၁ ကော 9:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 အပြေးပြိုင်ပွဲတွင် ပြေးသောသူအားလုံး ယှဉ်ပြိုင်ကြသော်လည်း တစ်ဦးတည်းသာ ဆုရသည်ကို သင်တို့သိကြသည်မဟုတ်လော။ သို့ဖြစ်၍ ဆုကို ဆွတ်ခူးရရှိနိုင်ရန်အတွက် ပြေးကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible24 အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible24 ပြေး တာ ဝင် သူ တိုင်း ပြေး သော် လည်း၊ တစ် ယောက် သာ ဆု ရ သည် ကို မ သိ ကြ လော။ ထို အ တိုင်း ရ ခြင်း ငှာ ပြေး ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible24 မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 အားကစားကွင်းထဲ၌ အပြေးပြိုင်သောသူတို့သည် အားလုံးပြေးကြသည်မှန်သော်လည်း တစ်ဦးတည်းသာ ဆုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုရရှိမည့်အကြောင်း ပြေးကြလော့။ အခန်းကိုကြည့်ပါ။ |
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။