ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ရောမ 12:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။ Common Language Bible ငါတို့၏ဆုကျေးဇူးသည်သူတစ်ပါးတို့ကို အားပေးနိုင်စွမ်းဖြစ်ပါကအားပေးကြရမည်။ ပေးကမ်းဝေမျှသူသည်ရက်ရောစွာပေးကမ်း ဝေမျှရမည်။ အာဏာရှိသူသည်လုံ့လထုတ်၍ အလုပ်လုပ်ရမည်။ သူတစ်ပါးတို့အားသနား ကြင်နာမစသူသည်ရွှင်လန်းဝမ်းမြောက်စွာ ကူညီမစရမည်။ Garrad Bible နှိုး ဆော် ဆု ဖြစ် လျှင် နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။ ပေး ကမ်း သူ သည် နှ မြော ကင်း လျက် ဦး ဆောင် သူ သည် လုံ့ လ ထုတ် လျက် ထောက် မ သူ သည် စိတ် ကြည် လင် လျက် ပြု ကြ စေ။ Judson Bible နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။ မြန်မာ့စံမီသမ္မာကျမ်း တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။ |
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
မြို့ဝန်မင်းသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ သခင်ဘုရား၏တရားတော်ကို အံ့ဩမိန်းမော၍ ယုံကြည်သက်ဝင်လေ၏။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
ပရောဖက်များလည်းဖြစ်ကြသော ယုဒနှင့်သိလတို့သည် ယုံကြည်သူတို့အား အချိန်ကြာမြင့်စွာ တိုက်တွန်းနှိုးဆော်၍ ကြံ့ခိုင်စေကြ၏။
ထိုဒေသများတစ်လျှောက် လှည့်ပတ်သွားလာကာ ယုံကြည်သူတို့အား အားပေးစကားများပြောကြားပြီးနောက် အခါယပြည်သို့သွား၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ထိုသူတို့တွင် ယောသပ်အမည်ရှိသူတစ်ယောက် ရှိ၏။ တမန်တော်များက သူ့အား ဗာနဗဟု ခေါ်ကြ၏။ ထိုအမည်မှာ “နှစ်သိမ့်ခြင်း၏သား” ဟူ၍ အဓိပ္ပာယ်ရ၏။ ထိုသူသည် လေဝိမျိုးနွယ်တစ်ဦးဖြစ်၍ ဆိုက်ပရပ်ကျွန်းသားလည်းဖြစ်၏။
ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။
ထိုအကြောင်းကြောင့် အခွန်ကိုလည်း ပေးဆောင်ကြလော့။ အဘယ်ကြောင့်ဆိုသော် အစိုးရမင်းတို့သည် အုပ်ချုပ်ရန် အချိန်ပြည့်တာဝန်ယူထားသော ဘုရားသခင်၏ အစေခံများဖြစ်သောကြောင့်ပင်။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ပရောဖက်ပြုဟောပြောသောသူကမူ လူတို့အား ဆောက်တည်စရာစကား၊ အားပေးစကား၊ နှစ်သိမ့်စကားတို့ကို ဟောပြော၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။
သင်တို့သည် စေတနာစိတ်ဖြင့် အစဉ်လှူဒါန်းနိုင်ရန် ကိုယ်တော်သည် သင်တို့အား နည်းအမျိုးမျိုးဖြင့် ကြွယ်ဝစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် သင်တို့၏ အလှူကို လိုအပ်သောသူတို့ထံ ယူဆောင်သွားသောအခါ သူတို့သည် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။
သင်တို့၏ လှူဒါန်းခြင်းအမှုကြောင့် လက်ခံရရှိသောသူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့မှစ၍ ယုံကြည်သူအပေါင်းတို့အား ရက်ရောစွာ လှူဒါန်းခြင်းသည် ခရစ်တော်၏ သတင်းကောင်းကို သင်တို့နာခံကြောင်း သက်သေပြလိမ့်မည်။
လူတိုင်း မိမိစိတ်ထဲ၌ လှူဒါန်းရန် ဆုံးဖြတ်ထားသည့်အတိုင်း လှူဒါန်းသင့်၏။ နှမြောသောစိတ်ဖြင့် သော်လည်းကောင်း၊ ဝတ္တရားအရဟူသောစိတ်ဖြင့်သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်သည် စေတနာစိတ်ဖြင့် ရက်ရောစွာ လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။
ကျွန်ဖြစ်သူတို့… သင်တို့သည် ခရစ်တော်ကို နာခံသကဲ့သို့ သင်တို့၏ လောကီသခင်တို့ကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်နှင့် နာခံကြလော့။
ကျွန်ဖြစ်သူတို့… အရာရာ၌ သင်တို့၏ လောကီသခင်ကို နာခံကြလော့။ မျက်နှာသာရရန်အတွက် သူ့ရှေ့၌သာ နာခံသည်မဟုတ်ဘဲ သခင်ဘုရားကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်ဖြင့် နာခံကြလော့။
ကျွန်ုပ်တို့သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထားရှိခြင်း၊ လိမ်လည်လှည့်ဖြားလိုခြင်းတို့အပေါ် အခြေခံ၍ တိုက်တွန်းဟောပြောကြသည်မဟုတ်။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ကို အလွန် ချစ်သောကြောင့် ဘုရားသခင်၏သတင်းကောင်းကို ဝေမျှသည်သာမက ကျွန်ုပ်တို့၏ ဘဝကိုပင် သင်တို့အတွက် ပေးဆပ်ရန် ဆန္ဒရှိကြ၏။
ကျွန်ုပ်ရောက်မလာမီ ပရိသတ်ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်းတို့ကို အားထုတ်ဆောင်ရွက်လော့။
အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်စီမံသောသင်းအုပ်များ၊ အထူးသဖြင့် တရားဟောခြင်းနှင့် သွန်သင်ပေးခြင်းတို့ကို ကြိုးစား၍ ဆောင်ရွက်သော သင်းအုပ်များသည် နှစ်ဆသောထောက်ပံ့ခြင်းကို ရထိုက်၏။
ထိုသူတို့ကို ကောင်းမှုပြုရန်၊ ကောင်းသောအကျင့်များကြွယ်ဝရန်၊ မျှဝေလိုစိတ်ရှိ၍ ရက်ရောစွာ ပေးရန် ညွှန်ကြားလော့။
စည်းဝေးခြင်းကို လူတချို့လွှဲရှောင်သကဲ့သို့ မလွှဲရှောင်ဘဲ အချင်းချင်းအားပေးတိုက်တွန်းကြလော့။ ကိုယ်တော်ပြန်လည်ကြွလာမည့်နေ့ရက်သည် နီးကပ်လာသည်ကို ထောက်လျက် ပို၍ တိုက်တွန်းကြလော့။
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။