Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 15:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 အလှည့်စား​မခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့​သည် ကောင်းသော​စာရိတ္တ​ကို ပျက်စီးစေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 သင်​တို့​အ​ယူ​အ​ဆ​မ​မှား​ကြ​နှင့်။ ``အ​ပေါင်း အ​သင်း​မ​ကောင်း​လျှင်​လူ​ကောင်း​ပျက်​စီး​တတ် ၏။-''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 အ ထင် မ လွဲ ကြ နှင့်။ ယုတ် မာ သော ပေါင်း သင်း ခြင်း ဖြင့် ပါ ရ မီ မြတ် ပျက် ယွင်း တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:33
17 ပူးပေါင်းရင်းမြစ်များ  

ပရောဖက်​အတုအယောင်​များစွာ ပေါ်လာ​၍ လူ​များစွာ​တို့​ကို လှည့်ဖြားကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


ယေရှု​က “သင်တို့​ကို မည်သူမျှ မလှည့်ဖြား​စေရန် သတိပြုကြလော့။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


ယူဆမှု​မလွဲကြနှင့်။ ဘုရားသခင်​ကို မည်သူမျှ လှည့်စား​၍ မရ။ လူ​သည် မိမိ​စိုက်ပျိုးသည့်​အတိုင်း ရိတ်သိမ်းရ​လိမ့်မည်။


အချည်းနှီးသော စကားများ​ဖြင့် မည်သူမျှ သင်တို့​ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များ​ကြောင့် မနာခံသော​သူတို့​အပေါ် ဘုရားသခင်​၏ အမျက်တော် ကျရောက်၏။


ထို့နောက် ပျက်စီးတော့မည့်​သူတို့​ကို မတရားသော နည်းပရိယာယ်​အမျိုးမျိုး​ဖြင့် လှည့်ဖြား​လိမ့်မည်။ သူတို့​ပျက်စီးတော့မည့် အကြောင်းအရင်း​သည် ကယ်တင်ခံရ​ရန် သမ္မာတရား​ကို နှစ်သက်​လက်ခံခြင်း မရှိ​သောကြောင့်​ဖြစ်၏။


မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။


လူများစွာတို့​သည် ထို​သူတို့​၏ ကိလေသာ​လွန်ကြူးခြင်း​လမ်းစဉ်​နောက်သို့ လိုက်ကြ​လိမ့်မည်။ ထို​ဆရာ​အတုအယောင်များ​ကြောင့် သမ္မာတရား​လမ်း​သည် စော်ကား​ပြောဆိုခံရ​လိမ့်မည်။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ