Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သင်တို့​ဘဝ​တွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများ​သည် အခြားသူများ ကြုံတွေ့ရသော​စုံစမ်းနှောင့်ယှက်မှုများ​နှင့် မခြားနားပါ။ ဘုရားသခင်​သည် သစ္စာ​ရှိတော်မူသည်​ဖြစ်​၍ သင်တို့ ခံနိုင်သည်​ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်း​ကို သင်တို့​အား ခံစေတော်မူမည်​မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း​ကို သင်တို့​ကြုံတွေ့ရ​သောအခါ ဘုရားသခင်​သည် သင်တို့​ခံနိုင်​ရန်အတွက် လွတ်မြောက်မည့်လမ်း​ကို ပြင်ဆင်ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 လူ​၌​ဖြစ်​တတ်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သာ သင်​တို့​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​ခံနိုင်​သည်​ထက် ပိုလွန်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်မူ​လိမ့်မည်​မ​ဟုတ်။ ထို့ပြင် သင်​တို့​ခံ​နိုင်​မည့်​အကြောင်း စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့်တကွ ထွက်မြောက်​ရာ​လမ်း​ကို​လည်း ပြင်ဆင်​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:13
48 ပူးပေါင်းရင်းမြစ်များ  

ဖြားယောင်း​သွေးဆောင်ရာ​သို့ မကျရောက်စေဘဲ မာရ်နတ်​၏ လက်​မှ အကျွန်ုပ်တို့​ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်​နှင့် ဘုန်းတော်​သည် ကမ္ဘာအဆက်ဆက်​ကိုယ်တော်​၌ ရှိပါ၏။ အာမင်။


အကျွန်ုပ်တို့​အပေါ် ပြစ်မှားသော​သူတို့​ကို အကျွန်ုပ်တို့​သည် ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်တို့​၏​အပြစ်များ​ကိုလည်း ခွင့်လွှတ်တော်မူပါ။ ဖြားယောင်း​သွေးဆောင်ရာ​သို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။


ထို့ပြင် ငါတို့​နှင့် သင်တို့​စပ်ကြား​တွင် အလွန်​နက်သော​ချောက်ကြီး​တစ်ခု ခြားနား​လျက်​ရှိ၏။ ထို့ကြောင့် ဤ​နေရာ​မှ သင်တို့​ထံသို့​သွားလိုသူ​လည်း မရောက်နိုင်။ ထို​နေရာ​မှ ငါတို့​ထံသို့ လာလို​လျှင်​လည်း မည်သူ​မျှ ကူး​၍ မရောက်နိုင်ပါ’ ဟု ဆိုလေ၏။


ယေရှု​ကလည်း “အဘယ်ကြောင့် အိပ်ပျော်နေကြသနည်း။ ဖြားယောင်း​သွေးဆောင်ခြင်း​ထဲသို့ မကျရောက်​စေရန် ထ​၍ ဆုတောင်းကြလော့” ဟု မိန့်တော်မူလေ၏။


ကျန်​လူများ​ကိုမူ ပျဉ်ချပ်များ​နှင့် သင်္ဘော​ပျက်​၏​အပိုင်းအစများ​ဖြင့် ကူးသွား​ရန် ညွှန်ကြားလေ၏။ ဤသို့ဖြင့် ကျွန်ုပ်တို့​အားလုံး​သည် ကုန်း​ပေါ်သို့ ဘေးကင်း​စွာ​ရောက်ရှိကြလေ၏။


သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ထို​မျှလောက်​ကြီးမားသော သေဘေး​မှ ကယ်တင်​တော်မူပြီ။ ထပ်မံ၍​လည်း ကယ်တင်တော်မူ​လိမ့်မည်။ ဆက်လက်​၍ ကယ်တင်တော်မူ​လိမ့်မည်​ဟု ကိုယ်တော်​ကို ကျွန်ုပ်တို့ မျှော်လင့်ကြ၏။


သင်တို့​ကို ခေါ်တော်မူသော​အရှင်​သည် သစ္စာရှိသော ဘုရား​ဖြစ်​သောကြောင့် ကတိ​ထားသည့်​အတိုင်း ပြုတော်မူမည်။


သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။


သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ကတိပေးတော်မူသော​အရှင်​သည် သစ္စာရှိတော်မူ​သောကြောင့် ကျွန်ုပ်တို့​ဝန်ခံသော​မျှော်လင့်ချက်​ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။


မြုံသော​စာရာ​သည် အသက်​အရွယ်​လွန်​သော်လည်း ယုံကြည်ခြင်း​ဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်​ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသော​အရှင်​မှာ သစ္စာ​ရှိသည်​ဟု သူ​မှတ်ယူ​သောကြောင့် ဖြစ်၏။


သင်တို့​သည် မကောင်းမှု​ကို တိုက်ခိုက်​တွန်းလှန်​ရာတွင် သွေးမြေကျသည်​အထိ မခုခံကြရ​သေးပေ။


ဘုရားသခင်​သည် မည်သည့်​အခါမျှ မုသား​မပြော​သောကြောင့် မပြောင်းလဲသော​အရာ​နှစ်ခု​ဖြစ်သည့် ကတိပြုခြင်း​နှင့် သစ္စာဆိုခြင်းတို့​ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်​ထံ ခိုလှုံရာ​ရှာသော ကျွန်ုပ်တို့​သည် ဘုရားသခင်​ပေးသနားတော်မူသော မျှော်လင့်ချက်​ကို စွဲမြဲစွာ​ခံယူထား​နိုင်ရန် အထူး​ယုံကြည်​စိတ်ချကြ၏။


ထို့ကြောင့် ဘုရားသခင်​၏ အလိုတော်​အရ ဆင်းရဲဒုက္ခ​ခံရသော​သူတို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို သစ္စာရှိသော​ဖန်ဆင်းရှင်​ထံ အပ်နှံ​ပြီး ကောင်းမှု​ကို ဆက်​၍​ပြုသင့်၏။


ထာဝရဘုရား​သည် ယခင်​က ထိုသို့​ပြုတော်မူ​သောကြောင့် ဘုရားတရား​ကိုင်းရှိုင်းသူတို့​ကို ဆင်းရဲဒုက္ခ​ထဲမှ မည်သို့​ကယ်တင်​ရမည်​ကို​လည်းကောင်း၊ မဖြောင့်မတ်သောသူတို့​ကို တရားစီရင်ရာနေ့​တိုင်အောင် မည်သို့​အပြစ်ဒဏ်ပေး​၍ ထိန်းသိမ်းထား​ရမည်​ကို​လည်းကောင်း သိတော်မူ၏။


သို့သော် ကျွန်ုပ်တို့​သည် မိမိတို့​၏​အပြစ်များ​ကို ဖွင့်ဟ​ဝန်ခံ​ပါက ကိုယ်တော်​သည် သစ္စာ​နှင့်​ပြည့်စုံ​ပြီး ဖြောင့်မတ်သော​အရှင်​ဖြစ်တော်မူ​သောကြောင့် ကျွန်ုပ်တို့​ကို အပြစ်များ​မှ ဖြေလွှတ်​ကာ မတရားမှု​အားလုံး​မှ စင်ကြယ်စေတော်မူ​လိမ့်မည်။


ထိုအခါ ကောင်းကင်ဘုံ​သည် ပွင့်​လျက်​ရှိသည်​ကို ကျွန်ုပ်​မြင်၏။ ထို​နေရာ​၌ မြင်းဖြူ​တစ်ကောင်​ရှိ၏။ ထို​မြင်းဖြူ​ကို စီးတော်မူသောသူ​သည် သစ္စာရှိသူ​နှင့် ဖြောင့်မှန်သူ​ဟု အမည်​ရ၏။ သူ​သည် ဖြောင့်မှန်​စွာ တရားစီရင်​၍ ဖြောင့်မှန်​စွာ စစ်တိုက်တော်မူ၏။


သင်​ခံစားရမည့်​ဆင်းရဲဒုက္ခ​ကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်​သည် သင့်​ကို စမ်းသပ်​ရန် သင်တို့​ထဲမှ တချို့​ကို ထောင်ချ​လိမ့်မည်။ သင်​သည်​ဆယ်ရက်​တိုင် ဆင်းရဲဒုက္ခ ခံရ​လိမ့်မည်။ သေသည်​တိုင်အောင် သစ္စာ​ရှိလော့။ ထိုသို့​ပြု​လျှင် အသက်​ဆုသရဖူ​ကို သင့်​အား ငါ​ပေးမည်။


သင်​သည် ငါ​သွန်သင်သည့်​အတိုင်း သည်းခံ​လျက်​နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက​၌ နေထိုင်ကြသောသူတို့​ကို စစ်ဆေး​ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး​အပေါ် ကျရောက်မည့်​စုံစမ်း​နှောင့်ယှက်ခြင်း​ကာလ​မှ သင်တို့​ကို ငါ​ကယ်တင်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ