ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
မဿဲ 26:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။ Common Language Bible စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။ Garrad Bible စုံ စမ်း ရာ မ လိုက် မ ပါ အံ့ သော ငှာ စောင့် နေ၍ တောင်း လျှောက် ကြ လော့။ စိတ် အား ကြီး သော် လည်း ကိုယ် ခ န္ဓာ အား နည်း စွ တ ကား ဟု မိန့် တော် မူ ပြီး နောက် Judson Bible စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။ မြန်မာ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- |
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
တပည့်တော်တို့အား “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ဝမ်းနည်းလျက်ရှိ၏။ ဤနေရာတွင် နေ၍ ငါနှင့်အတူ သတိနှင့် စောင့်နေကြလော့” ဟု မိန့်တော်မူ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ဖြားယောင်းသွေးဆောင်ရာသို့ ကျရောက်စေတော်မမူပါနှင့်’ ဟူ၍ တောင်းကြလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ထိုနေရာသို့ ရောက်သောအခါ ယေရှုက တပည့်တော်တို့အား “ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “အဘယ်ကြောင့် အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ထ၍ ဆုတောင်းကြလော့” ဟု မိန့်တော်မူလေ၏။
ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာ ခံယူသော်လည်း စိတ်နှလုံးတွင် အမြစ်မစွဲဘဲ ခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာသောအခါ ဖောက်ပြန်တတ်သောသူကို ဆိုလို၏။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
သူတစ်ပါးကို ဟောပြောပြီးမှ မိမိကိုယ်တိုင်က အရည်အချင်းမပြည့်မီဘဲနေမည်ကို ကျွန်ုပ်စိုးရွံ့သောကြောင့် ကျွန်ုပ်သည် အားကစားသမားကဲ့သို့ မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ ထိန်းချုပ်၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
သင်သည် ငါသွန်သင်သည့်အတိုင်း သည်းခံလျက်နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့ကို စစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျရောက်မည့်စုံစမ်းနှောင့်ယှက်ခြင်းကာလမှ သင်တို့ကို ငါကယ်တင်မည်။