Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အ ကယ်၍ စေ တ နာ ရှိ လျှင် မ တတ် နိုင် ရာ ကို မ ထောက် ဘဲ တတ် နိုင် ရာ ကို ထောက်၍ လက် ခံ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကြောင်းမူကား စေတနာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အရာ​ကို​ထောက်​၍ နှစ်သက်​လက်ခံ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:12
21 ပူးပေါင်းရင်းမြစ်များ  

ထို​နည်းတူပင် ငွေနှစ်ပိဿာ ရသော​သူ​သည်လည်း အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် နှစ်ပိဿာ​ကို အမြတ်ရ၏။


ငွေနှစ်ပိဿာ​ကို ရသော​သူ​သည်လည်း ရှေ့​ထွက်လာ​၍ ‘သခင်… သခင်​သည် အကျွန်ုပ်​အား ငွေနှစ်ပိဿာ​ကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်​သည် အပို​နှစ်ပိဿာ​ကို အမြတ်ရပါပြီ’ ဟု လျှောက်၏။


သေးငယ်သော​အမှုကိစ္စများ​၌ သစ္စာရှိသော​သူ​သည် ကြီးသော​အမှုကိစ္စများ​၌ သစ္စာရှိ​လိမ့်မည်။ သို့သော် သေးငယ်သော​အမှုကိစ္စများ​၌ မရိုးသားသော​သူ​သည် ကြီးမားသော​အမှုများ​၌​လည်း ရိုးသား​လိမ့်မည်​မဟုတ်ပေ။


သို့ဖြစ်၍ သင်တို့​အစပြုခဲ့သည့်​အရာ​ကို ပြီးမြောက်​အောင် ဆောင်ရွက်ကြလော့။ ဆောင်ရွက်​ရန် ဆန္ဒ​ပြင်းပြခဲ့ကြ​သကဲ့သို့ ဆောင်ရွက်ရာ​တွင်​လည်း စေတနာစိတ်​ရှိကြလော့။ သင်တို့​တတ်နိုင်သမျှ​ကို လှူဒါန်းကြလော့။


သင်တို့​၏ လှူဒါန်းခြင်း​သည် အခြားသူတို့​အတွက် သက်သာစေ​၍ သင်တို့​အတွက်​မှာမူ ခက်ခဲ​စေရန် ကျွန်ုပ်​မဆိုလိုပါ။ တန်းတူညီမျှ​ဖြစ်စေရန်​သာ ဆိုလို၏။


ထို့ပြင် ကျွန်ုပ်တို့​ကောက်ခံ​ဆောင်ရွက်နေသော အလှူငွေ​ကို သယ်ယူပို့ဆောင်ပေးသည့်​အမှု​၌ ကျွန်ုပ်တို့​နှင့်အတူ ခရီးပြု​ရန် အသင်းတော်များ​၏ ရွေးချယ်​ခန့်ထားခြင်း​ခံရသူ​လည်း ဖြစ်၏။ ဤ​အလှူငွေ​ကောက်သည့်​အမှု​မှာ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ကျွန်ုပ်တို့​၏ စေတနာစိတ်​ကို ပြ​ရန်​ဖြစ်၏။


လူတိုင်း မိမိ​စိတ်​ထဲ၌ လှူဒါန်း​ရန် ဆုံးဖြတ်ထားသည့်​အတိုင်း လှူဒါန်း​သင့်၏။ နှမြောသော​စိတ်​ဖြင့် သော်လည်းကောင်း၊ ဝတ္တရား​အရ​ဟူသော​စိတ်​ဖြင့်​သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်​သည် စေတနာစိတ်​ဖြင့် ရက်ရော​စွာ လှူဒါန်းသော​သူ​ကို နှစ်သက်တော်မူ၏။


သင်တို့​တစ်ဦးစီ​သည် ဘုရားသခင်​ထံမှ ဆုကျေးဇူး​အသီးသီး​ကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်း​အဖြစ် ထို​ဆုကျေးဇူးတို့​ကို အသုံးပြု​၍ အချင်းချင်း ကူညီ​ဆောင်ရွက်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ