ရောမ 12:8 - မြန်မာ့စံမီသမ္မာကျမ်း8 တိုက်တွန်းနှိုးဆော်သူဖြစ်လျှင် တိုက်တွန်းနှိုးဆော်ခြင်းကိုပြုစေ။ ပေးကမ်းဝေမျှသောသူသည် ရက်ရောစွာပေးကမ်းဝေမျှစေ။ စီမံအုပ်ချုပ်သောသူသည် လုံ့လဝီရိယဖြင့်စီမံအုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် ကြည်ဖြူသောစိတ်နှင့်ပြုစေ။ အခန်းကိုကြည့်ပါ။Common Language Bible8 ငါတို့၏ဆုကျေးဇူးသည်သူတစ်ပါးတို့ကို အားပေးနိုင်စွမ်းဖြစ်ပါကအားပေးကြရမည်။ ပေးကမ်းဝေမျှသူသည်ရက်ရောစွာပေးကမ်း ဝေမျှရမည်။ အာဏာရှိသူသည်လုံ့လထုတ်၍ အလုပ်လုပ်ရမည်။ သူတစ်ပါးတို့အားသနား ကြင်နာမစသူသည်ရွှင်လန်းဝမ်းမြောက်စွာ ကူညီမစရမည်။ အခန်းကိုကြည့်ပါ။Garrad Bible8 နှိုး ဆော် ဆု ဖြစ် လျှင် နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။ ပေး ကမ်း သူ သည် နှ မြော ကင်း လျက် ဦး ဆောင် သူ သည် လုံ့ လ ထုတ် လျက် ထောက် မ သူ သည် စိတ် ကြည် လင် လျက် ပြု ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible8 နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
သူတို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းကို ဝန်ခံခြင်းအားဖြင့်ဖြစ်လာသည့် သင်တို့၏နာခံမှုကိုလည်းကောင်း၊ သူတို့မှစ၍ လူအပေါင်းတို့အား သင်တို့ရက်ရောစွာပေးကမ်းဝေမျှသောအမှုကိုလည်းကောင်း ထောက်၍ ဤကူညီထောက်မခြင်းအမှု၌ ထင်ရှားသောသက်သေအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။