Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 အားကစားသမား​တိုင်း​သည် လေ့ကျင့်​ရာတွင် အရာရာ​၌ မိမိ​ကိုယ်ကိုယ် ထိန်းချုပ်ရ၏။ ထို​သူတို့​သည် ပျောက်ကွယ်​ပျက်စီးမည့် ဆုသရဖူ​ကို ရ​ရန် ထိုသို့​ပြုကြ၏။ ကျွန်ုပ်တို့​မှာမူ ထာဝရ​မပျောက်ကွယ်​မပျက်စီးမည့် ဆုသရဖူ​ကို ရ​ရန် ထိုသို့​ပြုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ပြိုင်​ပွဲ​ဝင်​ရန်​လေ့​ကျင့်​သူ​အား​က​စား​သ​မား တိုင်း​ပင် ကြပ်​တည်း​သည့်​စည်း​ကမ်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​၏။ ထို​သူ​တို့​ဤ​သို့​ပြု​ကြ ခြင်း​မှာ ညှိုး​နွမ်း​ပျက်​စီး​နိုင်​သော​ပန်း​ဦး​ရစ် ကို​ရ​ရှိ​ရန်​ပြု​ကြ​ခြင်း​ဖြစ်​ပေ​သည်။ ငါ​တို့ မူ​ကား​မ​ညှိုး​နွမ်း​မ​ပျက်​စီး​နိုင်​သော ပန်း​ဦး ရစ်​ကို​ရ​ရှိ​ရန်​ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ပြိုင် ပွဲ ဝင် သူ တိုင်း လည်း ပျက် စီး သော သ ရ ဖူ ကို ရ ခြင်း ငှာ အ ရာ ရာ၌ ခြိုး ခြံ တတ် ၏။ ငါ တို့ မူ ကား မ ပျက် စီး သော သ ရ ဖူ ကို ရ ခြင်း ငှာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ပွဲ၌​ပြိုင်၍ အ​ချင်း​ချင်း​တိုက်​သော သူ​မည်​သည်​ကား၊ အ​ရာ​ရာ၌ တပ်​မက်​ခြင်း​ကို ချုပ်​တည်း​တတ်၏။ ထို​သူ​တို့​သည် ညှိုး​နွမ်း​ပျက်​စီး​တတ်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ​ပြု​ကြ၏။ ငါ​တို့​မူ​ကား မ​ညှိုး​နွမ်း မ​ပျက်​စီး​နိုင်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ပြိုင်ပွဲ​ဝင်​သော​သူ​တိုင်း​သည် အရာရာ​၌ မိမိကိုယ်ကို​ချုပ်တည်း​တတ်​၏။ သူ​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။ ငါ​တို့​မူကား ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:25
18 ပူးပေါင်းရင်းမြစ်များ  

ပုပ်ပျက်တတ်သော​ခန္ဓာ​သည် မပုပ်ပျက်​နိုင်သော​ခန္ဓာ​အဖြစ်သို့ လည်းကောင်း၊ သေတတ်သော​ခန္ဓာ​သည် မသေနိုင်သော​ခန္ဓာ​အဖြစ်သို့​လည်းကောင်း ပြောင်းလဲလာ​သောအခါ “သေခြင်း​တရား​သည် အောင်မြင်ခြင်း​၌ နစ်မြုပ်လေပြီ” ဟု ရေးထားသော​ကျမ်း​အတိုင်း ဖြစ်လာ​လိမ့်မည်။


နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း စသည်တို့​ဖြစ်၏။ ဤ​အရာများ​ပြုမူခြင်း​ကို တားမြစ်သော ပညတ်တရား​ဟူ၍ မရှိပေ။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


ထိုနည်းတူ အားကစားသမား​သည် ပြိုင်ပွဲ​စည်းကမ်း​ကို မလိုက်နာ​ပါက ဆုသရဖူ​ကို မရနိုင်။


သူ​သည် ဧည့်ဝတ်ကျေသူ၊ ကောင်းမှု​ကို မြတ်နိုးသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ဣန္ဒြေစောင့်သူ ဖြစ်ရမည်။


အသက်ကြီးသော​အမျိုးသားတို့​အား ကိုယ်ကျင့်တရား​စောင့်ထိန်းသူ၊ သိက္ခာ​ရှိသူ၊ မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စစ်မှန်သော​ယုံကြည်မှု ချစ်ခြင်းမေတ္တာ သည်းခံမှုတို့​နှင့်​ပြည့်ဝသူ ဖြစ်​ရန် အကြံပေးလော့။


သို့ဖြစ်လျှင် ကျွန်ုပ်တို့​သည် မတုန်လှုပ်နိုင်သော​နိုင်ငံ​ကို ရရှိ​သဖြင့် ဘုရားသခင်​ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့​သည် ကြောက်ရွံ့​ရိုသေ​လျက် ဘုရားသခင်​နှစ်သက်တော်မူသည့်​အတိုင်း ဝတ်ပြုကြစို့။


သင်တို့​သည် မကောင်းမှု​ကို တိုက်ခိုက်​တွန်းလှန်​ရာတွင် သွေးမြေကျသည်​အထိ မခုခံကြရ​သေးပေ။


ဒုက္ခဆင်းရဲတို့​ဖြင့် စမ်းသပ်ခြင်း​ကို အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် မင်္ဂလာ​ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ​သည် ထို​စမ်းသပ်ခြင်း​ကို အောင်မြင်​သောအခါ ဘုရားသခင်​ကို ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် အသက်​ဆုသရဖူ​ကို ရမည်​ဖြစ်သောကြောင့်​ပင်။


ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေ​ကိုလည်း ရရှိစေတော်မူ၏။ ဤ​အမွေ​ကို သင်တို့​အတွက် ကောင်းကင်ဘုံ​၌ ထိန်းသိမ်းထား၏။


သို့ပြုလျှင် သိုးထိန်းကြီး​ပေါ်ထွန်းတော်မူ​သောအခါ မမှေးမှိန်သော​ဘုန်းအသရေ​ရှိသည့် ဆုသရဖူ​ကို သင်တို့​ရရှိကြ​လိမ့်မည်။


အသိပညာ​၌ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​ကို​လည်းကောင်း၊ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​၌ သည်းခံခြင်း​ကို​လည်းကောင်း၊ သည်းခံခြင်း​၌ ဘုရားတရား​ကိုင်းရှိုင်းခြင်း​ကို​လည်းကောင်း၊


သင်​ခံစားရမည့်​ဆင်းရဲဒုက္ခ​ကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်​သည် သင့်​ကို စမ်းသပ်​ရန် သင်တို့​ထဲမှ တချို့​ကို ထောင်ချ​လိမ့်မည်။ သင်​သည်​ဆယ်ရက်​တိုင် ဆင်းရဲဒုက္ခ ခံရ​လိမ့်မည်။ သေသည်​တိုင်အောင် သစ္စာ​ရှိလော့။ ထိုသို့​ပြု​လျှင် အသက်​ဆုသရဖူ​ကို သင့်​အား ငါ​ပေးမည်။


ငါ​သည် မကြာမီ​လာမည်။ သင်​၏​သရဖူကို မည်သူမျှ မလုယူ​စေရန် သင်​၌​ရှိသော​ယုံကြည်ခြင်း​ကို စွဲကိုင်ထားလော့။


အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ရာဇပလ္လင်တော်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ရှေ့၌ ဝပ်တွားခယ​၍ အစဉ်​ထာဝရ​အသက်ရှင်တော်မူသော​အရှင်​ကို ကိုးကွယ်ကြ၏။ ထို​အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် မိမိတို့​၏​သရဖူများ​ကို ရာဇပလ္လင်တော်​ရှေ့​၌ ချထား​လျက်


ရာဇပလ္လင်တော်​ပတ်လည်​တွင် အခြား​ပလ္လင်​နှစ်ဆယ့်လေး​ခု​ရှိ​ပြီး အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ထို​ပလ္လင်များ​ပေါ်တွင် ထိုင်နေကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် ဦးခေါင်းများ​ပေါ်​တွင် ရွှေ​သရဖူများ​ကို ဆောင်းထားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ