Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 1:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 သင်တို့​သည် သခင်ဘုရား​နှင့် ကျွန်ုပ်တို့​ကို အတုယူ​သူများ​ဖြစ်ကြ၏။ သင်တို့​သည် ပြင်းထန်သော ဆင်းရဲဒုက္ခ​ကြုံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​ပေးသည့် ဝမ်းမြောက်ခြင်း​ဖြင့် သတင်းကောင်း​ကို လက်ခံခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သင်​တို့​သည်​ငါ​တို့​၏​ပုံ​စံ​နှင့်​သခင်​ဘု​ရား ၏​ပုံ​စံ​တော်​အ​တိုင်း​လိုက်​လျှောက်​ခဲ့​ကြ​၏။ သင်​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ ကြ​သော်​လည်း သန့်​ရှင်း​သော​ဝိညာဉ်​တော်​မှ ရ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့်​တ​ရား​တော် ကို​ခံ​ယူ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သင်​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော ဝမ်း​မြောက်​ခြင်း​နှင့်​တ​ကွ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍၊ ငါ​တို့​ကဲ့​သို့​သော​သူ၊ သ​ခင်​ဘု​ရား​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သင်​တို့​သည်​လည်း များစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲ၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ထံမှ​ရရှိ​သော​ဝမ်းမြောက်​ခြင်း​ဖြင့် နှုတ်ကပတ်တော်​ကို​လက်ခံ​၍ ငါ​တို့​နှင့်​သခင်​ဘုရား​ကို အတုယူ​သူ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 1:6
33 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​က “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။


တစ်ဖန် ယေရှု​က လူတို့​အား “ငါ​သည် လောက​၏ အလင်း​ဖြစ်၏။ ငါ့​နောက်သို့ လိုက်သော​သူ​သည် အသက်​၏​အလင်း​ကို ရရှိ​၍ အမှောင်ထု​ထဲ​တွင် သွားလာရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


တပည့်တော်များ​သည်လည်း ဝမ်းမြောက်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​လျက်​ရှိကြ၏။


တမန်တော်တို့​သည် ယေရှု​၏​အမည်​နာမ​ကြောင့် အရှက်ခွဲခြင်း​ကို​ခံထိုက်သူများ​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူ​သောကြောင့် ဝမ်းမြောက်​လျက် တရားလွှတ်တော်​မှ ထွက်သွားကြ၏။


ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​၌ အသင်းတော်​သည် ငြိမ်းချမ်း​၍ တည်တံ့ခိုင်မြဲ​လာ၏။ သခင်ဘုရား​ကို ကြောက်ရွံ့ခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏​နှစ်သိမ့်အားပေးခြင်း​တို့​ဖြင့် ရှင်သန်​၍ အသင်းသား​အရေအတွက်​သည်လည်း တိုးပွားလာ၏။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


ကျွန်ုပ်​သည် ခရစ်တော်​ကို အတုယူ​သကဲ့သို့ သင်တို့​သည်လည်း ကျွန်ုပ်​ကို အတုယူကြလော့။


သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


ထို့ကြောင့် ကျွန်ုပ်​ကို အတု​ယူကြ​ရန် တိုက်တွန်း​နှိုးဆော်၏။


ဝမ်းနည်းသောသူများ​ကဲ့သို့​ဖြစ်သော်လည်း အစဉ်အမြဲ​ဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူ​ကဲ့သို့​ဖြစ်​သော်လည်း လူအမြောက်အမြား​ကို ချမ်းသာ​စေကြ၏။ မည်သည့်​အရာ​မျှ မရှိသောသူ​ကဲ့သို့ ဖြစ်သော်လည်း အရာ​အားလုံး​ကို ပိုင်ဆိုင်ကြ၏။


ထိုသို့ သူတို့​သည် ကျွန်ုပ်တို့ မျှော်လင့်သည်​ထက် ပိုပြုကြ၏။ သူတို့​သည် ဦးစွာ ဘုရားသခင်​ထံ မိမိကိုယ်ကိုယ် ဆက်ကပ်​လှူဒါန်း​ပြီးနောက် ဘုရားသခင်​၏ အလိုတော်​အားဖြင့် ကျွန်ုပ်တို့​ထံ၌​လည်း ဆက်ကပ်​လှူဒါန်းကြ၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


သင်တို့​သည် ဘုရားသခင်​ချစ်တော်မူသော​သားသမီးများ ဖြစ်ကြသည့်​အလျောက် ဘုရားသခင်​ကို အတုယူကြလော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ကို အတုယူရာ​တွင် အချင်းချင်း ပူးပေါင်း​ပါဝင်ကြလော့။ ကျွန်ုပ်တို့​ပြသော စံနမူနာ​အတိုင်း ပြုမူ​နေထိုင်ကြသော​သူတို့​ကို ကြည့်ရှု​လေ့လာကြလော့။


ထို့ကြောင့် သင်တို့​သည် ညှဉ်းပန်းနှိပ်စက်ခြင်း​နှင့် ဆင်းရဲဒုက္ခ​အားလုံး​ကြားက​ပင် သည်းခံ​၍ ယုံကြည်​သဖြင့် ဘုရားသခင်​၏ အသင်းတော်များ​အလယ်​၌ သင်တို့​အကြောင်း ကျွန်ုပ်တို့​ကိုယ်တိုင် ဂုဏ်ယူ​ဝင့်ကြွားကြ၏။


ကျွန်ုပ်တို့​၏ စံနမူနာ​ကို သင်တို့​မည်သို့ ယူ​သင့်သည်​ကို သိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​နှင့် အတူ​နေထိုင်​စဉ်က ပျင်းရိ​လေလွင့်​၍ မနေခဲ့ကြ။


ထိုသို့ လုပ်ရခြင်း​သည် ကျွန်ုပ်တို့​တွင် သင်တို့​ထံက အကူအညီ​ကို ရပိုင်ခွင့်​မရှိ​သောကြောင့် မဟုတ်။ ကျွန်ုပ်တို့​ထံက သင်တို့​ယူစရာ စံနမူနာ ရှိစေလို​သောကြောင့် ဖြစ်၏။


အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။


သင်တို့​သည် အကျဉ်းကျ​နေသူများ​အပေါ် စာနာစိတ်​ထားကြ၏။ ဥစ္စာပစ္စည်းများ​ကို အဓမ္မ​လုယူခံရ​သော်လည်း ဝမ်းမြောက်​စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထို​အရာများ​ထက် ပိုမို​ကောင်းမြတ်ပြီး ထာဝရ​တည်မြဲသော​အရာများ​ကို ပိုင်ဆိုင်ထားသည်​ကို သိကြ​သောကြောင့်​ဖြစ်၏။


ယခု​တွင်မူ သင်တို့​သည် ဆင်းရဲဒုက္ခ​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​မျှ ဝမ်းနည်းကြ​ရ​သော်လည်း အထက်ပါ​အကြောင်းအရာ​ကြောင့် ဝမ်းမြောက်ကြ၏။


သင်တို့​သည် ကိုယ်တော်​ကို မမြင်ဖူး​သော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်​ကို မတွေ့ရသေး​သော်လည်း ယုံကြည်ကြ၏။ သင်တို့​တွင် ဘုန်းအသရေ​နှင့်​ပြည့်စုံသည့် ပြောမပြ​နိုင်လောက်သော ဝမ်းမြောက်ခြင်း​ရှိ၏။


သင်တို့​သည် ကောင်းမှု​ပြု​ရန် စိတ်အားထက်သန်​လျှင် မည်သူ​သည် သင်တို့​ကို ထိခိုက်နစ်နာစေ​မည်နည်း။


ချစ်ခင်ရသောသူ… မကောင်းမှု​ကို အတု​မယူဘဲ ကောင်းမှု​ကိုသာ အတုယူလော့။ ကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​၏​သားသမီး ဖြစ်၏။ မကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​ကို မမြင်ဖူး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ