Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 9:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​သည် စေတနာစိတ်​ဖြင့် အစဉ်​လှူဒါန်း​နိုင်ရန် ကိုယ်တော်​သည် သင်တို့​အား နည်း​အမျိုးမျိုး​ဖြင့် ကြွယ်ဝစေတော်မူ​လိမ့်မည်။ ကျွန်ုပ်တို့​သည် သင်တို့​၏ အလှူ​ကို လိုအပ်သော​သူတို့​ထံ ယူဆောင်သွား​သောအခါ သူတို့​သည် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သင်​တို့​သည်​အ​ခါ​ခပ်​သိမ်း​ရက်​ရော​စွာ​ပေး လှူ​နိုင်​ကြ​စေ​ရန်​ကိုယ်​တော်​သည်​သင်​တို့​အား အ​စဉ်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​မှ​တစ်​ဆင့်​သင်​တို့​ပေး​လှူ​သော​အ​လှူ ငွေ​များ​ကို​ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 စည်း စိမ် ချမ်း သာ အ မျိုး မျိုး ရှိ သော သင် တို့ သည် ဒါ န အ မျိုး မျိုး ကို လှူ ကြ သ ဖြင့် ငါ တို့ ဆောင် ရွက် မှု ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း ဖြစ် ထွန်း လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​သို့​သင်​တို့​သည် စေ​တ​နာ​စိတ်​နှင့် အ​မျိုး​မျိုး​သော စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​လို​ငှာ အ​ရာ​ရာ၌​ကြွယ်​ဝ​ခြင်း ရှိ​သည်​ဖြစ်၍၊ ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုအခါ သင်​တို့​သည် ရက်ရော​စွာ​ပေးကမ်း​ခြင်း​အလုံးစုံ​တို့​အတွက် အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​သဖြင့် ထို​အမှုအရာ​သည် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​ဖြစ်စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:11
15 ပူးပေါင်းရင်းမြစ်များ  

ငါ​ပိုင်သည့် ငွေ​ကို ငါ​သုံးလိုသည့်​အတိုင်း သုံးခွင့်​မရှိ​သလော။ ငါ​သည် ရက်ရော​သောကြောင့် သင်တို့​သည် မနာလိုစိတ်​ရှိသလော’ ဟု တုံ့ပြန်၏။


ထို​နည်းတူပင် ငွေနှစ်ပိဿာ ရသော​သူ​သည်လည်း အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် နှစ်ပိဿာ​ကို အမြတ်ရ၏။


နှစ်သိမ့်​အားပေးခြင်း​ဖြစ်လျှင် နှစ်သိမ့်​အားပေး​ကြရမည်။ ပေးကမ်း​ဝေမျှခြင်း​ဖြစ်လျှင် ရက်ရော​စွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်း​ဖြစ်လျှင် လုံ့လဝီရိယ​ဖြင့် ဦးဆောင်ကြရမည်။ ကြင်နာ​မစခြင်း​ဖြစ်လျှင် စေတနာစိတ်​နှင့် မစကြရမည်။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ခရစ်တော်​အားဖြင့် အပြောအဆို​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ အဘက်ဘက်​၌ ကြွယ်ဝ​ပြည့်စုံလာကြ​သောကြောင့်​ဖြစ်၏။


သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


သင်တို့​အား ကူညီ​ရန် ကျွန်ုပ်​၌​စိတ်အားထက်သန်မှု​ရှိ​သကဲ့သို့ တိတု​၌လည်း ရှိစေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


ထို့ပြင် ကျွန်ုပ်တို့​ကောက်ခံ​ဆောင်ရွက်နေသော အလှူငွေ​ကို သယ်ယူပို့ဆောင်ပေးသည့်​အမှု​၌ ကျွန်ုပ်တို့​နှင့်အတူ ခရီးပြု​ရန် အသင်းတော်များ​၏ ရွေးချယ်​ခန့်ထားခြင်း​ခံရသူ​လည်း ဖြစ်၏။ ဤ​အလှူငွေ​ကောက်သည့်​အမှု​မှာ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှား​စေရန်​နှင့် ကျွန်ုပ်တို့​၏ စေတနာစိတ်​ကို ပြ​ရန်​ဖြစ်၏။


သင်တို့​၏​လှူဒါန်းခြင်း​အမှု​သည် ယုံကြည်သူတို့​၏​လိုအပ်ချက်များ​ကို ဖြည့်ဆည်းပေးသည်​သာမက ဘုရားသခင်​ကို ကျေးဇူးတင်သူများ​လည်း တိုးပွားလာစေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ