Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 10:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့ကြောင့် ယုံကြည်ခြင်း​သည် သတင်းကောင်း​ဟူသော ခရစ်တော်​၏ အကြောင်း​ကို ကြားနာခြင်း​မှ ဖြစ်လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သို့​ဖြစ်​၍​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား နာ​ခြင်း​ကြောင့်​ယုံ​ကြ​၏။ ခ​ရစ်​တော်​အ​ကြောင်း ဟော​ပြော​ခြင်း​ကြောင့်​နှုတ်​က​ပတ်​တ​ရား​တော် ကို​ကြား​နာ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သို့ဖြစ်၍ ယုံကြည်​ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်​ပြီး ကြားနာ​ခြင်း​သည် ခရစ်တော်​၏​စကား​တော်​အားဖြင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 10:17
24 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​က “သင်တို့ ကြားနာရသည့်​အရာ​ကို အာရုံစိုက်ကြလော့။ သူတစ်ပါး​ကို ပေးသော​စံနှုန်း​နှင့်အညီ သင်တို့​သည်လည်း ပြန်ရ​လိမ့်မည်။ ထို​ထက်မက သင်တို့​လက်ခံရရှိ​လိမ့်မည်။


ယေရှု​ကလည်း “ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ကြား​၍ လိုက်နာသောသူ​သည် ပို၍ မင်္ဂလာ​ရှိ၏” ဟု မိန့်တော်မူ၏။


ထို​ပုံဥပမာ​၏​အဓိပ္ပာယ်​မှာ မျိုးစေ့​သည် ဘုရားသခင်​၏​တရားစကား​ဖြစ်၏။


ယေရှု​က “ဘုရားသခင်​၏​တရားစကား​ကို ကြား​၍ လိုက်နာဆောင်ရွက်သော​သူ​သည် ငါ့​မိခင်၊ ငါ့​ညီများ​ဖြစ်သည်” ဟု မိန့်တော်မူ၏။


ယောဟန်​၏ တပည့်​နှစ်ဦး​တို့​သည် ထို​စကား​ကို ကြား​သော် ယေရှု​နောက်တော်​သို့ လိုက်ကြ၏။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​အတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထို​သတင်းကောင်း​သည် ယုံကြည်သောသူများ​ဖြစ်သည့် ဦးစွာ ဂျူး​လူမျိုးများ၊ ထို့နောက် လူမျိုးခြားများ​ကို ကယ်တင်သော ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်​သောကြောင့်​ပင်။


သို့သော် ထို​အရှင်​ကို မယုံကြည်​လျှင် ထို​အရှင်​ထံ မည်သို့ ဆုတောင်း​နိုင်မည်နည်း။ ထို​အရှင်​၏ အကြောင်း​ကို မကြားဖူး​လျှင် ထို​အရှင်​ကို မည်သို့ ယုံကြည်​နိုင်မည်နည်း။ ဟောပြောသော​သူ မရှိ​လျှင် မည်သို့ ကြား​နိုင်မည်နည်း။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


သင်တို့​ထံမှ ကျွန်ုပ်​သိလိုသော​အရာ တစ်ခု​သာ ရှိ၏။ သင်တို့​သည် ဝိညာဉ်တော်​ကို ခံယူရရှိ​ရာတွင် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ခံယူရရှိသလော။ သို့မဟုတ် ကြားနာရသော သတင်းကောင်း​ကို ယုံကြည်ခြင်း​အားဖြင့် ခံယူရရှိသလော။


ထပ်မံ​၍ မေးလိုသည်​မှာ ဘုရားသခင်​သည် သင်တို့​အား ဝိညာဉ်တော်​ကို ပေးတော်မူ​၍ သင်တို့​အလယ်​၌ အံ့ဖွယ်​တန်ခိုးတို့​ကို ပြတော်မူသည်​မှာ ပညတ်တရား​ကို သင်တို့​လိုက်နာ​သောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်း​ကို သင်တို့​ယုံကြည်​သောကြောင့်လော။


ခရစ်တော်​၏ တရားတော်​ကို သင်တို့​အထဲ​၌ ပြည့်ပြည့်ဝဝ​တည်စေကြလော့။ တစ်ဦး​ကို​တစ်ဦး ဉာဏ်ပညာ​အမျိုးမျိုး​ဖြင့် သွန်သင်​၍ သတိပေး​ဆုံးမကြလော့။ ကျေးဇူးတင်သော​စိတ်​နှင့် ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ကို ဘုရားသခင်​ထံ လှိုက်လှိုက်လှဲလှဲ​သီဆိုကြလော့။


သင်တို့​သည် ကျွန်ုပ်တို့​ထံမှ ကြားနာသော ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို လူ့​စကား​အဖြစ် မဟုတ်ဘဲ ဘုရားသခင်​၏ နှုတ်ကပတ်တော်​အဖြစ် လက်ခံ​သောကြောင့် ဘုရားသခင်​ကို ကျွန်ုပ်တို့ အစဉ်အမြဲ​ကျေးဇူးတင်ကြ၏။ ထို​နှုတ်ကပတ်တော်​သည် အမှန်​ပင်လည်း ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဖြစ်​၍ ခရစ်တော်​ကို ယုံကြည်သော​သင်တို့​အထဲ​တွင် သက်ဝင်​လှုပ်ရှားတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ထို​သူတို့​နည်းတူ သတင်းကောင်း​ကို ကြားရ​သောကြောင့်​ဖြစ်၏။ သူတို့​မှာမူ ကြားရ​သော်လည်း မယုံကြည်​သောကြောင့် သူတို့​အတွက် အကျိုး​မရှိ။


သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။


သင်တို့​၏​ညီအစ်ကို​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် သင်တို့​နည်းတူ ယေရှု​၏​နောက်လိုက်​ဖြစ်သည်​နှင့်အညီ ဆင်းရဲဒုက္ခ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​နိုင်ငံတော်သား​ဖြစ်ခွင့်​ကို​လည်းကောင်း၊ စိတ်ရှည်​သည်းခံရခြင်း​ကို​လည်းကောင်း မျှဝေခံစားသည့် သင်တို့​၏​လုပ်ဖော်ကိုင်ဖက်​ဖြစ်၏။ ကျွန်ုပ်​သည် ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြောပြီး သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​သောကြောင့် ပတ်မုကျွန်း​သို့ ရောက်နေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ