Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိ 6:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ဤ​နည်း​ဖြင့် သူတို့​သည် အနာဂတ်​အတွက် ခိုင်မာသော​အခြေခံ​အုတ်မြစ်​အဖြစ် မိမိတို့​၏ ဘဏ္ဍာ​ကို စုဆောင်း​၍ စစ်မှန်သော​အသက်​ကို ရရှိကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​အ​နာ​ဂတ် အ​တွက်​ခိုင်​ခံ့​သည့်​အုတ်​မြစ်​တည်း​ဟူ​သော ဘဏ္ဍာ​ကို​စု​ဆောင်း​ရာ​ရောက်​၍ စစ်​မှန်​သော အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တည် မြဲ ရာ အ သက် ကို စွဲ ကိုင် မည့် အ ကြံ နှင့် နောင် ဘ ဝ အ ဖို့ ကောင်း သော အ ခြေ အ မြစ် ကို သို ထား စေ ရန်လည်း ကောင်း မိန့် မှာ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 မှန်​သော​အ​သက်​ကို ဝင်​စား​လို​သော​ငှာ၊ နောင်​ဘ​ဝ၌ ကောင်း​သော​ဘ​ဏ္ဍာ​ကို မိ​မိ​တို့​အ​ဖို့ ဆည်း​ပူးခြင်း​တို့​ကို ပြု​ရ​မည်​အ​ကြောင်း ပ​ညတ်​ထား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 စစ်မှန်​သော​အသက်​ကို​ရယူ​ပိုင်ဆိုင်​နိုင်​ဖို့​ရန် နောင်​ဘဝ​အတွက် ကောင်း​သော​အုတ်မြစ်​ကို မိမိ​တို့​အတွက်​ချထား​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:19
23 ပူးပေါင်းရင်းမြစ်များ  

ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


သို့ရာတွင် ဘုရားသခင်​ချထားတော်မူသည့် ခိုင်မာသော​အုတ်မြစ်​သည် ခိုင်ခံ့​မြဲမြံပြီး ဤ​အုတ်မြစ်​ပေါ်တွင် “ဘုရားသခင်​သည် မိမိ​လူတို့​ကို သိတော်မူ၏” ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း ဝန်ခံသောသူတို့​သည် မကောင်းမှု​ကို စွန့်ရမည်” ဟူ၍​လည်းကောင်း တံဆိပ်ခတ်​ရေးထိုးထား၏။


ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေ​ကိုလည်း ရရှိစေတော်မူ၏။ ဤ​အမွေ​ကို သင်တို့​အတွက် ကောင်းကင်ဘုံ​၌ ထိန်းသိမ်းထား၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ လောကီ​စည်းစိမ်များ​အားဖြင့် မိတ်ဆွေ​ရ​ရန် လုပ်ဆောင်ကြလော့။ ထို​စည်းစိမ်များ ကုန်ဆုံး​သောအခါ သင်တို့​ကို ထာဝရ​တည်သော​နေရာ​၌ လက်ခံကြိုဆိုကြ​လိမ့်မည်။


ဆု​ကို ရရှိ​ရန် ပန်းတိုင်​သို့ ကြိုးပမ်း​၍ ပြေး၏။ ထို​ဆု​သည် ယေရှု​ခရစ်တော်​ပြုခဲ့သော​အမှု​အားဖြင့် ကျွန်ုပ်​ကို အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ဖိတ်တော်မူခြင်း​ဆု ဖြစ်၏။


သင်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် သင်တို့​၏​နှလုံးသား​ထဲ၌ ကိန်းဝပ်တော်မူ​ရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့​သည် မေတ္တာတော်​၌ အမြစ်တွယ်​၍ တည်နေ​သဖြင့်


ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


သင်တို့​၏​ဥစ္စာပစ္စည်းများ​ကို ရောင်း​၍ ဆင်းရဲသော​သူတို့​အား ပေးကမ်းကြလော့။ သင်တို့​အတွက် မဆွေးမြေ့နိုင်​သည့် ပိုက်ဆံအိတ်များ​ကို ပြုလုပ်​၍ သူခိုး​မကပ်၊ ပိုး​မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ​၌ မကုန်ခန်း​နိုင်သော​ဘဏ္ဍာ​ကို သိုထားကြလော့။


ယေရှု​က “သင်​သည် ပြည့်စုံ​လို​ပါက သွား​၍ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


ကိုယ်တော်​က “မြို့​တစ်မြို့​၌ ဘုရားသခင်​ကို မကြောက်၊ လူ​ကို အလေးမထားသော တရားသူကြီး​တစ်ဦး ရှိ၏။


သို့ရာတွင် အာဗြဟံ​က ‘ငါ့​သား… သင်​အသက်ရှင်စဉ်​ဘဝ​တွင် ကောင်းမွန်သော​အရာများ​ကို ခံစားခဲ့ရပြီး လာဇရု​မှာ မကောင်းသော​အရာများ​ကိုသာ ခံစားခဲ့ရသည်​ကို သတိရလော့။ ထို့ကြောင့် သူ​သည် ဤ​နေရာ​တွင် သက်သာခြင်း​ကို ခံစားရ​၍ သင်​သည် ပြင်းထန်​စွာ ဝေဒနာ​ခံစားရ၏။


ထိုသို့​ဆိုသော် ကျွန်ုပ်​သည် အောင်မြင်မှု​ကို ရရှိပြီ၊ ပြည့်စုံပြီ​ဟု မဆိုလိုပါ။ သို့သော် ယေရှု​ခရစ်တော်​သည် ကျွန်ုပ်​အား ထို​ပြည့်စုံခွင့်​ကို ပေး​ရန် ကျွန်ုပ်​ကို ဦးစွာ ရရှိ​ပိုင်ဆိုင်ထားသည်​ဖြစ်၍ ကျွန်ုပ်​သည်လည်း ထို​အခွင့်​ကို ရရှိ​ရန် ကြိုးပမ်းနေ၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးချယ်တော်မူခြင်း​ခံရသူ၊ ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် ရရှိမည်​ဟု ဘုရားသခင် ကတိပေးတော်မူသည့်​ထာဝရ​အသက်​အကြောင်း​ကို ဟောပြော​ရန် စေလွှတ်ခံရသူ ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ