Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 3:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ကျွန်ုပ်တို့​၏ စံနမူနာ​ကို သင်တို့​မည်သို့ ယူ​သင့်သည်​ကို သိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​နှင့် အတူ​နေထိုင်​စဉ်က ပျင်းရိ​လေလွင့်​၍ မနေခဲ့ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ တို့ သည် သင် တို့ ဘောင် တွင် လေ လွင့် လျက် မ နေ ခဲ့ သည် ဖြစ်၍ ငါ တို့ ပုံ စံ ကို မည် သို့ လိုက် သင့် ကြောင်း သင် တို့ ကိုယ် တိုင် သိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ကြောင်း​မူ​ကား၊ ငါ​တို့​ပေး​သော ပုံ​သက်​သေ​ကို​လိုက်၍ သင်​တို့​သည် အ​ဘယ်​သို့​ကျင့်​ရ​မည်​ဟု သင်​တို့ ကိုယ်​တိုင်​သိ​ကြ၏။ ငါ​တို့​သည် သင်​တို့​တွင် မ​တ​ရား​စွာ ပြု​ကြ​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကြောင်းမူကား ငါ​တို့​ကို မည်ကဲ့သို့​အတုယူ​ရ​မည်​ကို သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​အလယ်၌ စည်းမဲ့​ကမ်းမဲ့​နေ​ကြ​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 3:7
13 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည် ခရစ်တော်​ကို အတုယူ​သကဲ့သို့ သင်တို့​သည်လည်း ကျွန်ုပ်​ကို အတုယူကြလော့။


ထို့ကြောင့် ကျွန်ုပ်​ကို အတု​ယူကြ​ရန် တိုက်တွန်း​နှိုးဆော်၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ကို အတုယူရာ​တွင် အချင်းချင်း ပူးပေါင်း​ပါဝင်ကြလော့။ ကျွန်ုပ်တို့​ပြသော စံနမူနာ​အတိုင်း ပြုမူ​နေထိုင်ကြသော​သူတို့​ကို ကြည့်ရှု​လေ့လာကြလော့။


ကျွန်ုပ်​ထံမှ သင်တို့ သင်ယူ​၍ ကြားနာ​သိမြင်ခဲ့သော​အရာတို့​ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိတော်မူ​လိမ့်မည်။


ယုံကြည်သော သင်တို့​နှင့် ဆက်ဆံ​ရာတွင် ကျွန်ုပ်တို့​သည် မည်သို့​သန့်ရှင်း ဖြောင့်မတ်​ပြီး အပြစ်ဆိုဖွယ်​မရှိသူများ​ဖြစ်ကြောင်း​ကို သင်တို့​နှင့် ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေများ​ဖြစ်၏။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်း​အတိုင်း မလိုက်နာဘဲ ပျင်းရိ​လေလွင့်နေသော ယုံကြည်သူတို့​နှင့် မပေါင်းဖော်​ရန် ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်တို့​သည် သင်တို့​ကို ညွှန်ကြားလိုက်ပါ၏။


ထိုသို့ လုပ်ရခြင်း​သည် ကျွန်ုပ်တို့​တွင် သင်တို့​ထံက အကူအညီ​ကို ရပိုင်ခွင့်​မရှိ​သောကြောင့် မဟုတ်။ ကျွန်ုပ်တို့​ထံက သင်တို့​ယူစရာ စံနမူနာ ရှိစေလို​သောကြောင့် ဖြစ်၏။


သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။


အရာရာ​၌ ကောင်းမှု​ကို ပြု​၍ သင်​ကိုယ်တိုင်​စံနမူနာ​ဖြစ်စေလော့။ သွန်သင်​ရာတွင် ရိုးသား​ပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊


ထိုသို့ သင်တို့​အား အပ်ထားသော​သူတို့​ကို အုပ်ထိန်း​ရာတွင် အုပ်စိုးခြယ်လှယ်မှု​မပြုဘဲ သိုးစု​ကဲ့သို့သော လူတို့​အတွက် စံနမူနာ​ဖြစ်စေကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ