Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:36 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့​မှ လွတ်မြောက်ရေး​အတွက် အားအင်​ရရှိ​ရန်​နှင့် လူသား​ရှေ့တော်မှောက်​တွင် ရပ်​နိုင်ရန် အချိန်​တိုင်း ဆုတောင်း​၍ သတိ​နှင့်​နေကြလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ ကျ​ရောက်​လတ္တံ့ သော​ဘေး​များ​ကို​ခံ​ရပ်​၍ လူ​သား​၏​ရှေ့​တော် တွင်​မတ်​မတ်​ရပ်​၍​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​နိုင် ကြ​ရန်​အ​မြဲ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ဖြစ် ပျက် အံ့ သော ထို အ ချင်း အ ရာ အ လုံး စုံ မှ လွတ် မြောက်၍ လူ့ သား ရှေ့ ညီ လာ ခံ တွင် ရ နိုင် စေ ရန် အ ခါ ခပ် သိမ်း ပ ဌ နာ ပြု လျက် စောင့် နေ ကြ လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

36 ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:36
34 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​သည်လည်း သင်တို့​၏ သခင်ဘုရား​သည် မည်သည့်​နေ့​၌ ကြွလာမည်​ကို မသိကြ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။


အကယ်၍ အိမ်ရှင်​သည် သူခိုး​လာမည့်​အချိန်​ကို အတိအကျ​သိထား​လျှင် သူ​သည် သတိ​နှင့်​စောင့်နေ​လျက် မိမိ​အိမ်​ကို ဖောက်ထွင်းခွင့်​ပြုမည်​မဟုတ်ကြောင်း​ကို သင်တို့​သိကြ၏။


ထို့ကြောင့် လူသား​သည် သင်တို့ မထင်မှတ်ထားသော​အချိန်​တွင် ကြွလာမည်​ဖြစ်​၍ သင်တို့​သည်လည်း အဆင်သင့်​ရှိနေကြလော့။


သို့ဖြစ်၍ သင်တို့​သည်လည်း သတိ​နှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါ​ပြန်လာမည့် နေ့ရက်​နှင့် အချိန်​နာရီ​ကို သင်တို့​မသိ​သောကြောင့်​ဖြစ်၏။


ဖြားယောင်း​သွေးဆောင်ခြင်း​ထဲသို့ လိုက်ပါမသွား​စေရန် သတိ​နှင့် စောင့်နေ​လျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်​သည် ဆန္ဒရှိ​သော်လည်း ကိုယ်ခန္ဓာ​မှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။


သို့သော် ယေရှု​က “မြေခွေးတို့​၌ နေစရာ တွင်း​ရှိ၏။ ငှက်တို့​၌ နားစရာ​အသိုက်​ရှိ၏။ လူသား​၌​မူ ခေါင်းချစရာ​နေရာ​ပင် မရှိ” ဟု မိန့်တော်မူ၏။


ထို​နေ့ရက်​သည် မည်သည့်​အချိန်ကာလ​၌ ကျရောက်မည်​ကို သင်တို့​မသိ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။


သတိ​နှင့် စောင့်နေကြလော့​ဟူ၍ သင်တို့​ကို သတိပေးသည့်​အတိုင်း လူအပေါင်းတို့​ကို ငါ​သတိပေးတော်မူ၏” ဟု မိန့်တော်မူ၏။


ကောင်းကင်တမန်​က “ငါ​သည် ဘုရားသခင်​၏​ရှေ့တော်​၌ ခစားရသော​ဂါဗြေလ ဖြစ်၏။ ထို​အရှင်​က သင့်​အား ဤ​ဝမ်းမြောက်ဖွယ် သတင်းကောင်း​ကို ပြောကြား​ရန် ငါ့​ကို​စေလွှတ်တော်မူ၏။


ယေရှု​သည် တပည့်တော်တို့​အား အား​မလျှော့ဘဲ အစဉ်အမြဲ ဆုတောင်းသင့်ကြောင်း​ကို ပုံဥပမာ​တစ်ခု​ဖြင့် မိန့်တော်မူ၏။


သို့သော်လည်း နောင်ဘဝ​တွင် သေရာ​မှ​ပြန်ရှင်ခွင့်​ကို ခံစားထိုက်သော​သူတို့​သည် လက်ထပ်ယူခြင်း​နှင့် လက်ထပ်​ပေးစားခြင်း​ကို ပြုကြမည်​မဟုတ်။


အဘယ်ကြောင့်ဆိုသော် ထို​နေ့ရက်​သည် ကမ္ဘာ့​မြေမျက်နှာ​တစ်ပြင်လုံး​ပေါ်တွင် နေထိုင်သော​သူများ​အားလုံး​အပေါ်သို့ ကျရောက်လာမည်​ဖြစ်သောကြောင့်​ပင်။


သူ​နှင့်တကွ မိသားစုဝင်များ​သည် ဘုရားသခင်​အား ကြောက်ရွံ့​၍ ဘုရားတရား​ကိုင်းရှိုင်းသူ​လည်း​ဖြစ်၏။ တစ်ပါးသူတို့​အား အလှူအတန်း​ရက်ရောပြီး ဘုရားသခင်​ထံ စဉ်ဆက်မပြတ်​ဆုတောင်းသော​သူ​လည်း ဖြစ်၏။


သတိ​ဝီရိယ​ရှိကြလော့။ ယုံကြည်ခြင်း​၌ ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ သတ္တိ​ရှိကြလော့။ အားတင်းထားကြလော့။


သခင်​ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ယေရှု​ထမြောက်တော်မူသည်​နည်းတူ ထမြောက်စေ​ပြီးလျှင် သင်တို့​နှင့်အတူ ရှေ့တော်မှောက်​သို့ ခေါ်သွင်းတော်မူမည်​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ဘုရားသခင်​ကို ကျေးဇူးတင်​လျက် နိုးကြား​စွာ မပျက်မကွက် ဆုတောင်းကြလော့။


အစဉ်မပြတ် ဆုတောင်းကြလော့။


သို့သော်လည်း သင်​သည် အရာရာ​၌ သတိရှိလော့။ ဆင်းရဲဒုက္ခ​ကို သည်းခံ​၍ သတင်းကောင်း​ဟောပြောသူ​တစ်ဦး ဆောင်ရွက်ရမည့် အမှု​ကို ပြု​လျက် အမှုတော်​ကို အပြည့်အဝ​ဆောင်ရွက်လော့။


အရာ​အားလုံး​၏ နောက်ဆုံးချိန်​သည် နီးကပ်လာ​သောကြောင့် ဆုတောင်း​နိုင်ရန်​အတွက် မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​ရှိကြလော့။


မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​နှင့် စောင့်ကြလော့။ သင်တို့​၏ ရန်သူ​ဖြစ်သော မာရ်နတ်​သည် ဟိန်းဟောက်သော​ခြင်္သေ့​ကဲ့သို့ ဝါးမျိုရမည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။


သားသမီးတို့… ကိုယ်တော်​ကြွလာတော်မူ​သောအခါ ကျွန်ုပ်တို့​သည် ရှေ့တော်​၌ ရှက်ကြောက်​နေစရာ​မလိုဘဲ စိတ်ချ​ယုံကြည်မှု​ရှိ​နိုင်ရန်​အတွက် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ရှိကြလော့။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


ဤ​သက်သေခံ​နှစ်ပါးတို့​သည် ကမ္ဘာလောက​ကို အုပ်စိုးသည့်​အရှင်သခင်​၏​ရှေ့တော်​၌ ရှိသော​သံလွင်ပင်​နှစ်ပင်​နှင့် ဆီမီးတိုင်​နှစ်ခု​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ထို​အရှင်တို့​၏ အမျက်တော်​ထွက်သော​နေ့ရက်ကြီး ရောက်လာ​သောကြောင့်​ဖြစ်၏။ ထို​အမျက်တော်​ကို မည်သူ​ခံရပ်​နိုင်မည်နည်း” ဟု ပြောဆိုကြ၏။


ထို့နောက် ကျွန်ုပ်​ကြည့်လိုက်​ရာ မည်သူမျှ​မရေတွက်​နိုင်သော လူအုပ်ကြီး​ရှိ၏။ သူတို့​သည် တိုင်းနိုင်ငံ​အသီးသီး၊ မျိုးနွယ်စု​အသီးသီး၊ လူမျိုး​အသီးသီး​နှင့် ဘာသာစကား​အသီးသီး​ပြောသည့်​သူများ​မှ ဖြစ်ကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် လက်များ​၌ စွန်ပလွံခက်များ​ကို​ကိုင်​၍ ရာဇပလ္လင်တော်​နှင့် သိုးသငယ်တော်​ရှေ့၌ ရပ်နေကြ၏။


ထို့နောက် ဘုရားသခင်​၏​ရှေ့တော်​၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ ဘုရားသခင်​သည် သူတို့​အား​တံပိုးခရာ​ခုနစ်ခု​ကို ပေးတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ