Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ထို့ကြောင့် ကျွန်ုပ်​သည် ပန်းတိုင်​မရှိဘဲ ပြေး​သကဲ့သို့ ပြေးသည်​မဟုတ်။ ကျွန်ုပ်​သည် လေ​ကို လက်ဝှေ့​ထိုး​သကဲ့သို့ ထိုးသည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ထို့​ကြောင့်​ငါ​သည်​ပန်း​ဝင်​ရာ​သို့ တည့်​မတ်​စွာ ပြေး​၏။ ငါ​သည်​မိ​မိ​လက်​သီး​စွမ်း​ကို​အ​ချည်း နှီး​မ​ဖြုန်း​တီး​သည့်​လက်​ဝှေ့​သ​မား​နှင့်​တူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ထို နည်း တူ ငါ သည် ယိမ်း ယိုင် လျက် ပြေး ခြင်း၊ လေ ကို ထိုး မိ လျက် သတ် ခြင်း မ ပြု ဘဲ အ ခြား သူ တို့ အား ဟော ပြော ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​ကြောင့် ငါ​ပြေး​သော​အ​ခါ၊ အ​မှတ်​တ​မဲ့ ပြေး​သည်​မ​ဟုတ်၊ လက်​ပွေ့​သတ်​သော​အ​ခါ အာ​ကာ​သ ကောင်း​ကင်​ကို​သာ ထိုး၍ သတ်​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထို့ကြောင့် ငါ​ပြေး​သောအခါ ဦးတည်ရာမဲ့​ပြေး​သော​သူ​ကဲ့သို့ ပြေး​သည်​မဟုတ်။ လက်ဝှေ့​ထိုး​သောအခါ​လည်း လေ​ကို​ထိုး​သော​သူ​ကဲ့သို့ ထိုး​သည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:26
17 ပူးပေါင်းရင်းမြစ်များ  

နှစ်ခြင်းဆရာ​ယောဟန် စတင်​ဟောပြောချိန်​မှ​စ၍ ယခု​တိုင်အောင် ကောင်းကင်​နိုင်ငံတော်​သည် အတင်း​တိုးဝင်ခြင်း​ခံရ၏။ ထို​အတင်း​တိုးဝင်ကြသော​သူတို့​က နိုင်ငံတော်​ကို လုယူ​သိမ်းပိုက်ကြ၏။


ယေရှု​က “ကျဉ်းမြောင်းသော​တံခါး​ကို ဝင်​နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ များစွာသော​လူတို့​သည် ဝင်​နိုင်ရန် ကြိုးပမ်းကြ​သော်လည်း မတတ်နိုင်ကြပေ။


သင်တို့​သည် တစ်စုံတစ်ယောက်​အား ထို​သူ နားမလည်နိုင်သော​အခြား​ဘာသာစကား​ဖြင့် ပြောဆို​လျှင် သင်တို့​ဆိုလိုသော​အရာ​ကို သူ​သည် မည်သို့​သိ​နိုင်မည်နည်း။ လေ​အား ပြောလိုက်​သကဲ့သို့​သာ ဖြစ်​လိမ့်မည်။


ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​သည် ဤ​ကမ္ဘာ​ပေါ်တွင် ကျွန်ုပ်တို့​နေထိုင်သော ယာယီ​တဲ​နှင့် တူ၏။ ဤ​ယာယီ​တဲ ပျက်စီးသွား​လျှင် ကောင်းကင်ဘုံ​၌ လူ့​လက်​ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်​ဖန်ဆင်းတော်မူသည့် ထာဝရ​အိမ်​နှင့် တူသော​ကိုယ်ခန္ဓာ​သစ်​ရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ကျွန်ုပ်တို့​သည် စိတ်ချ​ယုံကြည်မှု​ရှိ​၍ ဤ​ကိုယ်ခန္ဓာ​ကို စွန့်ခွာ​ပြီးလျှင် သခင်ဘုရား​နှင့် အတူ​နေထိုင်​ရန် လိုလားကြ၏။


ဤသို့​သွားသည်​မှာ ဘုရားသခင်​၏ ဗျာဒိတ်တော်​အရ သွားခြင်း​ဖြစ်၏။ ထို​မြို့​၌ ရှိစဉ် ခေါင်းဆောင်​ဖြစ်သူများ​နှင့် သီးသန့်​တွေ့ဆုံ​စည်းဝေး​ကာ လူမျိုးခြားတို့​အား ဟောပြောခဲ့သော​သတင်းကောင်း​နှင့် ပတ်သက်၍ သူတို့​ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်း​မှာ ကျွန်ုပ်​ကြိုးစားအားထုတ်​ခဲ့ရသော​အရာ​နှင့် ကြိုးစားအားထုတ်​နေသော​အရာတို့​ကို အချည်းနှီး မဖြစ်စေလို​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် အသွေးအသား ရှိသောသူတို့​နှင့် ရင်ဆိုင်​တိုက်ခိုက်နေကြသည် မဟုတ်။ ကောင်းကင်​အရပ်​ရှိ ဝိညာဉ်ဆိုးများ၊ အမှောင်​လောက​ကို အစိုးရသော​မင်းများ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများ​နှင့် ရင်ဆိုင်​တိုက်ခိုက်နေကြခြင်း ဖြစ်၏။


ကျွန်ုပ်​အတွက်​ဆိုရ​လျှင် အသက်ရှင်ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်၏။ သေခြင်း​ဖြစ်လျှင် ပို၍ အကျိုး​ရှိ၏။


ထို​အတွက်​ကြောင့် ကျွန်ုပ်​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်​၏ တန်ခိုးကြီးသော လုပ်ဆောင်မှု​အပေါ် မူတည်​၍ ကျွန်ုပ်​ကြိုးပမ်းလုပ်ဆောင်နေ၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


ထိုနည်းတူ အားကစားသမား​သည် ပြိုင်ပွဲ​စည်းကမ်း​ကို မလိုက်နာ​ပါက ဆုသရဖူ​ကို မရနိုင်။


တိုက်ပွဲကောင်း​ကို ကျွန်ုပ်​တိုက်ခဲ့ပြီ။ တာ​အဆုံး​တိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်း​တရား​ကို စောင့်ထိန်းခဲ့ပြီ။


ထို့ကြောင့် ဤမျှလောက် များသော​သက်သေတို့​သည် ကျွန်ုပ်တို့​ကို တိမ်တိုက်​ကဲ့သို့ ဝန်းရံထား​သောကြောင့် ကျွန်ုပ်တို့​သည် ဝန်ထုပ်ဝန်ပိုး​အားလုံး​ကိုလည်းကောင်း၊ အလွယ်တကူ တွယ်ကပ်သော အပြစ်များ​ကိုလည်းကောင်း ဖယ်ရှား​ကာ ရှေ့​၌ ရှိသော ပန်းတိုင်​သို့ ဇွဲလုံ့လ​ဖြင့် ပြေးကြစို့။


ထို့ကြောင့် ဘုရားသခင်​၏​စံမြန်း​နားခိုရာ​သို့ ဝင်ရမည့် ကတိတော်​တည်ဆဲ​ဖြစ်​လျက်နှင့် မည်သူ​တစ်ဦးတစ်ယောက်မျှ ထို​ဝင်ခွင့်​ကို မဆုံးရှုံးမိစေ​ရန် သတိပြုကြစို့။


ထို့ကြောင့် ခရစ်တော်​၏​ဆင်းရဲဒုက္ခ​ကို မြင်တွေ့သည့်​သက်သေ​ဖြစ်သူ၊ ထင်ရှား​လာမည့် ကိုယ်တော်​၏ ဘုန်းအသရေ​ကို မျှဝေ​ခံစားသူ ကျွန်ုပ်​သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​အနေ​ဖြင့် သင်တို့​ထဲမှ အသင်းတော်​အကြီးအကဲများ​ကို တိုက်တွန်း​နှိုးဆော်လိုက်၏။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင် ရွေးချယ်​ခေါ်ယူ​တော်မူသည့်​သူများ​ဖြစ်ကြောင်း သက်သေပြ​နိုင်ရန် ပို​၍ ကြိုးစား​အားထုတ်ကြလော့။ ဤ​သို့ ပြု​လျှင် သင်တို့​သည် ယုံကြည်ခြင်း​ကို မည်သည့်​အခါမျှ စွန့်လွှတ်မည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ