တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများအပေါ် ကိုယ်တော်၏လက်တော်တင်၍ ဆုတောင်းပေးစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။
တမန်တော်ဝတ္ထု 9:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။ Common Language Bible ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။- Garrad Bible အာ န နိ ထွက် သွား၍ ထို အိမ် သို့ ဝင် ပြီး လျှင် လက် တင် လျက် ညီ ရှော လု၊ ခ ရီး အ ကြား ထင် ရှား တော် မူ ခဲ့ သော ယေ ရှု အ ရှင် ဘု ရား သည် သင့် မျက် စိ မြင် ပြန် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် စေ ရန် ငါ့ ကို စေ လွှတ် တော် မူ လိုက် ပြီ ဟု ဆို လျှင် ဆို ချင်း၊ Judson Bible အာနနိသည်လည်း သွား၍ အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိ မြင်ပြန်စေခြင်းငှာလည်းကောင်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း ငါကိုစေခန့်တော်မူသည်ဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။ |
တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများအပေါ် ကိုယ်တော်၏လက်တော်တင်၍ ဆုတောင်းပေးစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။
“အကျွန်ုပ်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ကျန်းမာ၍ အသက်ရှင်နိုင်ရန် အရှင်သည် ကြွလာ၍ သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု အနူးအညွှတ်တောင်းပန်လေ၏။
ထိုသူတို့၏ မယုံကြည်နိုင်ခြင်းကြောင့် ဖျားနာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်၍ ကျန်းမာစေခြင်းမှအပ ထိုဒေသ၌ အခြားအံ့ဖွယ်တန်ခိုးတို့ကို ပြတော်မမူနိုင်ပေ။
မာရိနှုတ်ဆက်သောအသံကို ဧလိရှဗက်ကြားသောအခါ သူ၏ဗိုက်ထဲ၌ ရှိသောကလေးသည် လှုပ်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်
သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍ အနာဂတ်ကို ဟောပြောသည်မှာ
အို သူငယ်… သင်သည် အမြင့်မြတ်ဆုံးသောဘုရားသခင်၏ပရောဖက်ဟု အခေါ်ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ခရစ်တော်ကြွလာရာလမ်းကို ပြင်ဆင်ပေးရမည့်သူဖြစ်၏။
သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် သင်တို့အတွက် မွေးဖွားလာတော်မူပြီ။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ထို့နောက် အစာရှောင်၍ ဆုတောင်းလျက် ထိုသူတို့အပေါ် လက်တင်ပြီးနောက် စေလွှတ်လိုက်ကြ၏။
တပည့်တော်များသည်လည်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိကြ၏။
ပေါလုသည် သူတို့အပေါ် လက်ကိုတင်သောအခါ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သဖြင့် သူတို့သည် အမျိုးမျိုးသောဘာသာစကားများကို ပြောလျက် ပရောဖက်ပြုကြ၏။
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
ဤအကြောင်းကို ကြားသောအခါ သူတို့သည် ဘုရားသခင်အားချီးမွမ်းကြ၏။ ထို့နောက် ပေါလုအား “ချစ်ရသောညီ… ထောင်ပေါင်းများစွာသောဂျူးတို့သည် ယုံကြည်လာကြ၍ သူတို့အားလုံးသည် မောရှေ၏ပညတ်ကျမ်းကို လေးလေးနက်နက်လိုက်နာသောသူများ ဖြစ်ကြသည်ကို သင်သိမြင်၏။
ထိုအခါ အကျွန်ုပ်က ‘သခင်… ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ ဟု မေးလျှောက်ပါ၏။ သခင်ဘုရားက ‘ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသောယေရှုဖြစ်၏။
ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။
ထိုသူတို့ကို တမန်တော်များရှေ့တွင် ရပ်စေကြ၏၊ တမန်တော်တို့သည်လည်း ဆုတောင်းပေးကာ ထိုသူတို့အပေါ် လက်တင်ကြ၏။
ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် ထိုသူတို့အပေါ် လက်တင်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြ၏။
ချက်ချင်းပင် ငါးအကြေးခွံကဲ့သို့သော အရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ မျက်စိပြန်မြင်လေ၏။ ထိုအခါ သူသည် ထ၍ နှစ်ခြင်းမင်္ဂလာ ခံယူပြီးနောက်
ထို့ကြောင့် ခရစ်တော်သည် သင်တို့ကို လက်ခံကြိုဆိုတော်မူသကဲ့သို့ သင်တို့သည်လည်း ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန် အချင်းချင်း လက်ခံကြိုဆိုကြလော့။
ပထမဦးဆုံးလူသည် မြေကြီးက ဖြစ်လာသောကြောင့် မြေကြီးသားဖြစ်၏။ ဒုတိယလူမှာ ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။
နောက်ဆုံးတွင် အချိန်မတန်ဘဲ မွေးလာသောသူကဲ့သို့ဖြစ်သည့် ကျွန်ုပ်အားလည်း ကိုယ်ထင်ပြတော်မူ၏။
ကျွန်ုပ်သည် လွတ်လပ်သူဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့၏သခင် ယေရှုကို မြင်ခဲ့ဖူးသူဖြစ်သည် မဟုတ်လော။ သင်တို့သည် သခင်ဘုရားအားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသောအမှုတော်မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။
ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
အသင်းတော်ခေါင်းဆောင်တစ်ဦးကို လက်တင်မင်္ဂလာပေး၍ ခန့်အပ်ရာတွင် မည်သည့်အခါမျှ အလျင်စလိုမလုပ်နှင့်။ အခြားသူတို့ အပြစ်ကျူးလွန်ရာတွင် မပါဝင်နှင့်။ မိမိကိုယ်ကိုယ် ဖြူစင်သန့်ရှင်းစေလော့။
ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။
သို့သော် ကျွန်ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်ထက် ပိုမြတ်သည့် ချစ်ရသောညီအစ်ကိုကဲ့သို့ရှိနေရန် ဆိုလို၏။ သူသည် အထူးသဖြင့် ကျွန်ုပ်အတွက်လည်း ချစ်ခင်ရသောညီအစ်ကိုကဲ့သို့ ဖြစ်၏။ သင့်အတွက်မှာမူ ကျွန်ကဲ့သို့လည်းကောင်း၊ သခင်ဘုရားကို ယုံကြည်ကြသောညီအစ်ကိုကဲ့သို့လည်းကောင်း ပို၍ ချစ်ခင်ရသောသူဖြစ်၏။
နှစ်ခြင်းမင်္ဂလာ၊ လက်တင်မင်္ဂလာပေးခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၊ ထာဝရတရားစီရင်ခြင်း စသည့် အခြေခံသွန်သင်ချက်တို့၌ ထပ်မံအခြေမပြုဘဲနေကြစို့။
ကျွန်ုပ်တို့၏ ချစ်ရသောညီအစ်ကိုပေါလုသည်လည်း ကျွန်ုပ်တို့၏သခင်ဘုရားပေးတော်မူသော ဉာဏ်ပညာဖြင့် သင်တို့ထံ စာရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏သခင်ဘုရား၏ စိတ်ရှည်တော်မူခြင်းသည် သင်တို့ကယ်တင်ခံရရန် ဖြစ်ကြောင်း မှတ်ယူကြလော့။