သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောအစေခံသည် မည်သူနည်း။ ထိုသူမှာ အိမ်သူအိမ်သားများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူ ဖြစ်၏။
ဟေဗြဲ 13:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။ Common Language Bible သင်တို့အားဘုရားသခင်၏တရားတော်ကို ဟောပြောခဲ့သောသင်တို့၏ခေါင်းဆောင်များ ကိုသတိရကြလော့။ သူတို့အဘယ်သို့ပြု မူနေထိုင်ခဲ့သည်၊ အဘယ်သို့သေလွန်သွား ကြသည်ကိုဆင်ခြင်စဉ်းစားကြပြီးနောက် သူတို့ယုံကြည်ခြင်းကိုအတုယူကြလော့။- Garrad Bible ဘု ရား သ ခင့် တ ရား တော် ကို သင် တို့ အား ဟော ပြော ခဲ့ သော အ ကြီး အ မှူး များ ကို သ တိ ရ ကြ လော့။ မည် သို့ ကျင့် ကြံ ပြု မူ၍ စု တေ ကြ သည် ကို ဆင် ခြင် လျက် သူ တို့ ယုံ ကြည် ခြင်း ပုံ စံ ကို လိုက် ကြ လော့။ Judson Bible ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။ |
သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောအစေခံသည် မည်သူနည်း။ ထိုသူမှာ အိမ်သူအိမ်သားများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူ ဖြစ်၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။
ထို့ကြောင့် ယုံကြည်ခြင်းသည် သတင်းကောင်းဟူသော ခရစ်တော်၏ အကြောင်းကို ကြားနာခြင်းမှ ဖြစ်လာ၏။
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ကို အတုယူရာတွင် အချင်းချင်း ပူးပေါင်းပါဝင်ကြလော့။ ကျွန်ုပ်တို့ပြသော စံနမူနာအတိုင်း ပြုမူနေထိုင်ကြသောသူတို့ကို ကြည့်ရှုလေ့လာကြလော့။
သင်တို့သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့ကို အတုယူသူများဖြစ်ကြ၏။ သင်တို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခကြုံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် ဝမ်းမြောက်ခြင်းဖြင့် သတင်းကောင်းကို လက်ခံခဲ့ကြ၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
ကျွန်ုပ်တို့၏ စံနမူနာကို သင်တို့မည်သို့ ယူသင့်သည်ကို သိကြ၏။ ကျွန်ုပ်တို့သည် သင်တို့နှင့် အတူနေထိုင်စဉ်က ပျင်းရိလေလွင့်၍ မနေခဲ့ကြ။
ထိုသို့ လုပ်ရခြင်းသည် ကျွန်ုပ်တို့တွင် သင်တို့ထံက အကူအညီကို ရပိုင်ခွင့်မရှိသောကြောင့် မဟုတ်။ ကျွန်ုပ်တို့ထံက သင်တို့ယူစရာ စံနမူနာ ရှိစေလိုသောကြောင့် ဖြစ်၏။
မိမိအိမ်ထောင်ကို ဦးမဆောင်မစီမံနိုင်လျှင် ဘုရားသခင်၏ အသင်းတော်ကို မည်သို့ ပြုစုစောင့်ရှောက်နိုင်မည်နည်း။
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ဤသို့ဖြင့် သင်တို့သည် ပျင်းရိသောသူများမဖြစ်ဘဲ ကတိထားတော်မူသောအရာကို ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ရရှိသောသူတို့အား အတုယူရန်ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့ပေါ်တွင် ထိုင်နေသောသူတို့ကို ကျွန်ုပ်မြင်ရ၏။ ထိုသူတို့သည် တရားစီရင်ရန် အခွင့်အာဏာအပ်နှင်းခံကြရ၏။ သခင်ယေရှုအကြောင်းကို သက်သေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောကြောင့် ခေါင်းဖြတ်ခံရသောသူတို့၏ ဝိညာဉ်များကိုလည်း ကျွန်ုပ်မြင်ရ၏။ သူတို့သည် သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို မကိုးကွယ်ကြ။ သူတို့၏နဖူးနှင့် လက်များတွင် သားရဲ၏အမှတ်တံဆိပ်ကို မခံယူကြ။ သူတို့သည် အသက်ပြန်ရှင်၍ ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် အုပ်စိုးကြရ၏။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ယဇ်ပလ္လင်အောက်တွင် ဝိညာဉ်များစွာကို ကျွန်ုပ်မြင်ရ၏။ ထိုဝိညာဉ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ခရစ်တော်အကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသောကြောင့် အသတ်ခံရသည့် ဝိညာဉ်များဖြစ်ကြ၏။