်တု​အား ပူဇော်သည့်​အစားအစာများ​ကို​စား​ရန်​လည်းကောင်း သွန်သင်​၍ လမ်းမှားစေခဲ့၏။


သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


မြို့ပြင်​တွင်​မူ ခွေး​ဖြစ်သော​သူများ၊ ပြုစားသောသူများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တု​ကိုးကွယ်သူများ၊ လိမ်လည်ခြင်း​ကို နှစ်သက်​၍ ကျင့်သုံးသောသူ​အပေါင်းတို့ ရှိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ