Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သူတစ်ပါး​ကို ဟောပြော​ပြီးမှ မိမိ​ကိုယ်တိုင်​က အရည်အချင်း​မပြည့်မီဘဲ​နေမည်​ကို ကျွန်ုပ်​စိုးရွံ့​သောကြောင့် ကျွန်ုပ်​သည် အားကစားသမား​ကဲ့သို့ မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ ထိန်းချုပ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ငါ​သည်​သူ​တစ်​ပါး​တို့​အား​ပြိုင်​ပွဲ​ဝင်​ရန်​ခေါ် ဖိတ်​ခဲ့​ပြီး​နောက် မိ​မိ​ကိုယ်​တိုင်​ပြိုင်​ပွဲ​မှ​အ​ပယ် မ​ခံ​ရ​စေ​ရန်​ငါ​၏​ကိုယ်​ခန္ဓာ​ကို​မာ​ကြော​အောင် ထိုး​ကြိတ်​၍​ချုပ်​ထိန်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ကိုယ် တိုင် ထုတ် ပယ် ခံ ရ မည် စိုး ၍ ငါ့ ခ န္ဓာ ကို ထု သတ် လျက် နှိမ် နှင်း တတ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 သူ​တစ်​ပါး​ကို ဆုံး​မ​ပြီး​မှ ကိုယ်​တိုင်​ရှုံး​သော​သူ မ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​ကို​ထိုး၍ နှိပ်​စက်​လေ့​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:27
23 ပူးပေါင်းရင်းမြစ်များ  

ဤ​မုဆိုးမ​သည် ငါ့​ကို နှောင့်ယှက်​သောကြောင့် သူ့​အတွက် တရားမျှတ​စွာ စီရင်ပေးမည်။ သို့မဟုတ်​လျှင် သူ​သည် အဆက်မပြတ်​လာ​၍ ငါ့​ကို​စိတ်ပင်ပန်း​စေမည်’ ဟု တွေးတောလေ၏” ဟု မိန့်တော်မူ၏။


လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။


သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း အသက်ရှင်​လျှင် သေကြရ​လိမ့်မည်။ သို့သော် လူ့​ဗီဇစိတ်​၏ အကျင့်တို့​ကို ဝိညာဉ်တော်​အားဖြင့် အဆုံးသတ်​လျှင်​မူ အသက်ရှင်ကြ​လိမ့်မည်။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော အသား​ကို ကျွန်ုပ်​စား​သဖြင့် အခြား​ယုံကြည်သူ​ကို မှားယွင်း​စေမည်​ဆိုပါက ထိုသို့​မမှားယွင်း​စေရန် ကျွန်ုပ် အသက်ရှင်​သမျှ​ကာလပတ်လုံး အသား​ကို မစားဘဲ​နေမည်။ အဘယ်ကြောင့်ဆိုသော် အခြား​ယုံကြည်သူ​ကို မမှားယွင်း​စေလို​သောကြောင့်​ဖြစ်၏။


အားကစားသမား​တိုင်း​သည် လေ့ကျင့်​ရာတွင် အရာရာ​၌ မိမိ​ကိုယ်ကိုယ် ထိန်းချုပ်ရ၏။ ထို​သူတို့​သည် ပျောက်ကွယ်​ပျက်စီးမည့် ဆုသရဖူ​ကို ရ​ရန် ထိုသို့​ပြုကြ၏။ ကျွန်ုပ်တို့​မှာမူ ထာဝရ​မပျောက်ကွယ်​မပျက်စီးမည့် ဆုသရဖူ​ကို ရ​ရန် ထိုသို့​ပြုကြ၏။


အလုပ်​ကို ခက်ခက်ခဲခဲ​ဖြင့် ပင်ပန်းကြီးစွာ​လုပ်ကိုင်ရခြင်း၊ မကြာခဏ​အိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ​အစာ​ပြတ်လပ်ခြင်း၊ အအေးဒဏ်​ခံရခြင်း၊ ဝတ်စရာ​မလုံလောက်ခြင်း စသည်တို့​နှင့် ကြုံခဲ့ရ၏။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။


ချစ်ရသော​သူတို့… သင်တို့​သည် ခေတ္တ​တည်းခိုသူ​ဧည့်သည်များ​ဖြစ်သည့်​အားလျော်​စွာ သင်တို့​၏​စိတ်ဝိညာဉ်​အား ဆန့်ကျင်​တိုက်ခိုက်နေသော လူ့​ဗီဇစိတ်​အလို​ကို မလိုက်​ရန် ကျွန်ုပ်​တိုက်တွန်း၏။


သူတို့​သည် လမ်းဖြောင့်​မှ သွေဖယ်​၍ မတရားမှု​မှ ရရှိသော​အခကြေးငွေ​ကို နှစ်သက်သည့် ဗော်သော်​၏​သား ဗာလမ်​၏ လမ်းစဉ်​ကို လိုက်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ