Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-18 စ ပါး နင်း နယ် သော နွား ကို ပါး ချုပ် မ တပ် ရ ဟူ၍ လည်း ကောင်း၊ လုပ် သား သည် အ ခ ရ ထိုက် သည် ဟူ၍ လည်း ကောင်း ကျမ်း ဆို ရှိ သည့် အ တိုင်း ကောင်း မွန် စွာ ဦး ဆောင် သော ဥ က္က ဋ္ဌ၊ အ ထူး သ ဖြင့် ဆို သော် ဟော ပြော မှု၊ သင် ကြား မှု၌ ကြိုး စား အား ထုတ် သော ဥ က္က ဋ္ဌ တို့ ကို နှစ် ဆ ထောက် မ ထိုက် သည် ဟု မှတ် ယူ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကောင်း​မွန်​စွာ​အုပ်​သော သင်း​အုပ်​တို့​သည် အ​လှူ​နှစ်​ဆ​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ တ​ရား​ဟော​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု​ကို ကြိုး​စား​အား​ထုတ်​သော​သူ​တို့​သည်၊ အ​လှူ​နှစ်​ဆ​ကို အ​ထူး​သ​ဖြင့် ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း မှတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သော​အသင်းတော်​အကြီးအကဲ​များ အထူးသဖြင့် နှုတ်ကပတ်တော်​ဝေငှ​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​အတွက် အားထုတ်​လုပ်ဆောင်​နေ​သော​အကြီးအကဲ​များ​သည် နှစ်ဆ​သော​ဂုဏ်ပြု​ခြင်း​ကို ခံထိုက်​သည်​ဟု မှတ်ယူ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:17
41 ပူးပေါင်းရင်းမြစ်များ  

သတိပြုကြလော့။ ထို​အရာများ​မဖြစ်ပွား​မီ ငါ​သည် သင်တို့​အား ကြိုတင်​သတိပေး​နှင့်ပြီ။


တစ်အိမ်​မှ တစ်အိမ်​သို့ မပြောင်းရွှေ့ကြဘဲ အိမ်​တစ်အိမ်တည်း​၌သာ တည်းခို​၍ အိမ်ရှင်​ကျွေးမွေးဧည့်ခံ​သမျှ​ကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ​သည် အခကြေးငွေ​ကို ရထိုက်​သောကြောင့်​ဖြစ်၏။


ထိုအခါ သခင်ဘုရား​က “သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​စီမံခန့်ခွဲသူ​သည် မည်သူနည်း။ ထို​သူ​သည် အစေခံများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ​ဖြစ်၏။


သင်တို့​စိုက်ပျိုး​မထားသော လယ်​မှ သီးနှံများ​ကို ရိတ်သိမ်း​ရန် သင်တို့​ကို ငါ​စေလွှတ်ပြီ။ အခြား​သူတို့​သည် စိုက်ပျိုး​ထားကြပြီး သင်တို့​မှာ ထို​သူတို့​စိုက်ပျိုးထားသော​သီးနှံတို့​ကို ရိတ်သိမ်းရ၏” ဟု မိန့်တော်မူ၏။


ထိုသို့​ဆုံးဖြတ်ခဲ့သည့်​အတိုင်း ထို​ထောက်ပံ့ငွေ​ကို ဗာနဗ​နှင့် ရှောလု​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲများ​ထံသို့ ပို့လိုက်ကြ၏။


ဤ​အရာ​အားလုံးတို့​တွင် အလုပ်​ကို ကြိုးစား​လုပ်ဆောင်ခြင်း​အားဖြင့် ဆင်းရဲသားများ​အား မစထောက်ပံ့​ရမည်​ကို ကျွန်ုပ်​ပြသခဲ့၏။ ထို့ကြောင့် သခင်​ယေရှု​ကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်း​သည် ရယူခြင်း​ထက် ပို၍​မင်္ဂလာရှိ၏’ ဟူသော စကားတော်​ကို သတိရကြလော့” ဟု ဆိုလေ၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​အား လက်ဆောင်များ​ပေးကြ၏။ ထို့နောက် ကျွန်ုပ်တို့​ထွက်ခွာ​မည့် အချိန်​ရောက်​သောအခါ​၌လည်း သူတို့​သည် ကျွန်ုပ်တို့​လိုအပ်သည့်​ရိက္ခာများ​ကို သင်္ဘောပေါ်​သို့ တင်ပေးလိုက်ကြ၏။


နှစ်သိမ့်​အားပေးခြင်း​ဖြစ်လျှင် နှစ်သိမ့်​အားပေး​ကြရမည်။ ပေးကမ်း​ဝေမျှခြင်း​ဖြစ်လျှင် ရက်ရော​စွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်း​ဖြစ်လျှင် လုံ့လဝီရိယ​ဖြင့် ဦးဆောင်ကြရမည်။ ကြင်နာ​မစခြင်း​ဖြစ်လျှင် စေတနာစိတ်​နှင့် မစကြရမည်။


ထို​သူတို့​သည် စေတနာစိတ်​နှင့် လှူဒါန်း​သကဲ့သို့ သူတို့​၌ ကျေးဇူး​တုံ့ပြန်​ရန် တာဝန်​ရှိသည်​ဟုလည်း ခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့​သည် ဂျေရုဆလင်မြို့​ရှိ ယုံကြည်သောသူများ​ထံမှ ဝိညာဉ်ရေးရာ ကောင်းချီးများ​ကို ဝေမျှ​ခံစားရ​လျှင် သူတို့​ဘက်မှလည်း ငွေကြေး​အားဖြင့် ကူညီ​သင့်သည်​ဟု ခံစားရ​သောကြောင့် ဖြစ်၏။


သခင်ဘုရား​၏ အမှုတော်​ကို ကြိုးစား​လုပ်ဆောင်ကြသည့် အမျိုးသမီးများ​ဖြစ်သော တရုဖဲန​နှင့် တရုဖောသ​ကို​လည်းကောင်း၊ အလုပ်​အလွန်​ကြိုးစားသည့် ချစ်သော ပေရသိ​ကို​လည်းကောင်း နှုတ်ဆက်ပေးကြလော့။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ထိုသို့​ဆက်ကပ်ထားသော သူများ​မှစ၍ သူတို့​နှင့်အတူ လုပ်ကိုင်​လျက် ကြိုးစားအားထုတ်​နေကြသောသူ​အားလုံး​၏ ဦးဆောင်မှု​ကို လိုက်နာကြ​ရန် သင်တို့​ကို ကျွန်ုပ်​တိုက်တွန်းနှိုးဆော်ပါ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ အမှုတော်​လုပ်ငန်း​တွင် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြ၏။ သင်တို့​သည် ဘုရားသခင်​၏ ဥယျာဉ်​ဖြစ်ကြ၏။ ဘုရားသခင်​၏ အဆောက်အအုံ​လည်း ဖြစ်ကြ၏။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


နှုတ်ကပတ်​တရားတော်​ကို သင်ယူသော​သူ​သည် သင်ကြားပေးသော မိမိ​ဆရာသမား​အား ကောင်းသော​အရာ​ဟူသမျှ​ကို ဝေမျှ​၍ ထောက်ပံ့​ရမည်။


ထာဝရ​အသက်​ကို ပေးသည့် နှုတ်ကပတ်​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ကြလော့။ ထိုသို့ ပြု​လျှင် ကျွန်ုပ်​ကြိုးစားအားထုတ်​၍ လုပ်ဆောင်ခဲ့​သမျှ​သည် အချည်းနှီး​မဟုတ်​သောကြောင့် ခရစ်တော်​ပြန်ကြွလာသည့်​အချိန်​၌ ဂုဏ်ယူ​ဝင့်ကြွား​နိုင်​လိမ့်မည်။


သို့ဖြစ်၍ သခင်ဘုရား​၏​လူ ဖြစ်သည်​ကို ထောက်​လျက် သူ့​အား အလွန်​ဝမ်းမြောက်​စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သော​လူတို့​ကို ရိုသေကြလော့။


ကျွန်ုပ်​၏ စစ်မှန်သော​လုပ်ဖော်ကိုင်ဖက်… ဤ​အမျိုးသမီး​နှစ်ဦး သင့်မြတ်​ရန် ကူညီပါလော့ ဟု သင့်​ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့​သည် အသက်​စာစောင်​တွင် အမည်​ပါရှိသော ကလေမင်​မှစ၍ အခြား​လုပ်ဖော်ကိုင်ဖက်များ​နှင့်တကွ သတင်းကောင်း​ကို ဟောပြော​ရာတွင် ကျွန်ုပ်​နှင့်အတူ လက်တွဲ​ကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။


မိမိ​အိမ်ထောင်​ကို ဦးမဆောင်​မစီမံနိုင်​လျှင် ဘုရားသခင်​၏ အသင်းတော်​ကို မည်သို့ ပြုစု​စောင့်ရှောက်​နိုင်မည်နည်း။


သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။


ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။


သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။


ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။


သက်သေ​နှစ်ဦး၊ သုံးဦး​မရှိ​လျှင် သင်းအုပ်​အပေါ် စွပ်စွဲခြင်း​ကို လက်မခံနှင့်။


အမှန်တကယ်​ခိုကိုးရာမဲ့​ဖြစ်သော မုဆိုးမများ​ကို ရိုသေ​လျက် ကူညီထောက်ပံ့လော့။


အလုပ်​ကြိုးစားသော လယ်သမား​သည် သီးနှံ​ဝေစု​ကို အဦးဆုံး ရသင့်သူ​ဖြစ်၏။


အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


သင်တို့​၏ ခေါင်းဆောင်များ​နှင့် ယုံကြည်သူ​အပေါင်းတို့​ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသော​သူတို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား ဟောပြောခဲ့သော သင်တို့​၏​ခေါင်းဆောင်များ​ကို သတိရကြလော့။ သူတို့​၏ အသက်ရှင်​နေထိုင်ပုံ​မှ ရရှိသော အကျိုး​ရလဒ်​ကို ဆင်ခြင်​၍ သူတို့​၏ ယုံကြည်ခြင်း​ကို အတုယူကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ