Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 3:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သင်တို့​သည် ဘုရားသခင်​၏ ဗိမာန်တော်​ဖြစ်ကြသည်​ကို​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​ကို​လည်းကောင်း မသိကြသလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ် သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ သည်​ကို​လည်း​ကောင်း​သိ​ကြ​သည်​မ​ဟုတ်​ပါ လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သင် တို့ သည် ဘု ရား သ ခင်၏ ဗိ မာန် တော် ဖြစ် ကြ သည် ကို လည်း ကောင်း၊ သင် တို့၌ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် ကိန်း ဝပ် တော် မူ သည် ကို လည်း ကောင်း မ သိ ကြ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော် ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​သည်​ကို​လည်း​ကောင်း မ​သိ​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​တို့​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 3:16
24 ပူးပေါင်းရင်းမြစ်များ  

ထို​အရှင်​သည် သမ္မာတရား​ကို ဖော်ပြသည့်​သန့်ရှင်းသော​ဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့​သည် ထို​ဝိညာဉ်တော်​ကို မြင်​လည်း​မမြင်၊ သိ​လည်း​မသိ​သောကြောင့် မခံယူနိုင်ကြ။ ထို​ဝိညာဉ်တော်​သည် သင်တို့​နှင့်အတူ တည်နေသည်​သာမက သင်​တို့​အထဲ​၌ ရှိနေမည်​ဖြစ်​သောကြောင့် ထို​အရှင်​ကို သင်တို့​သိကြ၏။


သင်တို့​သည် တစ်စုံတစ်ဦး​အား နာခံ​ရန် မိမိကိုယ်မိမိ ဆက်သ​လျှင် ထို​သူ​၏ ကျွန်​ဖြစ်လာသည်​ကို မသိသလော။ သို့ဖြစ်၍ သင်တို့​သည် သင်တို့​ကို သေစေမည့်​အပြစ်တရား​၏​ကျွန်​လည်း ဖြစ်နိုင်​သကဲ့သို့ ဖြောင့်မတ်​စွာ နေထိုင်စေမည့်​နာခံခြင်း​၏​ကျွန်​လည်း ဖြစ်နိုင်၏။


ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ရန် နှစ်ခြင်းမင်္ဂလာ​ကို ခံယူထားသော ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်အတူ အသေခံ​ရန်အတွက်​လည်း နှစ်ခြင်းမင်္ဂလာ​ခံယူသည်​ကို သင်တို့​မသိကြသလော။


ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် ခရစ်တော်​ကို သေခြင်း​မှ​ထမြောက်စေတော်မူသော ဘုရားသခင်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသော ထို​ဝိညာဉ်တော်​အားဖြင့် သင်တို့​၏ သေတတ်သော​ကိုယ်ခန္ဓာ​ကိုပင် ရှင်စေတော်မူ​လိမ့်မည်။


သို့သော် ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူ​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်​၏ အလို​အတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်​၏ ဝိညာဉ်တော်​ကို မရသောသူ​သည် ခရစ်တော်​နှင့် မသက်ဆိုင်။


တစ်စုံတစ်ယောက်​သည် ဘုရားသခင်​၏​ဗိမာန်တော်​ကို ဖျက်ဆီး​လျှင် ဘုရားသခင်​သည် ထို​သူ​ကို ဖျက်ဆီးတော်မူ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ ဗိမာန်တော်​သည် သန့်ရှင်း​၍ သင်တို့​သည် ထို​ဗိမာန်တော်​ဖြစ်ကြ​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ အမှုတော်​လုပ်ငန်း​တွင် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြ၏။ သင်တို့​သည် ဘုရားသခင်​၏ ဥယျာဉ်​ဖြစ်ကြ၏။ ဘုရားသခင်​၏ အဆောက်အအုံ​လည်း ဖြစ်ကြ၏။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


လူတစ်ဦး​သည် ပြည့်တန်ဆာ​နှင့် ပေါင်းဖော်​လျှင် ထို​သူ​သည် ထို​ပြည့်တန်ဆာ​နှင့် တစ်သားတည်း​ဖြစ်ကြောင်း​ကို သင်တို့​မသိကြသလော။ ကျမ်းစာ​၌ “သူတို့ နှစ်ဦးတို့​သည် တစ်သားတည်း ဖြစ်ကြ​လိမ့်မည်” ဟု ဖော်ပြထား၏။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံတော်​မှ သင်တို့​လက်ခံရရှိထားသည့် ဝိညာဉ်တော်​ဟူသော သင်တို့​အထဲ​၌ ကိန်းဝပ်နေသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဗိမာန်​ဖြစ်သည်​ကို မသိကြသလော။ သင်တို့​သည် မိမိကိုယ်ကိုယ် မပိုင်ကြ။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


ဗိမာန်တော်​၌ အမှုထမ်းသော​သူတို့​သည် ဗိမာန်တော်​မှ အစားအစာများ​ကို စားသောက်ရ​ပြီး ယဇ်ပလ္လင်​၌ အမှုထမ်းသော​သူတို့​သည် ယဇ်ပလ္လင်​မှ ရရှိသော ပူဇော်စရာများ​ကို မျှဝေ​ခံစားခွင့်​ရှိကြောင်း​ကို သင်တို့​မသိကြသလော။


အပြေးပြိုင်ပွဲ​တွင် ပြေးသောသူ​အားလုံး ယှဉ်ပြိုင်ကြ​သော်လည်း တစ်ဦးတည်း​သာ ဆုရသည်​ကို သင်တို့​သိကြသည်​မဟုတ်လော။ သို့ဖြစ်၍ ဆု​ကို ဆွတ်ခူးရရှိ​နိုင်ရန်​အတွက် ပြေးကြလော့။


ဘုရားသခင်​၏ ဗိမာန်တော်​သည် ရုပ်တုတို့​နှင့် မည်သို့ ပတ်သက်​စပ်လျဉ်းမှု​ရှိ​မည်နည်း။ ဘုရားသခင်​က “ငါ​သည် သူတို့​နှင့်အတူ နေထိုင်​၍ သူတို့​ထဲတွင် သွားလာမည်။ ငါ​သည် သူတို့​၏ ဘုရားသခင်​ဖြစ်​၍ သူတို့​သည်လည်း ငါ​၏ လူမျိုး​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​သည် အသက်ရှင်တော်မူသော​ဘုရားသခင်​၏ ဗိမာန်​ဖြစ်ကြ၏။


သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။


သင့်​ထံ၌ အပ်ထားသော​သတင်းကောင်း​တရား​ကို ကျွန်ုပ်တို့​ထဲ၌ ကိန်းဝပ်တော်မူသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကာကွယ်​စောင့်ရှောက်လော့။


သို့သော် ခရစ်တော်​သည် သားတော်​တစ်ပါး​အဖြစ် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုးရာ​တွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့​၏ စိတ်ချယုံကြည်မှု​နှင့်​ဂုဏ်ယူ​ဝင့်ကြွားစရာ မျှော်လင့်ခြင်း​ကို ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏​အိမ်တော်​ဖြစ်ကြ၏။


သစ္စာ​မရှိသော​သူတို့… လောက​နှင့်​မိတ်သဟာယဖွဲ့ခြင်း​သည် ဘုရားသခင်​နှင့် ရန်ဘက်​ပြုခြင်း​ဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောက​နှင့် မိတ်ဆွေ​ဖြစ်လိုသောသူ​သည် ဘုရားသခင်​၏ ရန်သူ​ဖြစ်၏။


သင်တို့​သည်လည်း အသက်ရှင်သော​ကျောက်များ​ကဲ့သို့ ဝိညာဉ်ရေးရာ​အိမ်တော်​တည်ဆောက်ရာ​တွင် ပါဝင်​အသုံးခံကြ၏။ ဤ​သည်​မှာ သင်တို့​သည် သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​၍ ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှစ်သက်ဖွယ် ဝိညာဉ်ရေးရာ​ပူဇော်စရာများ​ကို ပူဇော်​နိုင်ရန်​ဖြစ်၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ