Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 ထို့ကြောင့် သင်တို့​သည်လည်း သင်တို့​၏ သခင်ဘုရား​သည် မည်သည့်​နေ့​၌ ကြွလာမည်​ကို မသိကြ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 သို့​ဖြစ်​၍​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​၏ အ​ရှင်​သည်​အ​ဘယ်​အ​ခါ​ကြွ​လာ​တော်​မူ​မည် ကို​သင်​တို့​မ​သိ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 ထို ကြောင့် စောင့် နေ ကြ လော့။ အ ရှင် ကြွ လာ မည့် နေ့ ရက် ကို သင် တို့ မ သိ ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 သင်​တို့​အ​ရှင်​သည် အ​ဘယ်​အ​ချိန်​နာ​ရီ၌ ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 သို့ဖြစ်၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​သခင်​သည် မည်သည့်​နေ့ရက်​၌​ကြွလာ​မည်​ကို သင်​တို့​မ​သိ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 သင်​တို့​အ​ရှင်​သည် အ​ဘယ်​အ​ချိန်​နာ​ရီ၌ ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:42
17 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​အရာများ​သည် မည်သည့်​နေ့ရက်၊ မည်သည့်​အချိန်နာရီ​၌ ဖြစ်ပျက်​လာမည်​ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံ​ရှိ ကောင်းကင်တမန်များ​လည်း မသိ။ သားတော်​လည်း မသိ။ ခမည်းတော်​တစ်ပါးတည်း​သာလျှင် သိတော်မူ၏။


အကယ်၍ အိမ်ရှင်​သည် သူခိုး​လာမည့်​အချိန်​ကို အတိအကျ​သိထား​လျှင် သူ​သည် သတိ​နှင့်​စောင့်နေ​လျက် မိမိ​အိမ်​ကို ဖောက်ထွင်းခွင့်​ပြုမည်​မဟုတ်ကြောင်း​ကို သင်တို့​သိကြ၏။


ထို့ကြောင့် လူသား​သည် သင်တို့ မထင်မှတ်ထားသော​အချိန်​တွင် ကြွလာမည်​ဖြစ်​၍ သင်တို့​သည်လည်း အဆင်သင့်​ရှိနေကြလော့။


ပညာသတိမဲ့သော အပျိုရံတို့​သည် ဆီ​ဝယ်​ရန် သွားနေကြ​စဉ် သတို့သား​ရောက်လာ၏။ အဆင်သင့်​ရှိနေသော အပျိုရံတို့​သည် သတို့သား​နှင့်အတူ မင်္ဂလာဆောင်ပွဲ​သို့ ဝင်သွား​ပြီးနောက် တံခါး​သည်လည်း ပိတ်လေ၏။


သို့ဖြစ်၍ သင်တို့​သည်လည်း သတိ​နှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါ​ပြန်လာမည့် နေ့ရက်​နှင့် အချိန်​နာရီ​ကို သင်တို့​မသိ​သောကြောင့်​ဖြစ်၏။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့​မှ လွတ်မြောက်ရေး​အတွက် အားအင်​ရရှိ​ရန်​နှင့် လူသား​ရှေ့တော်မှောက်​တွင် ရပ်​နိုင်ရန် အချိန်​တိုင်း ဆုတောင်း​၍ သတိ​နှင့်​နေကြလော့” ဟု မိန့်တော်မူ၏။


သင်တို့​သည် ယခု​လက်ရှိ အချိန်အခါ​ကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာ​မှ နိုးထ​ရမည့်​အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်​သည် ကျွန်ုပ်တို့ စတင်​ယုံကြည်ခဲ့သည့် အချိန်​က​ထက် ပို၍ နီးကပ်လာ​သောကြောင့် ဖြစ်၏။


သတိ​ဝီရိယ​ရှိကြလော့။ ယုံကြည်ခြင်း​၌ ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ သတ္တိ​ရှိကြလော့။ အားတင်းထားကြလော့။


ထို့ကြောင့် မယုံကြည်သူ​များ အိပ်ပျော်​သကဲ့သို့ အိပ်ပျော်​မနေဘဲ နိုးကြား​၍ တည်ကြည်​လျက် သတိ​နှင့် စောင့်ကြစို့။


အရာ​အားလုံး​၏ နောက်ဆုံးချိန်​သည် နီးကပ်လာ​သောကြောင့် ဆုတောင်း​နိုင်ရန်​အတွက် မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​ရှိကြလော့။


မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​နှင့် စောင့်ကြလော့။ သင်တို့​၏ ရန်သူ​ဖြစ်သော မာရ်နတ်​သည် ဟိန်းဟောက်သော​ခြင်္သေ့​ကဲ့သို့ ဝါးမျိုရမည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။


“ကြည့်လော့။ သူခိုး​ကဲ့သို့ ငါ​လာမည်။ သို့ဖြစ်၍ အဝတ်​မပါဘဲ သွားလာ​သဖြင့် အရှက်ကွဲခြင်း​မျိုး မဖြစ်​စေရန် မိမိ​၏ အဝတ်​ကို အသင့်​ဝတ်ဆင်​လျက် နိုးကြားနေသောသူ​သည် မင်္ဂလာရှိ၏။”


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ