Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ပရောဖက်ပြု​ဟောပြောခြင်း​ကြောင့် သင်းအုပ်တို့​သည် သင့်​အပေါ် လက်တင်​မင်္ဂလာပေး​သောအခါ သင်​ရရှိသော ဆုကျေးဇူး​ကို လျစ်လျူမရှုနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ပ​ရော​ဖက်​များ​မိန့်​ကြား​၍​သင်း​အုပ်​များ​က သင့်​အား​သိက္ခာ​တင်​မင်္ဂ​လာ​ပေး​ချိန်​တွင် သင်​ခံ ယူ​ရ​ရှိ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​လျစ်​လူ မ​ရှု​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဥ က္က ဋ္ဌ တို့ လက် တင် ခြင်း နှင့် တ ကွ ပ ရော ဖက် တို့ ဟော ချက် အား ဖြင့် သင် ခံ စား ရ သော ဆု ကျေး ဇူး တော် ကို လျစ် လျူ မ ရှု နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ဗျာ​ဒိတ်​တော်​ကို ခံ၍၊ သင်း​အုပ်​များ​တို့​သည် လက်​တင်​ခြင်း​နှင့်​တ​ကွ၊ သင်၌​အပ်​ပေး​သော ဆု​ကျေး​ဇူး​ကို မ​ပြု​စု​ဘဲ​မ​နေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အသင်းတော်​အကြီးအကဲ​များ​၏​လက်​တင်​ခြင်း​နှင့်တကွ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့် သင့်​အပေါ်​ပေးအပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေးဇူး​ကို လျစ်လျူ​မ​ရှု​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:14
18 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​ဆုံးဖြတ်ခဲ့သည့်​အတိုင်း ထို​ထောက်ပံ့ငွေ​ကို ဗာနဗ​နှင့် ရှောလု​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲများ​ထံသို့ ပို့လိုက်ကြ၏။


ထို့နောက် အစာရှောင်​၍ ဆုတောင်း​လျက် ထို​သူတို့​အပေါ် လက်တင်​ပြီးနောက် စေလွှတ်လိုက်ကြ၏။


ပေါလု​သည် သူတို့​အပေါ် လက်​ကို​တင်​သောအခါ သန့်ရှင်းသော​ဝိညာဉ်တော် သက်ရောက်​သဖြင့် သူတို့​သည် အမျိုးမျိုးသော​ဘာသာစကားများ​ကို ပြော​လျက် ပရောဖက်ပြုကြ၏။


ယဇ်ပုရောဟိတ်မင်း​နှင့် တရားလွှတ်တော်​အကြီးအကဲ​အားလုံး​က ဤ​အကြောင်းအရာများ မှန်ကန်ကြောင်း သက်သေခံ​ပေးနိုင်ကြ၏။ ကျွန်ုပ်​သည် ဒမတ်စကပ်မြို့​တွင် ရှိသော​ဂျူး​ညီအစ်ကိုများ​ထံသို့ ရေးပေးလိုက်သော​စာများ​ကိုလည်း သူတို့​ထံမှ ရယူ၏။ ထိုမြို့​၌ ရှိသော​သူတို့​ကိုလည်း ဖမ်းဆီး​၍ ဂျေရုဆလင်မြို့​သို့ ခေါ်ဆောင်လာ​ကာ အပြစ်ဒဏ်ပေး​ရန်​အတွက် ဒမတ်စကပ်မြို့​သို့ ထွက်သွားခဲ့၏။


ထို​သူတို့​ကို တမန်တော်များ​ရှေ့​တွင် ရပ်စေကြ၏၊ တမန်တော်တို့​သည်လည်း ဆုတောင်းပေး​ကာ ထို​သူတို့​အပေါ် လက်တင်ကြ၏။


ထို့နောက် ပေတရု​နှင့်​ယောဟန်​တို့​သည် ထို​သူတို့​အပေါ် လက်​တင်​သောအခါ သူတို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​ကို လက်ခံရရှိကြ၏။


သန့်ရှင်းသော​ဝိညာဉ်တော်​၏ အရှိန်​ကို မငြိမ်းစေကြနှင့်။


ကျွန်ုပ်​၏​သား တိမောသေ… ယခင်က သင့်​ကို ရည်စူး​၍ ပရောဖက်တို့​ဟောပြောခဲ့သော အရာများ​ကို အခြေခံ​၍ သင့်​ကို ကျွန်ုပ်​ညွှန်ကြားလိုက်၏။ ထို​ဟောပြောချက်များ​ကို လိုက်နာခြင်း​ဖြင့် တိုက်ပွဲ​ကို ကောင်းစွာ တိုက်ခိုက်​နိုင်ရန် ဖြစ်၏။


သင်​၏​တိုးတက်မှု​ကို လူတိုင်း​မြင်ရ​စေရန် ထို​အရာများ​ကို စိတ်ရော​ကိုယ်ပါ အားထုတ်​လုပ်ဆောင်လော့။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


သက်သေ​နှစ်ဦး၊ သုံးဦး​မရှိ​လျှင် သင်းအုပ်​အပေါ် စွပ်စွဲခြင်း​ကို လက်မခံနှင့်။


အသင်းတော်​ခေါင်းဆောင်​တစ်ဦး​ကို လက်တင်​မင်္ဂလာပေး​၍ ခန့်အပ်​ရာတွင် မည်သည့်​အခါမျှ အလျင်စလို​မလုပ်နှင့်။ အခြား​သူတို့ အပြစ်ကျူးလွန်ရာ​တွင် မပါဝင်နှင့်။ မိမိ​ကိုယ်ကိုယ် ဖြူစင်သန့်ရှင်း​စေလော့။


ယုံကြည်ခြင်း​ဆိုင်ရာ တိုက်ပွဲကောင်း​ကို တိုက်​၍ ထာဝရ​အသက်​ကို အရ​ယူလော့။ ထာဝရ​အသက် ရ​ရန် ဘုရားသခင်​သည် သင့်​ကို ခေါ်တော်မူပြီး သင်​သည်လည်း ခရစ်တော်​ကို ယုံကြည်ကြောင်း သက်သေ​များစွာ​ရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။


ထို့ကြောင့် သင့်​အပေါ် ကျွန်ုပ်​လက်တင်​စဉ်က ဘုရားသခင် သင့်​အား ပေးတော်မူသော ဆုကျေးဇူး​ကို ပြန်လည်​တောက်လောင်​စေရန် လှုံ့ဆော်လော့​ဟု ကျွန်ုပ်​သတိပေး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ