Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 5:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထိုသို့ ဆိုရာ​တွင် ဤ​လောက​ရှိ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လောဘကြီးသူများ၊ လိမ်လည်​လှည့်ဖြားသူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လုံးဝ​မပေါင်းဖော်ရ​ဟု မဆိုလိုပါ။ ထိုသို့​သာ ဆိုရ​လျှင် ထိုကဲ့သို့သော​သူများ​ကို ရှောင်ကြဉ်​ရန် သင်တို့​သည် ဤ​ကမ္ဘာ​လောက​မှ ထွက်ခွာသွား​ရပေမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​မှာ​ကြား​ရာ​တွင်​ဤ​လော​က​ရှိ​ကာ​မ​ဂုဏ် လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သူ​ခိုး​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​ကို​မ​ပေါင်း ဖော်​ရ​ဟု​မ​ဆို​လို။ ထို​သူ​တို့​ကို​ရှောင်​ရှား​ရ မည်​ဆို​ပါ​က​သင်​တို့​သည်​ဤ​လော​က​မှ လုံး​ဝ​ထွက်​ခွာ​သွား​ရ​ပေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဤ လော က ရှိ မ တ ရား မေ ထုန် ပြု သူ၊ လော ဘ ရှိ၍ လု ယက် သူ၊ ရုပ် ပွား ဆင်း တု ကိုး ကွယ် သူ တို့ ကို ငါ မ ဆို လို။ ထို သို့ ဆို လျှင် သင် တို့ သည် ဤ လော က မှ ထွက် သွား ရန် ရှိ တော့ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​သို့​ရေး​ထား​သော်၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​အ​မှု​ကို ပြု​သော လော​ကီ​သား​တို့​နှင့် အ​လျှင်း​မ​ပေါင်း​ဖော်​ရ​ဟု မ​ဆို​လို။ ထို​သို့​ဆို​လျှင်၊ သင်​တို့​သည် လော​ကီ​မှ ထွက်​သွား​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သို့ရာတွင် ဤ​လောက​ရှိ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လောဘ​လွန်ကျူး​၍ လိမ်လည်​လုယူ​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လုံးဝ​အပေါင်းအဖော်​မ​ပြု​ရ​ဟု ငါ​ဆိုလို​သည်​မ​ဟုတ်။ ထိုသို့ဆိုလျှင် သင်​တို့​သည် ဤ​လောက​မှ ထွက်ခွာ​သွား​ရန်​သာ​ရှိ​တော့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 5:10
18 ပူးပေါင်းရင်းမြစ်များ  

ဖာရိရှဲ​သည် တစ်ဦးတည်း ရပ်​လျက် ‘ဘုရားသခင်… အကျွန်ုပ်​သည် အခြားသူများ​ကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူ မဟုတ်​သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤ​အခွန်​ကောက်သူ​ကဲ့သို့ မဟုတ်သည့်​အတွက်​လည်း ကျေးဇူးတင်ပါ၏။


သင်တို့​သည် ဤ​လောကီ​နှင့် သက်ဆိုင်သူများ​ဖြစ်​ပါက လောကီသားတို့​သည် မိမိတို့​၏​မိသားစုဝင်များ​ကဲ့သို့ သင်တို့​ကို ချစ်ကြ​လိမ့်မည်။ သို့သော် သင်တို့​သည် ဤ​လောက​နှင့် မသက်ဆိုင်။ ငါ​သည် သင်တို့​ကို ဤ​လောက​မှ ရွေးချယ်ထား​သောကြောင့် လောကီသားတို့​သည် သင်တို့​ကို မုန်းကြ၏။


ဤ​လောက​ထဲမှ ရွေးကောက်​၍ အကျွန်ုပ်​ထံ ပေးအပ်တော်မူသော​သူတို့​အား ကိုယ်တော်​အကြောင်း​ကို အကျွန်ုပ်​ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်​သည် ထို​သူတို့​ကို ပိုင်တော်မူ​၍ အကျွန်ုပ်​အား ပေးအပ်တော်မူပြီ။ သူတို့​သည်လည်း ကိုယ်တော်​၏ နှုတ်ကပတ်​တရားတော်​ကို လိုက်နာကြပါပြီ။


အကျွန်ုပ်​သည် သူတို့​အတွက် ဆုတောင်းပါ၏။ လောကီသားတို့​အတွက် ဆုတောင်း​သည် မဟုတ်ပါ။ အကျွန်ုပ်​ကို ပေးအပ်တော်မူသော​သူတို့​အတွက် ဆုတောင်းပါ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အဖ​ပိုင်တော်မူသော​သူများ​ဖြစ်၏။


ယေရှု​က “သင်တို့​သည် အောက်အရပ်​က ဖြစ်ကြ၏။ ငါ​သည် အထက်အရပ်​က ဖြစ်၏။ သင်တို့​သည် လောကီသားများ​ဖြစ်ကြ၏။ ငါ​သည် လောကီသား​မဟုတ်။


ထို့ကြောင့် ပညာရှင်​သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာ​သည် အဘယ်မှာနည်း။ ဤ​လောက​၏ ဝေဖန်ရေး​ဆရာ​သည် အဘယ်မှာနည်း။ ဘုရားသခင်​သည် လောကီ​ပညာ​ကို မိုက်မဲစေတော်မူပြီ​မဟုတ်လော။


မယုံကြည်သောသူ​တစ်ယောက်​က ညစာ​စား​ရန် ဖိတ်ခေါ်​လျှင် သင်တို့​သွား​လို​ပါက သွားကြလော့။ ကျွေးမွေး​သမျှ​ကိုလည်း လိပ်ပြာသန့်သန့်​ဖြင့် မစစ်ဆေး​မမေးမြန်းဘဲ စားကြလော့။


ကျွန်ုပ်​ဆိုလိုသည်​မှာ ယုံကြည်သူ​ဖြစ်သည်​ဟု ဆို​လျက် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တု​ကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူ​ဖြစ်နေ​လျှင် ထို​သူ​နှင့် မပေါင်းဖော်ကြ​ရန် သာမက သူ​နှင့်အတူ စားသောက်ခြင်း​ကိုပင် မပြုကြနှင့်​ဟူ၍ ဖြစ်၏။


ယခင်က သင်တို့​ထံ ပို့သည့် စာ​၌ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ​နှင့် မပေါင်းဖော်ကြ​ရန် ကျွန်ုပ်​ရေးသား​မှာကြားခဲ့၏။


ဤ​လောက​၏ ဘုရား​ဖြစ်သော စာတန်​သည် မယုံကြည်သောသူတို့​၏ စိတ်နှလုံး​ကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​၏ ပုံသဏ္ဌာန်တော်​ဖြစ်သည့် ခရစ်တော်​၏ ဘုန်းအသရေ​နှင့်​ပြည့်စုံသော သတင်းကောင်း​၏​အလင်း​ကို မမြင်နိုင်ခြင်း​ဖြစ်၏။


ထိုသို့ သင်တို့​သည် ဘုရားသခင်​ကို မနာခံသော​သူတို့​ထဲ၌ သက်ဝင်လှုပ်ရှား​လျက်​ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ​ဆိုင်ရာ တန်ခိုးများ​ကို ကြီးစိုးသော​မင်း​ကို နာခံ​၍ လောကီသားများ​၏​လမ်းစဉ်​အတိုင်း အပြစ်ပြု​လျက် နေထိုင်ကြ၏။


ထိုသို့​ပြု​လျှင် ဖောက်ပြန်​ကောက်ကျစ်သည့်​သူများ​၏ အလယ်​တွင် သင်တို့​သည် ဖြူစင်​ရိုးသား​ပြီး အပြစ်ဆိုဖွယ်​မရှိသောသူများ၊ အပြစ်အနာအဆာ​ကင်းသော ဘုရားသားသမီးများ ဖြစ်ကြ​လိမ့်မည်။ ဤ​လောက​၌ ထို​သူတို့​၏ အလယ်​တွင် ကြယ်များ​ကဲ့သို့ ထွန်းလင်း​တောက်ပကြ​လိမ့်မည်။


ထို​ပရောဖက်တို့​သည် ဤ​လောက​၏​သားများ​ဖြစ်​၍ လောကီ​အမြင်​ဖြင့် ပြောဆိုကြ​သဖြင့် လောကီသားတို့​သည် နားထောင်ကြ၏။


ချစ်ရသော​သူတို့… ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​ထံမှ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို သိသော​သူ​လည်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြောင်း​နှင့် လောကီသား​အပေါင်းတို့​သည် မာရ်နတ်​၏​ထိန်းချုပ်မှု​အောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့​သိကြ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ