Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 13:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ ကြောင်း ပြ ရ မည့် သူ များ အ ဖြစ် သင် တို့ ဝိ ညာဉ် အ တွက် စောင့် ရှောက် သော အ ကြီး အ မှူး တို့၏ စ ကား ကို နား ထောင် ဝန် ခံ လျက် နေ ကြ လော့။ သို့ မှ သူ တို့ သည် သင် တို့ အ ကျိုး ယုတ် စေ မည့် ညည်း တွား ခြင်း ဖြင့် မ ဟုတ်၊ အား ရ ဝမ်း မြောက် စွာ ဆောင် ရွက် ခွင့် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သင်​တို့​၏​ခေါင်းဆောင်​များ​သည် ဖြေရှင်းချက်​ပေး​ရ​မည့်​သူ​အဖြစ် သင်​တို့​၏​စိတ်ဝိညာဉ်​အတွက် နိုးနိုးကြားကြား​ရှိ​နေ​ကြ​သည်​ဖြစ်၍ သူ​တို့​သည် ညည်းတွား​ခြင်း​မ​ရှိ​ဘဲ ဝမ်းမြောက်​စွာ​ဖြင့် ထို​အမှု​ကို​ဆောင်ရွက်​နိုင်​ရန် သူ​တို့​စကား​ကို​နားထောင်​လျက် ကျိုးနွံ​နာခံ​ကြ​လော့။ သို့မဟုတ်​လျှင် သင်​တို့​အတွက် အကျိုး​ရှိ​လိမ့်မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 13:17
34 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူဌေး​သည် သူ့​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြားရသည်​မှာ မည်သို့နည်း။ သင်​မှတ်ထားသော ငွေစာရင်းများ​ကို ငါ့​အား​ပေးလော့။ သင့်​ကို စီမံခန့်ခွဲသူ​နေရာ​တွင် ဆက်​၍ ခန့်ထား​နိုင်တော့မည်​မဟုတ်’ ဟု ပြောလေ၏။


ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


မှန်ပေ၏။ ကျွန်ုပ်တို့​တစ်ဦးစီ​သည် မိမိတို့​ပြုခဲ့သမျှ​ကို ဘုရားသခင်​ရှေ့တော်​၌ တင်ပြ​အစီရင်ခံရမည်။


ထိုသို့​ဆက်ကပ်ထားသော သူများ​မှစ၍ သူတို့​နှင့်အတူ လုပ်ကိုင်​လျက် ကြိုးစားအားထုတ်​နေကြသောသူ​အားလုံး​၏ ဦးဆောင်မှု​ကို လိုက်နာကြ​ရန် သင်တို့​ကို ကျွန်ုပ်​တိုက်တွန်းနှိုးဆော်ပါ၏။


ခရစ်တော်​ကို ရိုသေသော​စိတ်​ဖြင့် တစ်ဦး​ကို တစ်ဦး နာခံကြလော့။


သင်တို့​အားလုံး​အတွက် ကျွန်ုပ်​ဆုတောင်း​တိုင်း ဝမ်းမြောက်​စွာ ဆုတောင်းပေး​လျက် ရှိ၏။


ထို့ကြောင့် ချစ်ရသော​သူတို့… သင်တို့​သည် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိသော​အချိန်​၌​သာမက အထူး​သဖြင့် ယခု​ကျွန်ုပ်​မရှိသော​အချိန်​၌လည်း ဘုရားသခင်​ကို အမြဲတစေ နာခံခဲ့ကြ၏။ ထို​နည်းတူ ကြောက်ရွံ့​ရိုသေသော​စိတ်​ဖြင့် မိမိတို့​သည် ကယ်တင်​ခံရပြီးသော​သူများ​ဖြစ်ကြောင်း ပေါ်လွင်​စေရန် ကြိုးစား​အားထုတ်ကြလော့။


ထာဝရ​အသက်​ကို ပေးသည့် နှုတ်ကပတ်​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ကြလော့။ ထိုသို့ ပြု​လျှင် ကျွန်ုပ်​ကြိုးစားအားထုတ်​၍ လုပ်ဆောင်ခဲ့​သမျှ​သည် အချည်းနှီး​မဟုတ်​သောကြောင့် ခရစ်တော်​ပြန်ကြွလာသည့်​အချိန်​၌ ဂုဏ်ယူ​ဝင့်ကြွား​နိုင်​လိမ့်မည်။


သို့ဖြစ်၍ သခင်ဘုရား​၏​လူ ဖြစ်သည်​ကို ထောက်​လျက် သူ့​အား အလွန်​ဝမ်းမြောက်​စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သော​လူတို့​ကို ရိုသေကြလော့။


ယခင်က သင်တို့​ကို ကျွန်ုပ် မကြာခဏ ပြော​သကဲ့သို့ ယခု​လည်း မျက်ရည်ကျ​လျက် ထပ်မံ​ပြောလိုသည်​မှာ လူများစွာတို့​သည် လက်ဝါးကပ်တိုင်​၌ ခရစ်တော်​အသေခံတော်မူခြင်း​၏ အဓိပ္ပာယ်​ကို မိမိတို့​၏ ပြုမူ​နေထိုင်ပုံ​ဖြင့် ဖျက်ဆီး​လျက်​ရှိကြောင်း ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​ကို ကျွန်ုပ် အလွန်​ချစ်​၍ လွမ်းဆွတ်​သတိရပါ၏။ သင်တို့​ကြောင့် ကျွန်ုပ်​ဝမ်းမြောက်ရ​ပြီး သင်တို့​သည် ကျွန်ုပ်​ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်​ပြောဆိုခဲ့သည့်​အတိုင်း သခင်ဘုရား​အား သစ္စာရှိ​လျက် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


သင်တို့​၏ ခေါင်းဆောင်များ​နှင့် ယုံကြည်သူ​အပေါင်းတို့​ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသော​သူတို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား ဟောပြောခဲ့သော သင်တို့​၏​ခေါင်းဆောင်များ​ကို သတိရကြလော့။ သူတို့​၏ အသက်ရှင်​နေထိုင်ပုံ​မှ ရရှိသော အကျိုး​ရလဒ်​ကို ဆင်ခြင်​၍ သူတို့​၏ ယုံကြည်ခြင်း​ကို အတုယူကြလော့။


ထို့ကြောင့် ဘုရားသခင်​ကို နာခံကြလော့။ မာရ်နတ်​ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူ​သည် သင်တို့​ထံမှ ထွက်ပြေးသွား​လိမ့်မည်။


ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ