Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 2:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သင်တို့​သည် ကျွန်ုပ်တို့​ထံမှ ကြားနာသော ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို လူ့​စကား​အဖြစ် မဟုတ်ဘဲ ဘုရားသခင်​၏ နှုတ်ကပတ်တော်​အဖြစ် လက်ခံ​သောကြောင့် ဘုရားသခင်​ကို ကျွန်ုပ်တို့ အစဉ်အမြဲ​ကျေးဇူးတင်ကြ၏။ ထို​နှုတ်ကပတ်တော်​သည် အမှန်​ပင်လည်း ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဖြစ်​၍ ခရစ်တော်​ကို ယုံကြည်သော​သင်တို့​အထဲ​တွင် သက်ဝင်​လှုပ်ရှားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ခါ​မ​လပ် ငါ​တို့​ချီး​မွမ်း​ကြ​သည့်​အ​ခြား​အ​ကြောင်း တစ်​ရပ်​မှာ ငါ​တို့​သည်​သင်​တို့​အား​ဟော​ပြော သော​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​လူ့ တ​ရား​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ​သင်​တို့ ကြား​နာ​ခံ​ယူ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​သင် တို့​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​လျက်​ရှိ​တော် မူ​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ၎င်း ပြင် သင် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ငါ တို့ ထံ မှ ကြား နာ ကြ သည့် ကာ လ လူ့ တ ရား အ ဖြစ် မ ဟုတ်။ ဘု ရား သ ခင့် တ ရား တော် မှန် သည့် အ တိုင်း တ ရား တော် အ ဖြစ် ခံ ယူ ကြ သော ကြောင့် ငါ တို့ လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ကို မ ပြတ် ချီး မွမ်း ကြ၏။ ယုံ ကြည် သော ညီ အစ် ကို တို့၊ သင် တို့၌ ထို တ ရား တော် ပြု ပြင် သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​တို့​ဟော​ပြော​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သည် ခံ​ယူ​ကြ​သော​အ​ခါ၊ လူ၏​နှုတ်​ထွက်​စ​ကား​ကို မ​ခံ​မ​ယူ​ဘဲ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော် အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​အ​ထဲ၌ ပြု​ပြင်​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို ခံ​ယူ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို ငါ​တို့​သည်ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 2:13
41 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူ​မှာ သင်တို့​မဟုတ်ဘဲ သင်တို့​အဖ​၏​ဝိညာဉ်တော်​သည် သင်တို့​အားဖြင့် ပြောဆိုနေမည်​ဖြစ်၏။


သင်တို့​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော်​ကို လက်ခံ၏။


ယေရှု​ကလည်း “ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ကြား​၍ လိုက်နာသောသူ​သည် ပို၍ မင်္ဂလာ​ရှိ၏” ဟု မိန့်တော်မူ၏။


တစ်နေ့​၌ ယေရှု​သည် ဂင်နေသရက်အိုင်​နား​တွင် ရပ်တော်မူ​စဉ် လူထုပရိသတ်​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ကြားနာ​ရန် ကိုယ်တော်​ထံသို့ တိုးဝှေ့လာကြ၏။


ထို​ပုံဥပမာ​၏​အဓိပ္ပာယ်​မှာ မျိုးစေ့​သည် ဘုရားသခင်​၏​တရားစကား​ဖြစ်၏။


ယေရှု​က “ဘုရားသခင်​၏​တရားစကား​ကို ကြား​၍ လိုက်နာဆောင်ရွက်သော​သူ​သည် ငါ့​မိခင်၊ ငါ့​ညီများ​ဖြစ်သည်” ဟု မိန့်တော်မူ၏။


ငါ​ဟောပြောသော​တရား​အားဖြင့် ယခု သင်တို့​သည် စင်ကြယ်​လျက်​ရှိကြ၏။


ကိုယ်တော်​၏ သမ္မာတရား​အားဖြင့် သူတို့​ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်ပါ၏။


သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။


ထို့ကြောင့် ကျွန်ုပ်​သည် သင့်​ထံသို့ ချက်ချင်း​ပင် လူ​လွှတ်​၍​ခေါ်​ရာ သင်​ရောက်ရှိလာသည်​မှာ ကောင်းမွန်လှ၏။ သို့ဖြစ်၍ သင့်​အားဖြင့် သခင်ဘုရား​မိန့်တော်မူ​သမျှ​ကို နားထောင်​ရန် ကျွန်ုပ်တို့​အားလုံး​သည် ဘုရားသခင်​၏​ရှေ့တော်မှောက်​တွင် အသင့်​ရှိနေကြပါသည်” ဟု ဆိုလေ၏။


ဤ​စကား​ကို လူမျိုးခြားများ​ကြားကြ​သောအခါ ဝမ်းမြောက်​၍ သခင်ဘုရား​၏​နှုတ်ကပတ်​တရားတော်​ကို ချီးမွမ်းကြ၏။ ထာဝရ​အသက်​ရ​ရန် ဘုရားသခင်​ရွေးချယ်တော်မူသောသူ​ရှိသမျှတို့​သည် ယုံကြည်သက်ဝင်လာကြ၏။


သွာတိရမြို့​မှ ဘုရားသခင်​ကို ကိုးကွယ်သော လုဒိ​အမည်ရှိ အမျိုးသမီး​တစ်ဦး​သည် ကျွန်ုပ်တို့​ပြောသော​အရာများ​ကို နားထောင်​လျက်​နေ၏။ သူ​သည် ခရမ်းရောင်​အထည်များ​ကို ရောင်းသောသူ​ဖြစ်၏။ ပေါလု​ဟောပြောသော စကားများ​ကို အာရုံစိုက်​နားထောင်​ရန်​အတွက် သူ​၏​စိတ်နှလုံး​ကို ဘုရားသခင်​သည် ဖွင့်ပေးတော်မူ၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


သေလွန်သော​သူတို့​ထမြောက်ခြင်း​အကြောင်း​ကို ကြားရ​သောအခါ တချို့​က လှောင်ပြောင်​ကဲ့ရဲ့ကြ၏။ သို့သော် တချို့​မှာ “ဤ​အကြောင်း​ကို နောက်​တစ်ကြိမ် ထပ်​၍ ကြားနာလိုပါသည်” ဟု ပြောကြ၏။


ပေတရု​၏​ဟောပြော​သွန်သင်ချက်​ကို လက်ခံယုံကြည်သော​သူတို့​သည် နှစ်ခြင်းမင်္ဂလာ​ခံယူကြ​သဖြင့် ထို​နေ့​၌ ယုံကြည်သည့်​လူဦးရေ​သုံးထောင်​ခန့် တိုးပွားလာ၏။


ဂျေရုဆလင်မြို့​ရှိ တမန်တော်တို့​သည် ရှမာရိပြည်သားများ​က ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ခံယူ​ကြောင်း ကြားသိ​သောအခါ ပေတရု​နှင့် ယောဟန်​တို့​ကို ရှမာရိနယ်​သို့ လွှတ်လိုက်ကြ၏။


ထို့ကြောင့် ယုံကြည်ခြင်း​သည် သတင်းကောင်း​ဟူသော ခရစ်တော်​၏ အကြောင်း​ကို ကြားနာခြင်း​မှ ဖြစ်လာ၏။


ထို့ကြောင့် ပဝါ​ဖုံးအုပ်ခံရခြင်း​မရှိတော့သော ကျွန်ုပ်တို့​၏ မျက်နှာ​တွင် သခင်ဘုရား​၏ ဘုန်းတော်​ထင်ဟပ်​လျက်​ရှိ၏။ ဝိညာဉ်တော်​ဖြစ်သော သခင်ဘုရား​ထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေ​သည် ကျွန်ုပ်တို့​ကို အစဉ်အမြဲ ဘုန်းအသရေ​တိုးပွားစေ​၍ ကိုယ်တော်​၏ ပုံသဏ္ဌာန်တော်​အတိုင်း ပြောင်းလဲ​စေလျက်​ရှိ၏။


ကျွန်ုပ်​၏ မကျန်းမာခြင်း​သည် သင်တို့​အတွက် အနှောင့်အယှက်​ဖြစ်​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို မထီမဲ့မြင်​မပြုကြ။ ကျွန်ုပ်​ကို မပစ်ပယ်ကြ။ ကျွန်ုပ်​သည် ဘုရားသခင်​၏ ကောင်းကင်တမန်​ဖြစ်​သကဲ့သို့​လည်းကောင်း၊ ယေရှု​ခရစ်တော်​ဖြစ်​သကဲ့သို့​လည်းကောင်း ကျွန်ုပ်​ကို သင်တို့​ကြိုဆို​လက်ခံခဲ့ကြ၏။


သင်တို့​သည် ထို​သတင်းကောင်း​ကို ကြားနာ​ပြီး ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှန်တကယ် နားလည်သည့်​နေ့​မှစ၍ သင်တို့​ထဲ၌ အသီးအပွင့်များ​သီးပွင့်​ကာ တိုးပွား​သကဲ့သို့ ထို​သတင်းကောင်း​သည် ကမ္ဘာတစ်ဝန်းလုံး​သို့ ပျံ့နှံ့​၍ တိုးပွား​လျက်​ရှိ၏။


ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထိရောက်​ကာ သန်လျက်​တကာတို့​ထက် ထက်၏။ ထို​နှုတ်ကပတ်တော်​သည် အသက်​နှင့် စိတ်ဝိညာဉ်​ကိုလည်းကောင်း၊ အရိုးအဆစ်​နှင့် ခြင်ဆီ​ကို​လည်းကောင်း ထိုးဖောက်​ကာ ပိုင်းခြား​နိုင်ပြီး လူတို့​၏ စိတ်​အတွင်းမှ တွေးတော​ကြံစည်မှုတို့​ကို သိမြင်​နိုင်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ထို​သူတို့​နည်းတူ သတင်းကောင်း​ကို ကြားရ​သောကြောင့်​ဖြစ်၏။ သူတို့​မှာမူ ကြားရ​သော်လည်း မယုံကြည်​သောကြောင့် သူတို့​အတွက် အကျိုး​မရှိ။


ကိုယ်တော်​သည် မိမိ​အလိုတော်​နှင့်အညီ သမ္မာတရား​စကား​အားဖြင့် ကျွန်ုပ်တို့​ကို ဖြစ်ပွားစေတော်မူ၏။ ဤ​အရာ​မှာ ဖန်ဆင်းတော်မူ​သမျှသော​အရာတို့​တွင် ကျွန်ုပ်တို့​အား အဦးဆုံးသော​အသီး​ကဲ့သို့ ဖြစ်​စေရန် ဖြစ်၏။


သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။


သို့သော် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အစဉ်အမြဲ​တည်၏” ဟု ဆိုထား၏။ ဤ​နှုတ်ကပတ်တော်​မှာ သင်တို့​အား​ဟောပြောသော သတင်းကောင်း​ဖြစ်၏။


သခင်ဘုရား​၏​ကျေးဇူးတော် မည်မျှ​ချိုမြိန်သည်​ကို ယခု သင်တို့​မြည်းစမ်းခဲ့ပြီ​ဖြစ်၏။ ထို့ကြောင့် မွေးကင်းစ​ကလေးများ​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​ကို တောင့်တကြလော့။ သို့မှသာ သင်တို့​သည် ကယ်တင်ခြင်း​ကို အပြည့်အဝ​ခံစားရမည့်​အချိန်​တိုင်အောင် ကြီးထွား​လိမ့်မည်။


သန့်ရှင်းသော​ပရောဖက်များ ယခင်​က ဟောပြောခဲ့သော​စကားများ​နှင့် သင်တို့​၏ တမန်တော်များ​အားဖြင့် ကျွန်ုပ်တို့​၏​သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော​အရှင်​၏ ပညတ်တော်တို့​ကို သင်တို့​အား သတိရ​စေလို၏။


ကိုယ်တော်​အပေါ် ဤ​မျှော်လင့်ချက်​ရှိသောသူ​အပေါင်းတို့​သည် ကိုယ်တော် သန့်ရှင်း​စင်ကြယ်တော်မူသည့်​နည်းတူ မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ