Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 9:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သင်တို့​၏​လှူဒါန်းခြင်း​အမှု​သည် ယုံကြည်သူတို့​၏​လိုအပ်ချက်များ​ကို ဖြည့်ဆည်းပေးသည်​သာမက ဘုရားသခင်​ကို ကျေးဇူးတင်သူများ​လည်း တိုးပွားလာစေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အ သို့ ဆို သော် ထို အ လှူ တော် ထောက် ပံ့ မှု ကြောင့် သီး သန့် ထား တော် မူ သူ တို့ အ လို ပြည့် သည့် ပြင် ဘု ရား သ ခင့် ကျေး ဇူး တော် ကို လူ အ မြောက် အ မြား တို့ ချီး မွမ်း ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့၏ ဆင်း​ရဲ​ခြင်း​ကို မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း အ​များ​နှင့် ပြည့်​စုံ​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:12
10 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။


ခရစ်တော်​ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခ​သည် များပြားလှသည်​နည်းတူ ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှု​သည်လည်း များပြားလှ၏။


သူတို့​သည် ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူတို့​အား ပေးကမ်းသည့်​အမှု​တွင် ပါဝင်ခွင့်​ရ​ရန် ကျွန်ုပ်တို့​အား အနူးအညွတ်​မေတ္တာရပ်ခံကြ၏။


ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူတို့​ကို လှူဒါန်းသော​အမှု​အကြောင်း​နှင့်​ပတ်သက်၍ သင်တို့​ထံ ကျွန်ုပ်​စာရေး​ရန် မလိုအပ်ပေ။


သို့သော် ဤ​အတောအတွင်း ဧပဖြောဒိတ်​ကို သင်တို့​ထံသို့ ပြန်လည်​စေလွှတ်​သင့်သည်​ဟု ကျွန်ုပ်​ထင်မြင်ယူဆ၏။ သူ​သည် ကျွန်ုပ်​၏​လိုအပ်ချက်များ​ကို ကူညီ​ဖြည့်ဆည်း​ရန် သင်တို့​စေလွှတ်လိုက်သော သင်တို့​၏​တမန်၊ ကျွန်ုပ်​၏​ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်​ဖြစ်၏။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်ဥစ္စာ​ရှိ​သော်လည်း ဆင်းရဲသော ညီအစ်ကို​မောင်နှမတို့​ကို မြင်​၍ မသနား​ပါက ထို​လူ​၌ ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​သည် မည်သို့​ရှိနိုင်မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ