Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:45 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​အစေခံ​သည် မည်သူနည်း။ ထို​သူ​မှာ အိမ်သူအိမ်သားများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 ``သစ္စာ​ရှိ​ကျွန်​လိမ္မာ​ကား​အ​ဘယ်​သူ​နည်း။ ထို​သူ ကား​အ​ခြား​ကျေး​ကျွန်​များ​ကို​အုပ်​ချုပ်​ရန်​နှင့် အ​ချိန်​တန်​လျှင်​ရိက္ခာ​များ​ထုတ်​ပေး​ရန်​သ​ခင် က​ခန့်​ထား​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 အိမ် သူ အိမ် သား တို့ အ ပေါ် တွင် ထိုက် သင့် ရာ အ ခါ စား နပ် ရိ က္ခာ ကို ဝေ ပေး ရန် အ ရှင် ခန့် ထား၍ သ စ္စာ နှင့် သ တိ ပ ညာ ရှိ သော ကျွန် ကား မည် သူ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 အ​ရှင်​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍၊ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

45 အ​ရှင်​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍၊ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:45
28 ပူးပေါင်းရင်းမြစ်များ  

ဝံပုလွေများ​ထဲသို့ သိုးများ​ကို စေလွှတ်​သကဲ့သို့ သင်တို့​ကို ငါ​စေလွှတ်၏။ ထို့ကြောင့် မြွေများ​ကဲ့သို့ လိမ္မာပါးနပ်​၍ ချိုးငှက်များ​ကဲ့သို့ အဆိပ်ကင်းကြလော့။


ထိုအခါ ယေရှု​က “ကောင်းကင်​နိုင်ငံတော်​တွင် တပည့်​ဖြစ်လာသော ကျမ်းတတ်ဆရာ​သည် မိမိ​၏ ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာသစ်​နှင့် ဥစ္စာဟောင်းတို့​ကို ထုတ်ယူလာသော အိမ်ရှင်​နှင့်​တူ၏” ဟု မိန့်တော်မူ၏။


သခင်​သည် ပြန်လာ​သောအခါ ထိုသို့ အလုပ်​လုပ်နေသော အစေခံ​ကို တွေ့မြင်​လျှင် ထို​အစေခံ​သည် မင်္ဂလာရှိ၏။


ထို​ဆယ်ဦး​မှ ငါးဦး​သည် ပညာသတိမဲ့သော​သူများ​ဖြစ်ကြပြီး ကျန်​ငါးဦး​သည် ပညာသတိရှိသော​သူများ ဖြစ်ကြ၏။


သူ​၏ သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသော​တာဝန်များ​ကို သင့်​အား ငါ​လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။


သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသော​တာဝန်များ​ကို သင့်​အား ငါ လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။


ငါ​ဟောပြောသော ဤ​တရားစကား​ကို ကြား​၍ လိုက်နာသော​သူ​သည် ကျောက်​ပေါ်တွင် အိမ်ဆောက်သော​ပညာရှိ​နှင့် တူ၏။


သူ​က ‘ကောင်းပေ၏။ သင်​သည်​အစေခံကောင်း​ဖြစ်၏။ အမှုကိစ္စ​ငယ်လေး​တွင်ပင် သင်​သည် သစ္စာရှိ​သောကြောင့် မြို့ကြီး​ဆယ်မြို့​ကို အုပ်ချုပ်လော့’ ဟု ဆို၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​ကို ယုံကြည်​ထိုက်သူ​ဟု မှတ်ယူ​ကာ အမှုတော်​ကို ဆောင်ရွက်​ရန် ခန့်အပ်ထား​သောကြောင့် ထို​သခင်​ကို ကျွန်ုပ်​ကျေးဇူးတင်၏။


အသိ​သက်သေ​များစွာ ရှေ့​၌ ကျွန်ုပ်​သွန်သင်သည့်​အရာများ​ကို သင်​ကြားသိရ၏။ ထို​အရာများ​ကို ယုံကြည်စိတ်ချရ​၍ သွန်သင်တတ်သော​သူတို့​အား လက်ဆင့်ကမ်းလော့။


မောရှေ​သည် အစေခံ တစ်ဦး​အနေဖြင့် ဘုရားသခင်​၏ အိမ်တော်​တစ်ခုလုံး​အပေါ် သစ္စာရှိ​ပြီး အနာဂတ်​တွင် ဘုရားသခင်​ဟောပြောမည့်​အရာ​အတွက် သက်သေ​တစ်ဦး​ဖြစ်၏။


သင်​သည် စာတန်​အုပ်စိုးသည့်​နေရာ​၌ နေကြောင်း​ကို ငါ​သိ၏။ သို့သော် သင်​သည် ငါ​၏​နာမ​ကို စွဲကိုင်​နေလျက်​ရှိသေး၏။ ငါ​၏​သစ္စာရှိသော​သက်သေခံ အန္တိပ​သည် ဤ​စာတန်​အုပ်စိုး​သည့်​နေရာ​၌ အသတ်ခံရ​ချိန်​၌ပင် သင်​သည် ငါ့​အပေါ် ထားရှိသော သင်​၏​ယုံကြည်ခြင်း​ကို မစွန့်ပယ်ခဲ့ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ