Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ထို​သူတို့​ကို ကောင်းမှုပြု​ရန်၊ ကောင်းသော​အကျင့်များ​ကြွယ်ဝ​ရန်၊ မျှဝေလိုစိတ်​ရှိ​၍ ရက်ရော​စွာ ပေး​ရန် ညွှန်ကြားလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ကျေး ဇူး ပြု လျက်၊ ကောင်း မှု နှင့် ကြွယ် ဝ လျက် ပေး ကမ်း ဝေ မျှ လျက် နေ စေ ရန်လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သူ​တစ်​ပါး​အား​ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​သော​အ​ကျင့်၌ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၊ စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ခြင်း၊ အ​ချင်း​ချင်း ဆက်​ဆံ​ခြင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ကောင်း​သော​အမှု​ကို​ပြု​လျက် ကောင်း​သော​အကျင့်​များ​ဖြင့်​ကြွယ်ဝ​ကာ ရက်ရော​စွာ​ဝေမျှ​ပေးကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:18
38 ပူးပေါင်းရင်းမြစ်များ  

တောင်းသော​သူ​ကို ပေးကမ်းလော့။ ချေးငှားလို​သူ​ကိုလည်း မငြင်းပယ်နှင့်။


ထိုကဲ့သို့​ပင် မိမိ​အတွက် စည်းစိမ်​ဥစ္စာများ​ကို စုသိမ်းထား​သော်လည်း ဘုရားသခင်​ရှေ့တွင် ဆင်းရဲသော​သူ​သည် ထို​သူဌေး​နှင့်​တူ၏” ဟု မိန့်တော်မူ၏။


ထိုအခါ ယောဟန်​က “အင်္ကျီ​နှစ်ထည်​ရှိလျှင် မရှိသော​သူ​အား တစ်ထည်​ကို ဝေမျှစေ။ စားသောက်စရာ​ရှိသော​သူ​သည်လည်း ထို​နည်းတူ ဝေမျှစေ” ဟု ပြန်​၍ ဖြေလေ၏။


ဘုရားသခင်​သည် နာဇရက်မြို့သား​ယေရှု​အား သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် တန်ခိုးတော်​အားဖြင့် မည်သို့​ဘိသိက်ပေးခဲ့ကြောင်း​ကိုလည်း သင်တို့​သိကြ၏။ ဘုရားသခင်​သည် ယေရှု​နှင့် အတူ​ပါရှိတော်မူ​သဖြင့် ယေရှု​သည်လည်း ကောင်းမှုပြု​၍ နတ်ဆိုးပူးသော​သူများ​အား ပျောက်ကင်း​ကျန်းမာစေ​လျက် အရပ်ရပ်​သို့ လှည့်လည်တော်မူ၏။


တပည့်တော်များ​က မိမိတို့ တတ်နိုင်သည့်​အတိုင်း ယုဒပြည်​တွင်​နေထိုင်သော ယုံကြည်သူများ​အား ထောက်ပံ့ငွေ​ပေးပို့​ရန် ဆုံးဖြတ်ကြ၏။


ယုပ္ပေမြို့​တွင် ဂရိဘာသာစကား​အားဖြင့် ဒေါ်ကာ​ဟု ခေါ်သော၊ တဗိသ​အမည်​ရှိသည့် တပည့်တော်မ​တစ်ယောက်​ရှိ၏။ ထို​အမျိုးသမီး​သည် အကျင့်သီလ​ကောင်း​၍ အလှူအတန်း​ရက်ရောသူ​ဖြစ်၏။


ယုံကြည်သူများ အကူအညီ လိုအပ်​သောအခါ ကူညီ​ရန် အသင့်ရှိကြလော့။ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုကြလော့။


နှစ်သိမ့်​အားပေးခြင်း​ဖြစ်လျှင် နှစ်သိမ့်​အားပေး​ကြရမည်။ ပေးကမ်း​ဝေမျှခြင်း​ဖြစ်လျှင် ရက်ရော​စွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်း​ဖြစ်လျှင် လုံ့လဝီရိယ​ဖြင့် ဦးဆောင်ကြရမည်။ ကြင်နာ​မစခြင်း​ဖြစ်လျှင် စေတနာစိတ်​နှင့် မစကြရမည်။


ကျွန်ုပ်​ရောက်လာ​သောအခါ အလှူငွေ​ကောက်ခံစရာ မလို​စေရန် အပတ်တိုင်း​၏ ပထမနေ့​တွင် သင်တို့​တစ်ဦးချင်းစီ​က ရရှိသော​ဝင်ငွေ​ထဲမှ တချို့​ကို ထုတ်​၍ စုထားကြလော့။


သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် အခွင့်သာ​တိုင်း လူအပေါင်းတို့​အပေါ်၊ အထူး​သဖြင့် ယုံကြည်သူ​မိသားစုတို့​အပေါ် ကောင်းမှု​ပြုကြစို့။


ခိုးတတ်သောသူ​သည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သော​သူတို့​အား ပေးကမ်း​ဝေမျှ​နိုင်ရန် မိမိ​လက်​ဖြင့် ကောင်းသော​အလုပ်​ကို ကြိုးစား လုပ်ဆောင်​ရမည်။


သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ဤ​စကား​သည် စိတ်ချ​ယုံကြည်ရသော စကား​ဖြစ်၏။ သင်တို့​သည် ထို​အရာများ​ကို အထူး​ဂရုစိုက်​၍ တိုက်တွန်းကြ​ရန် ကျွန်ုပ်​အလို​ရှိ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​ကို ယုံကြည်သောသူတို့​သည် ကောင်းမှုပြု​ရန် ကြိုးစား​နိုင်မည်။ အထက်ပါ​အရာတို့​သည် ကောင်းမွန်​၍ လူတိုင်း​အတွက် အကျိုးပြုသော​အရာများ​ဖြစ်၏။


ကောင်းမှုပြု​ရန်​နှင့် သူတစ်ပါး​ကို ကူညီ​ရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော​ယဇ်ပူဇော်ခြင်း​ကို ဘုရားသခင်​နှစ်သက်တော်မူ​သောကြောင့် ဖြစ်၏။


ချစ်ခင်ရသော ညီအစ်ကို​မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲသောသူတို့​ကို ယုံကြည်ခြင်း​၌ ကြွယ်ဝစေ​၍ မိမိ​ကို​ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် နိုင်ငံတော်​ကို အမွေဆက်ခံသူများ​ဖြစ်​စေရန် ရွေးချယ်တော်မူသည်​မဟုတ်လော။


မကောင်းမှု​ကို စွန့်​၍ ကောင်းမှု​ကို ပြု​ရမည်။ သူတစ်ပါး​နှင့် ငြိမ်းချမ်း​စွာ နေထိုင်​ရန် တောင့်တ​၍ ငြိမ်းချမ်းခြင်း​အတွက် ကြိုးစားအားထုတ်​ရမည်။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်ဥစ္စာ​ရှိ​သော်လည်း ဆင်းရဲသော ညီအစ်ကို​မောင်နှမတို့​ကို မြင်​၍ မသနား​ပါက ထို​လူ​၌ ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​သည် မည်သို့​ရှိနိုင်မည်နည်း။


ချစ်ခင်ရသောသူ… မကောင်းမှု​ကို အတု​မယူဘဲ ကောင်းမှု​ကိုသာ အတုယူလော့။ ကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​၏​သားသမီး ဖြစ်၏။ မကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​ကို မမြင်ဖူး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ