၁ ပေ 5:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း8 မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 သ တိ ရှိ လျက် စောင့် နေ ကြ လော့။ သင် တို့ ရန် ဘက် မာရ် နတ် သည် ဟောက် လျက် နေ သော ခြင်္သေ့ ကဲ့ သို့ ဖမ်း စား ရ မည့် သူ ကို ရှာ ဖွေ လှည့် လည်၍ နေ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ထို့ကြောင့် ကောင်းကင်ဘုံနှင့် ကောင်းကင်ဘုံ၌ စံမြန်းသောသူတို့… ရွှင်လန်းဝမ်းမြောက်ကြလော့။ သို့သော် ဤကမ္ဘာမြေကြီးနှင့် ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မိမိ၌ အချိန်အနည်းငယ်သာ ရှိကြောင်းကို သိ၍ ဒေါသကြီးစွာ သင်တို့ထံသို့ ဆင်းလာသောကြောင့်ဖြစ်၏” ဟု ပြောသည်ကို ကျွန်ုပ်ကြားရ၏။